top of page

Prada L'homme L'eau EDT Perfume for Men 100ml - K 439,000 (In stock/ Discount item)

အကောင်းဆုံး Crisp White Shirt ရနံ့ Prada L'homme L'eau အမျိုးသားသုံး ရေမွှေး

လက်ရှိရာသီဥတုနဲ့လည်း ကိုက်ညီသလို၊ budget အရလည်း တန်တဲ့ (Safe blind-buy ဖြစ်မယ့်) Prada L'Homme L'Eau

လက်ရှိ မြန်မာနိုင်ငံရဲ့ ဇွန်လ မိုးရာသီ၊ ပူအိုက်စွတ်စိုတဲ့ အချိန်မျိုးမှာဆိုရင် ပြင်းလွန်းတဲ့ ရနံ့တွေထက် Fresh ဖြစ်ပြီး သန့်စင်တဲ့ ရနံ့မျိုးက ပိုပြီးလိုက်ဖက်ပါတယ်။

နောက်ပြီး အခုလို ဈေးတွေတက်နေတဲ့ အချိန်မျိုးမှာ ရေမွှေးတစ်ခုဝယ်ရင် နေရာတိုင်း အခြေအနေတိုင်းမှာ သုံးလို့ရတဲ့ (Versatile ဖြစ်တဲ့) အမျိုးအစားကို ရွေးချယ်တာက ပိုပြီး တွက်ခြေကိုက်ပါတယ်။

ဒီလိုအချက်တွေနဲ့ အတိအကျကိုက်ညီတာကတော့ ဒီ Prada L'Homme L'Eau လေးပါပဲ။

// Top Notes - Neroli နဲ့ Ginger

// Middle Notes - Iris နဲ့ Amber

// Base Notes - Powdery Notes, Sandalwood နဲ့ Cedar

🌿 ဒီရေမွှေးက အရမ်းကို Clean ဖြစ်ပြီး Airy ဖြစ်တဲ့ iris ရနံ့လေးပါ။

Original Prada L'Homme နဲ့ယှဉ်ရင် ပိုပြီး fresh ဖြစ်ပါတယ်။ ပထမဆုံး ဖြန်းလိုက်တာနဲ့ Neroli ရဲ့ လတ်ဆတ်မှုနဲ့ Ginger (ဂျင်း) ကနေရတဲ့ spice အငွေ့အသက် ခပ်သင်းသင်းလေးကို ရပါမယ်။

ဒီနောက်မှာတော့ Prada ရဲ့ Signature ဖြစ်တဲ့ Crisp white shirt လိုမျိုး၊ ရေချိုးပြီးကာစ သန့်ရှင်းလတ်ဆတ်တဲ့ ခံစားမှုမျိုး ရတဲ့ Iris ပန်းရနံ့က လူကို သန့်စင်ပြီး Luxury ဆန်တဲ့ ခံစားမှုကို ပေးပါတယ်။

✅ ရုံးသွား၊ ကျောင်းသွား သုံးဖို့ အထူးသင့်တော်ပါတယ်။ ပတ်ဝန်းကျင်ကို အနှောင့်အယှက်မဖြစ်စေတဲ့ (Inoffensive) ရနံ့မျိုးဖြစ်လို့ Office-safe အဖြစ်ဆုံး ရေမွှေးလို့တောင် ဆိုနိုင်ပါတယ်။

✅ အခုလို မိုးရာသီ၊ စွတ်စိုတဲ့ရာသီဥတုမှာ အီမနေဘဲ Fresh ဖြစ်နေစေပါတယ်။

Made in France

Retail packaging ( ဖြစ်လို့ အပြင်ပလတ်စတစ်အခွံတော့ မပါပါဘူး)

Official website -

https://www.yangonbrandedperfume.com/product-page/prada-lhomme-leau

Prada L'homme L'eau EDT Perfume for Men 100ml

MMK 439,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page