Business executive တွေအတွက် အထူးသင့်လျော်ပြီး လာမယ့်ဆောင်းရာသီအငွေ့အသက်နဲ့ပါ လိုက်ဖက်မယ့် Ralph Lauren Polo 67 Eau de Parfum for Men
ဒီရေမွှေးက ၂၀၂၅ ခုနှစ်မှထွက်ထားတဲ့ new release ဖြစ်ပြီး လက်ရှိ Fragrantica မှာ Rating 4.4/5 ထိ ရရှိထားပါတယ်။ (Vote ပေးသူ 1,000 ကျော်ရှိတဲ့အထဲမှာ ဒီလောက်ရတာ မဆိုးဘူးလို့ ပြောလို့ရပါတယ်)
🌿 သူ့ရဲ့ Main Accords တွေက Aromatic, Woody နဲ့ Citrus ဘက်ကိုသွားပါတယ်။
🌿 စဖြန်းလိုက်ရင် Green Mandarin၊ Bergamot နဲ့ Cardamom (ဖာလာစေ့) ရနံ့တွေကြောင့် လန်းဆန်းပြီး Spicy ဖြစ်တဲ့ ခံစားချက်ကို ရစေပါတယ်။
🌿 ပြီးရင် Pineapple (နာနတ်သီး)၊ Lavender နဲ့ Cypress ရနံ့တွေ ထွက်လာပါတယ်။ ဒီအချက်က သူ့ကို နည်းနည်း sweet ဖြစ်စေပြီး လူကြိုက်များစေပါတယ်။
🌿 နောက်ဆုံးမှာတော့ Cedarwood, Vetiver နဲ့ Benzoin တို့ရဲ့ သစ်သားနံ့ ခပ်သင်းသင်းလေး ကျန်ခဲ့မှာပါ။
⚡ Performance
// Longevity (အနံ့ခံနိုင်မှု) က Fragrantica Vote တွေအရ "Long Lasting" နဲ့ "Moderate" ကြားမှာ ရှိပါတယ်။ အများစုကတော့ ၃ နာရီဝန်းကျင် ကနေ ၁၀ နာရီလောက်အထိ သုံးတဲ့ ပမာဏနဲ့ ပတ်ဝန်းကျင်အပူချိန်ပေါ်မူတည်ပြီး ခံတယ်လို့ ပြောကြပါတယ်။
// Sillage (အနံ့ပျံ့လွင့်မှု) ကို "Moderate" လို့ပြောလို့ရပါတယ်။ ဒါက business setting အတွက် အရမ်းအရေးကြီးပါတယ်။ ကိုယ့်ဆီက ရေမွှေးနံ့က meeting room ထဲမှာ လူတွေကို အနှောင့်အယှက်မဖြစ်စေဘဲ ယဉ်ယဉ်လေးနဲ့ classy ဖြစ်နေစေမယ့် level ပါ။
🎁 Polo 67 EDP က Citrus/Pineapple ကြောင့် လန်းဆန်းမှုကိုပေးနိုင်သလို၊ Base Note က Woody/Spicy ဖြစ်တဲ့အတွက် ဆောင်းရာသီနဲ့လည်း အထူးလိုက်ဖက်ပါတယ်။
🎁 Ralph Lauren Polo ဆိုတဲ့ brand image ကိုက smart casual နဲ့ professional ဆန်တဲ့ executive တွေနဲ့ လိုက်ဖက်မှုရှိပါတယ်။ ရနံ့က အရမ်းကြီးပြင်းရှ နေတာမျိုးမဟုတ်ဘဲ တည်ငြိမ်ပြီး ယုံကြည်မှုရှိတဲ့ပုံစံကို ပေါက်စေပါတယ်။
🎁 ရုံးတက်ချိန်မကဘူး၊ ညဘက် Dinner သွားစားတာမျိုးတွေအတွက်ပါ အဆင်ပြေစေမယ့် All-rounder တစ်လုံးပါ။
ရုံးသွားရုံးပြန်အတွက် လူကြီးလူကောင်းဆန်ဆန်၊ ခေတ်လည်းမီပြီး လူတိုင်းလက်ခံနိုင်တဲ့ ရနံ့မျိုးကို ဈေးသက်သာတဲ့ ပြင်သစ်ရေမွှေး ထဲက ရှာနေတယ်ဆိုရင် ဒီ Polo 67 EDP က လက်ရှိအချိန်မှာ အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။
Ralph Lauren Polo 67 Eau de Parfum for Men 125ml - K 329,000 (In stock)
Made in France
Sealed original retail packaging
Official website -
https://www.yangonbrandedperfume.com/product-page/polo-67
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 329,000Price
bottom of page
