top of page

Parfums de Marly Herod Eau de Parfum for Men 125ml - K 829,000 (In stock)

Business executive တွေ၊ လုပ်ငန်းရှင် တွေနဲ့ လုံးဝ လိုက်ဖက်တဲ့ Niche ရေမွှေး

🌿 သူ့အနံ့က ဘယ်လိုရှိလဲ?

Herod ကို ပြောလိုက်တာနဲ့ လူတွေ ပြေးမြင်တာက "tobacco" နဲ့ "ဗနီလာ" ပါ။

​သူ့ရဲ့ Note တွေကို အလွှာလိုက် ကြည့်ကြည့်ရအောင်။

​Top Notes ဖွင့်ဖွင့်ချင်းမှာ Cinnamon ရဲ့ အချို၊ အစပ်နံ့ကို Pepperwood™ အနံ့က ပံ့ပိုးပေးထားတယ်။ တော်တော်လေး ဆွဲဆောင်မှုရှိပြီး အာရုံစိုက်ခံရတဲ့ spicy အဖွင့်ပါ။

​ခဏနေရင် ဒီရေမွှေးရဲ့ ဇာတ်လိုက်ကျော်ကြီးဖြစ်တဲ့ Tobacco Leaf အနံ့ကို စရပါပြီ။ ဒါပေမဲ့ ဆေးလိပ်မီးခိုးငွေ့ညှော်တဲ့ ဆေးလိပ်နံ့ မျိုးမဟုတ်ဘဲ၊ မသောက်ရသေးတဲ့ ဆေးရွက်ကြီး (Pipe Tobacco) အနံ့ချိုချို၊ နွေးနွေးပါ။ သူ့ကို Incense ရနံ့ပါးပါးလေးက ပိုပြီး လေးနက်သွားစေတယ်။ Osmanthus ပန်းအနံ့သင်းသင်းလေးက အနံ့ကို နူးညံ့စေပြီး Labdanum က နွေးထွေးမှုကို ထပ်ပေါင်းပေးတယ်။

​နောက်ဆုံး Dry-down မှာတော့ ဗနီလာအချိုနံ့က လုံးဝ ထိန်းချုပ်သွားတယ်။ ဒါပေမဲ့ ဒီဗနီလာက ကလေးဆန်တဲ့ အချို မဟုတ်ပါဘူး။ သူ့နောက်မှာ Cedarwood၊ Vetiver တို့ရဲ့ Woody note တွေ၊ Musk ရဲ့ သန့်ရှင်းတဲ့ ဆွဲဆောင်မှု၊ ပြီးတော့ Iso E Super လို modern aroma molecule တွေက ဒီအနံ့ကို သင်းသင်းလေး ပြန့်လွင့်နေအောင် ကူညီပေးပါတယ်။

အရမ်း ဆွဲဆောင်မှုရှိတဲ့၊ နွေးထွေးပြီး ချိုမြတဲ့ Gentleman အနံ့မျိုးပါ။ "ငါမင်းတို့ရဲ့ Boss" ဆိုတဲ့ ခံစားမှုမျိုး ပေးနိုင်တဲ့ "Power Scent" တစ်ခုလို့ ပြောလို့ရပါတယ်။ လွန်လွန်ကဲကဲ မပြင်းတာလဲ သူ့ရဲ့ အားသာချက်တစ်ခုပါပဲ။ အရမ်းမပြင်းတဲ့အတွက် ပိုပြီး နေရာစုံစုံ သုံးနိုင်တဲ့အပြင် နွေဖက်မှာပါ သုံးမယ်ဆိုရင်တောင် သုံးနိုင်တဲ့ niche ရေမွှေးပါ။

🌿 Fragrantica Rating က ဘယ်လောက်လဲ?

နာမည်ကြီး ရေမွှေးသုံးသပ်တဲ့ site ဖြစ်တဲ့ Fragrantica မှာဆိုရင် သူ့ရဲ့ Rating က 5 မှာ 4.44 ရထားပါတယ် (Vote ပေးထားသူ ၉,၈၀၀ ကျော်)။ ဒါဟာ တော်တော်ကို မြင့်တဲ့ Rating ပါ။ လူကြိုက်တော်တော်များတယ် ဆိုတဲ့ သဘောပါ။

🌿 ဘယ်အချိန် သုံးရမလဲ?

// Air-Con ရုံးခန်းထဲမှာ: တစ်နေကုန် ရုံးခန်းထဲမှာပဲ အလုပ်လုပ်တယ်၊ Meeting တွေ ထိုင်တယ်ဆိုရင် လုံးဝ အဆင်ပြေပါတယ်။ 3 ချက်၊ 4 ချက်လောက်ဆို လုံလောက်ပြီ။

// ညဘက် Dinner တွေ / ပွဲတက်တွေက သူ့အတွက် အကောင်းဆုံး အချိန်ပါ။ ဟိုတယ်တွေ၊ Fine Dining စားသောက်ဆိုင်တွေမှာ လုပ်တဲ့ Business Dinner တွေ၊ မိတ်ဆုံစားပွဲတွေ၊ Bar ထိုင်တာမျိုးတွေနဲ့ ရှယ်ပဲ။

// ဆောင်းတွင်း နဲ့ မိုးတွင်းရာသီဥတု နည်းနည်းအေးတဲ့ ဆောင်းတွင်း ညနေပိုင်းတွေ၊ မိုးအေးအေး ရွာတဲ့ ညတွေနဲ့ အရမ်း လိုက်ဖက်ပါတယ်။

// နေခင်းဘက်မှာသုံးမယ်ဆိုရင်တော့ ambiance temperature ပတ်ဝန်းကျင်အပူချိန်ကို လိုက်ပြီး လိုတိုးပိုလျှော့ နည်းနည်းလေး adjust လုပ်ဖို့လိုပါတယ်။

Herod ရဲ့ဈေးက ပုံမှန်ဆိုရင် ၁၀ သိန်းကျော်တဲ့ niche brand ဖြစ်ပေမယ့် discount price နဲ့ အခုလိုရတဲ့အခါမှာ Dior, Chanel လို designer ရေမွှေးတွေလောက်ပဲ ဈေးနှုန်းရှိပါတယ်။

ဒါ့အပြင်သူ့ကို သုံးတာနဲ့ ကိုယ်ဟာ သာမန်လူတွေနဲ့မတူတဲ့ အဆင့်အတန်း (Status) နဲ့ အရသာ (Taste) ရှိသူတစ်ယောက် ဆိုတာကို ပြသပြီးသား ဖြစ်စေပါတယ်။ ဒါကို "Image" အတွက် ရင်းနှီးမြှုပ်နှံမှု တစ်ခုလို့ သဘောထားနိုင်ပါတယ်။

Made in France

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/pdm-herod

Parfums de Marly Herod Eau de Parfum for Men 125ml

K829,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page