Perry Ellis M for Men (Made in USA)
# 10ml decant (glass sprayer) - K 29,000
# 10ml decant (aluminium sprayer) - K 32,000
# 37ml decant (glass sprayer) - K 89,000
Chanel Allure for Men နဲ့ အနံ့ဆင်တဲ့ ဒီရေမွှေးလေးကတော့ ပုံမှန် Fresh ရနံ့မျိုးထက် နည်းနည်းပိုပြီး နွေးထွေးတဲ့ Character ရှိတယ်။ စစချင်းမှာ Star Anise နဲ့ Bergamot ရဲ့ အနံ့လေးတွေ ထွက်လာပြီး ခဏကြာလာတာနဲ့ Cinnamon ရဲ့ ချိုစပ်စပ်ရနံ့လေးနဲ့ Vanilla ရဲ့ နူးညံ့တဲ့အနံ့လေးတွေ ပိုပြီးပေါ်လာတယ်။
🍂 အထူးသဖြင့် Cinnamon နဲ့ Vanilla ပေါင်းထားတဲ့ ရနံ့လေးက ဒီရေမွှေးရဲ့ အဓိကဆွဲဆောင်မှုပါပဲ။
🌿 Sage နဲ့ Balsam Fir တို့ကြောင့်လည်း အချိုသက်သက်ကြီးမဖြစ်ဘဲ Aromatic ဆန်တဲ့ ရနံ့လေးပါ တွဲပြီးခံစားရတယ်။
🪵 နောက်ဆုံးမှာတော့ Tonka Bean, Cashmere Wood, White Musk နဲ့ Vetiver တို့ရဲ့ နွေးထွေးပြီး နူးညံ့တဲ့ Woody ရနံ့လေး ကျန်ခဲ့တယ်။
👔 ညဘက်အပြင်ထွက်တဲ့အချိန်၊ Dinner Date တွေ၊ အေးမြတဲ့ရာသီဥတုနဲ့ Smart Casual Outfit တွေမှာ ပိုပြီးလိုက်ဖက်တယ်။
🤎 Sweet, Spicy, Vanilla နဲ့ Woody ရနံ့မျိုးတွေကို ကြိုက်တတ်ပြီး ခပ်နွေးနွေး Masculine Scent မျိုးရှာနေသူဆိုရင် ဒီ Perry Ellis m လေးကို စိတ်ဝင်စားမိမှာပါ။
တစ်ခါတလေ လူတစ်ယောက်ကို မှတ်မိစေတာက သူ့ရဲ့စကားသံမဟုတ်ဘဲ သူ့ဆီက ရနံ့လေးတစ်ခု ဖြစ်နေတတ်တယ်။ ဒီရေမွှေးလေးကလည်း အဲဒီလို နွေးထွေးပြီး မှတ်မိလွယ်တဲ့ ရနံ့မျိုးပါ။
10ml / 37ml decant တွေပဲ ရပါတော့မယ်
Product link - https://www.yangonbrandedperfume.com/product-page/perry-ellis-m
// Decant ဆိုတာက ကျွန်တော်တို့ဆီမှာရောင်းတဲ့ 100ml, 200ml စတဲ့ ပုလင်းအကြီး (Full-size Original Bottle) တွေထဲကနေ ပမာဏနည်းနည်းကို ပုလင်းအသေးလေးတွေ (ဥပမာ 10ml, 37ml) ထဲ ပြန်ခွဲထည့်ထားတာကို ခေါ်တာပါ။
💡 Decant တွေကို ဘာလို့သုံးသင့်လဲ?
✔️ ပုလင်းအကြီး မဝယ်ခင် အနံ့ကိုအရင် စမ်းသုံးကြည့်လို့ရတယ်။
✔️ အိတ်ထဲ၊ အိတ်ကပ်ထဲထည့်ပြီး သယ်သွားရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်။
✔️ ဈေးကြီးတဲ့ရေမွှေးတွေကို ဈေးသက်သက်သာသာနဲ့ စမ်းသုံးခွင့်ရတယ်။
❗သိထားသင့်တဲ့ အချက်လေးတွေ
👉 Original ဘူးခွံ၊ ပုလင်းလှလှလေးတွေ မပါတဲ့အတွက် လက်ဆောင်ပေးဖို့တော့ အဆင်မပြေပါဘူး။
👉 ကိုယ်တိုင်စမ်းသုံးဖို့ (testing) ဒါမှမဟုတ် အလွယ်တကူ ပေါ့ပေါ့ပါးပါးသုံးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 29,000Price
bottom of page
