top of page

Ralph Lauren Polo Deep Blue Parfum for Men 125ml Tester Packaging - K 279,000 (In stock)

Ralph Lauren ရဲ့ Polo Deep Blue Parfum က လူတိုင်းနီးပါးသိပြီးသားဖြစ်တဲ့အရင်ထွက်ခဲ့တဲ Polo Blue EDT / EDP ရဲ့ DNA ကို ပိုပြီး နက်ရှိုင်းတဲ့၊ ပိုပြီး ကြွယ်ဝတဲ့ aquatic note နဲ့ သစ်သားရနံ့တွေနဲ့ ပေါင်းထားတဲ့ aromatic aquatic ရနံ့ အမျိုးသားသုံး ရေမွှေးပါ။

မူရင်း Polo Blue ကိုလည်း ဖန်တီးခဲ့သူ Carlos Benaïm ဆိုတဲ့ Master Perfumer ကပဲ ဒီ Deep Blue parfum version ကိုလည်း ဖန်တီးထားတာပါ။

🌿 Top note က လတ်ဆတ်ပြီး ချိုမြိန်တဲ့ ရနံ့ပါ။ Green mango နဲ့ grapefruit တွေကြောင့် tropical ရနံ့လေးနဲ့ လှပတဲ့ ခံစားမှုကို ပေးပါတယ်။

ဒီအနံ့တွေကို ပိုပြီးပေါ်လွင်စေဖို့ Polo Deep Blue Parfum မှာ CristalFizz™ လို့ခေါ်တဲ့ special aroma ingredient တစ်ခုကိုပါထည့်ထားတဲ့အတွက် အစိမ်းရောင်သရက်သီးနဲ့ citrus ရနံ့တွေက ဒီရေမွှေးမှာ fizzy ဖြစ်နေသလို အရမ်းလန်းဆန်းပြီး ထူးခြားပါတယ်။

🌿 Mid note မှာတော့ cypress နဲ့ clary sage တွေကြောင့် ယောက်ျားပီသပြီး aromatic ရနံ့သင်းသင်းလေးတွေ ရပါတယ်။

ဒါပေမယ့် ဒီရနံ့ရဲ့ အဓိက ထူးခြားချက်က Deep Ocean Accord ပါ။ ဒီရနံ့က သမုဒ္ဓရာရေအနက်ကြီးမှာရနိုင်တဲ့ ဆားငန်ငန်လေးနဲ့ ဓာတ်သတ္တုရနံ့လေးတွေကို စဉ်းစားပုံဖော်ပြီးပေးပါတယ်။ Base layer မှာ musk နဲ့ patchouli တွေလဲပါပါတယ်။

✅ ဒီရနံ့က နေ့ခင်းဘက်နဲ့ ပေါ့ပေါ့ပါးပါး အခြေအနေတွေမှာ သုံးဖို့ အကောင်းဆုံးပါ။ ပင်လယ်ကမ်းခြေသွားတာ၊ အားလပ်ရက်ထွက်တာ၊ ရုံးသွားတာတွေမှာ သုံးလို့ ကောင်းပါတယ်။ ရနံ့က သိပ်မပြင်းတာကြောင့် ညဘက် / clubbing သုံးဖို့တော့ သိပ်မသင့်တော်ပါဘူး။

✅ Aquatic နံ့လေးတွေ ကြိုက်တဲ့သူတွေ၊ Polo Blue EDT ဒါမှမဟုတ် EDP ထက် ပိုပြီး နက်ရှိုင်းတဲ့ ရနံ့လေးကို လိုချင်တဲ့သူတွေအတွက် ဒီရနံ့က ကောင်းပါတယ်။ ဒါပေမယ့် beast mode ရနံ့ပြင်းပြင်းကြီး လိုချင်တယ်ဆိုရင်တော့ ဒီရနံ့က သိပ်မသင့်တော်ပါဘူး။

✅ Unique ဖြစ်တဲ့ Polo Blue ကို ကြိုက်တဲ့သူတွေအတွက် ဒီရနံ့က လန်းဆန်းပြီး နည်းနည်းပိုနက်နဲတဲ့ ရနံ့ကွဲလေးကို ပေးတာကြောင့် သုံးကြည့်ဖို့အကြံပြုပါတယ်။

✅ ပြင်သစ်ရေမွှေးဖြစ်တာရယ် / 125ml ဖြစ်လို့ဆိုဒ်ကြီးတာရယ် / tester packaging ဖြစ်လို့ ဈေးချိုတာရယ်တွေပါ စဉ်းစားလိုက်ရင် အရမ်းတန်ပါတယ်။

Fragrance Family - Fresh

Scent Type - Fresh Aquatics

Key Notes - Hawaiian Green Mango, Cypress Oil, Deep Ocean Accord

Made in France

Tester packaging ( အဖုံးပါပါတယ် )

Official website -

https://www.yangonbrandedperfume.com/product-page/polo-deep-blue

Ralph Lauren Polo Deep Blue Parfum for Men 125ml Tester Packaging

MMK 279,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page