Prada L'homme Intense Eau de Parfum for Men (In stock)
# 100ml Retail Packaging - K 489,000
# 100ml Tester Packaging - K 389,000
# 10ml decant (glass sprayer) - K 49,000
# 10ml decant (aluminium sprayer) - 51,000
# 37ml decant (glass sprayer) - K 159,000
Prada L’Homme Intense ရဲ့ အဓိကရနံ့ကတော့ Iris ရနံ့လွှမ်းတဲ့ oriental ရေမွှေးအမျိုးအစားပါ။ မူလ Prada L’Homme EDT ထက် ပိုပြီး ပြင်းရှရှ နက်ရှိုင်းတဲ့ ခံစားမှုကိုပေးပါတယ်။ မူလဗားရှင်းက သန့်ရှင်းတယ်၊ ဆပ်ပြာရနံ့လို ကြည်တယ်ဆိုရင် Intense ဗားရှင်းကတော့ ပိုနက်ရှိုင်း၊ ပိုမှောင်ပြီး ပိုပြီးတော့ ချောမွေ့ပါတယ်။ Full-bodied composition မို့ ပြည့်ဝတဲ့ ခံစားမှုကိုပေးပါတယ်။
🌿 Fragrance Notes
Top Notes - Iris (အိုင်းရစ်ပန်း), Amber (ပယင်း)
Heart Notes - Patchouli, Tonka Bean (တုံကာစေ့)
Base Notes - Leather, Sandalwood (စန္ဒကူး)
စဖြန်းလိုက်တာနဲ့ ပိုးသားလိုနူးညံ့တဲ့ Iris ပန်းရနံ့ကို တန်းသိသာစေမှာပါ။ Prada ရဲ့ Iris က ဘယ်တော့မှ ပေါင်ဒါနံ့လို ခပ်ကြမ်းကြမ်းမဖြစ်သွားပါဘူး။ ချောမွေ့တယ်၊ တောက်ပြောင်တယ်၊ liquid လိုမျိုး အိစက်နေပြီး အကောင်းဆုံး orris butter ကို သုံးထားသလို ခံစားရစေပါတယ်။
ဒီ Iris ကို ထူးခြားစေတာကတော့ ပယင်းရနံ့ (amber) နဲ့ တွဲစပ်ထားတာပါပဲ။ ချိုအီတဲ့အစေးရနံ့မျိုးမဟုတ်ဘဲ နွေးထွေးတဲ့ ခံစားချက်ကိုပေးပြီး ရေမွှေးရဲ့ အဓိကရနံ့ကို ညင်ညင်သာသာနဲ့ လွှမ်းခြုံထားပါတယ်။
ဒါက လန်းဆန်းတဲ့ citrus ရနံ့နဲ့ စတင်တာမျိုး မဟုတ်သလို၊ အားနဲ့ ပွင့်ထွက်လာတဲ့ ရနံ့မျိုးလည်း မဟုတ်ပါဘူး။ အဲ့ဒီအစား၊ ဈေးကြီးတဲ့ ဝတ်စုံတစ်စုံလိုမျိုးပဲ သူ့ကိုယ်သူ အေးအေးဆေးဆေး introduce လုပ်ပါတယ်။ တိတ်ဆိတ်တယ်၊ သပ်ရပ်တယ်၊ ဒါပေမဲ့ အနားကပ်လာတဲ့အခါမှာတော့ သတိထားမိစေမှာ အသေအချာပါပဲ။
ရေမွှေးရနံ့ တဖြည်းဖြည်း ပြောင်းလဲလာတဲ့အခါမှာတော့ patchouli နဲ့ tonka bean ရနံ့တွေက ရှေ့ကိုထွက်လာပါတယ်။ ဒီမှာသုံးထားတဲ့ patchouli က သန့်ရှင်းပြီး ခေတ်မီတယ်။ Tonka ကတော့ မသိမသာလေး ချိုမြိန်တဲ့ရနံ့ကို သယ်လာပေးတယ်။ ဗနီလာလိုမျိုး၊ ခရင်မ်လိုမျိုး နူးညံ့ပေမဲ့ ထိန်းချုပ်ထားတဲ့ အချိုဓာတ်ပါပဲ။ အချိုရနံ့ပါပေမဲ့ လွန်ကဲမနေပါဘူး။
ဒီအလယ်ရနံ့အဆင့်က ဆွဲဆောင်မှုအရှိဆုံးအပိုင်းပါပဲ။ သူက ကျော့ရှင်းရုံသက်သက်မဟုတ်တော့ဘဲ၊ ညို့ဓာတ်ပြင်းလာပါပြီ။ ဒါပေမဲ့ Prada ရဲ့ ဘာသာစကားမှာတော့ ညို့ယူဖျားယောင်းခြင်းဆိုတာ ဘယ်တော့မှ ကြမ်းရှပြင်းမနေပါဘူး။ Subtle seduction ပါ။
Base note ကတော့ ကျွန်တော်အကြိုက်ဆုံးအပိုင်းပါပဲ။ ဒီအဆင့်မှာ လယ်သာရနံ့က ပိုပြီးတော့ သိသာလာပါတယ်။ ဇိမ်ခံကားတစ်စီးရဲ့ အတွင်းခန်းလို တောက်ပြောင်နေတဲ့ ရနံ့မျိုးပါ။ စန္ဒကူး (sandalwood) ကတော့ base note ကို ပိုပြီးချောမွေ့စေပြီး patchouli ရဲ့ ထက်ရှမှုကို ညီသွားအောင် ကူပေးပါတယ်။
🌀 Performance & Usage
Longevity က ဘယ်လောက်သုံးလဲပေါ် မူတည်ပြီး ၄ နာရီ ကနေ ၆ နာရီ လောက်ထိပဲရပါတယ်။ ထုံးစံအတိုင်းပဲ အခန်းထဲမှာ ပိုကောင်းပါတယ်။
Projection အလယ်အလတ်ပါပဲ။ ကျွန်တော့်အတွက်တော့ မပြင်းလွန်းပါဘူး။ ဒါက တခြား တွေလိုပဲ ယဉ်ကျေးတဲ့ office safe scent အမျိုးအစားဖြစ်လို့ longevyအရမ်းများတာ sillage ပြင်းတာကြိုက်ရင် မဝယ်ပါနဲ့။
// ညနေခင်းတွေနှင့် အေးတဲ့နေရာတွေ ရုံးခန်းတွေအတွက် သင့်ပါတယ်
// Date night တွေ / အရေးကြီးတဲ့ အစည်းအဝေးတွေ / ဦးစားပေး client တွေနဲ့တွေ့တော့မည့် အခါတွေ / ဉာဏ်ရည်ထက်ထက်မြက်မြက်ရှိပြီး ဆွဲဆောင်မှုရှိတယ်လို့ image မျိုး ရစေချင်တဲ့ အချိန်အခါတွေမှာလဲ သင့်တော်ပါတယ်
သူက Dior Homme Intense နဲ့ ရနံ့အုပ်စုတူတူထဲမှာ ရှိနေပေမဲ့ Prada ရဲ့ ပုံစံက ပိုပြီးသန့်ရှင်းတယ်၊ ပိုပြီးတော့ ရှင်းလင်းပြတ်သားတယ်၊ ပိုပြီးတော့ artisan fragrance ဆန်ပါတယ်။ Dior က ချိုမြိန်တဲ့ပန်းရနံ့တွေနဲ့ ဆွဲဆောင်မှုဘက်ကို ပိုအားသာပြီး Prada ကတော့ သိမ်မွေ့တယ်၊ intelligent ဖြစ်တယ်၊ ဒါပေမဲ့ ငြင်းလို့မရအောင် ဆွဲဆောင်မှုရှိနေတုန်းပါပဲ။
Prada L’Homme Intense က form နဲ့ structure ပိုင်းမှာ တကယ့်ကို အောင်မြင်မှုတစ်ခုပါပဲ။ သူက niche minimalism ရနံ့ထွက်တဲ့ designer ရေမွှေးတစ်မျိုးပါ။ ရှင်းလင်းတယ်၊ ရည်မှန်းချက်ပြတ်သားတယ်၊ ဖန်တီးမှုကလည်း အရမ်းလှပတယ်။ သူက တခြားသူတွေကို sensory overload နဲ့လွှမ်းမိုးဖို့မကြိုးစားပါဘူး။ သူ့ရဲ့ တိကျတဲ့ formula နဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ quality ingredient တွေရဲ့နက်ရှိုင်းလှပမှုတွေနဲ့ပဲ ဆွဲဆောင်ဖို့ ကြိုးစားပါတယ်။
Iris ပန်းရနံ့၊ ဆွဲဆောင်မှုရှိတဲ့ သားရေရနံ့နဲ့ ကိုယ့်ရဲ့ second skin လို ခံစားရစေတဲ့ ရေမွှေးမျိုးကို နှစ်သက်တဲ့သူတွေအတွက်တော့ ဒါက modern classic တစ်ခုပါပဲ။
Official website -
https://www.yangonbrandedperfume.com/product-page/prada-lhomme-intense
Made in France
Sealed original retail packaging
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K489,000.00Price
bottom of page
