Prada Paradigme Eau de Parfum for Men
# 100ml တက်စတာ Packaging - K 439,000 (In stock)
# 10ml decant (glass sprayer) - K 54,000
# 10ml decant (aluminium sprayer) - K 58,000
# 37ml decant (glass sprayer) - K 179,000
ပါရာဒိုင်းမ်း လို့အသံထွက်တဲ့ ဒီရေမွှေးက အမျိုးသမီးသုံး Paradox ရဲ့ Men's version (အမျိုးသားဗားရှင်း) အဖြစ် ထွက်လာတာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာပြည်ရဲ့ ပူပြင်းတဲ့ ရာသီဥတုနဲ့လည်း အတော်လေး လိုက်ဖက်သလို၊ အခုလို စျေးနှုန်းနဲ့ အရည်အသွေး မျှတတဲ့ Designer ရေမွှေးအသစ် ရှာနေရင် ဒါက ရွေးချယ်စရာ တစ်ခု ဖြစ်လာမှာပါ။
ဒီရေမွှေးကို နဲနဲ ချိုတဲ့ fresh spicy အမျိုးအစားလို့ သတ်မှတ်ထားပြီး Note ပိုင်းကို သုံးဆင့် ခွဲခြား ခံစားရမှာ ဖြစ်ပါတယ်။
🌿 စဖြန်းလိုက်တာနဲ့ လတ်ဆတ်ပြီး ချဉ်ဖြန်းဖြန်း ဖြစ်တဲ့ Bergamot (ရှောက်သီးနွယ်ဝင် ရနံ့) ကိုရမှာ ဖြစ်ပါတယ်။ Bergamot ရနံ့က တော်တော်လေး သိသာပြီး အေးအေးလူလူနဲ့ လူတိုင်း အကြိုက်တွေ့မယ့် ရနံ့မျိုးပါ။ ထူးခြားတာက အစပိုင်းမှာတင် White Musk (ကတိုးရနံ့) ကို တွဲပေးထားလို့ သန့်ရှင်းဆန်းဆန်း ခံစားချက်ကို ပေးပါတယ်။ YSL Myself ရေမွှေးလိုမျိုး Clean & Fresh ပုံစံ ခံစားရမှာပါ။
🌿 ခဏလောက် ကြာရင်တော့ Bourbon Geranium နဲ့ Rose Geranium ရနံ့တွေ ပေါ်လာပါတယ်။ ပန်းရနံ့ (Floral) ဘက် သွားပေမယ့် ယောက်ျားဆန်ဆန် Green & Aromatic ပုံစံမျိုး ခပ်ပေါင်ဒါဆန်ဆန်လေး ဖြစ်သွားပါတယ်။ အခုနောက်ပိုင်း အမျိုးသား Designer ရေမွှေးတွေမှာ Floral Trend က တော်တော် ခေတ်စားလာတာ သတိထားမိမှာပါ။
🌿 အကြိုက်ဆုံး အပိုင်းကတော့ ဒီ dry down အပိုင်းပါပဲ။ နာရီအနည်းငယ် ကြာတဲ့အခါ Benzoin ကြောင့် နွေးထွေးပြီး အစေးဆန်တဲ့ရနံ့ (Resinous)၊ ခပ်မှိုင်းမှိုင်း Plum Blossom ရနံ့နဲ့ Guaiac Wood ရဲ့ သစ်သားရနံ့တို့ ပေါင်းစပ်သွားပြီး တကယ့်ကို ဆွဲဆောင်မှုရှိတဲ့ Comforting vibe ကို ပေးပါတယ်။
✅ ရာသီဥတုမရွေး နွေရာသီ၊ မိုးရာသီ၊ ဆောင်းဦးရာသီ သုံးလို့ရပါတယ်။ အထူးသဖြင့် အစပိုင်းက တအား Fresh ဖြစ်ပြီး Dry down က နွေးထွေးတဲ့အတွက် မြန်မာပြည်ရဲ့ လက်ရှိ ပူအိုက်တဲ့ ရာသီဥတုတွေမှာ ဖြန်းဖို့ အဆင်ပြေဆုံးပါပဲ။
✅ ပေါ့ပေါ့ပါးပါး ပွဲလမ်းတွေ၊ ရုံးတက်တဲ့အခါ၊ အပြင်သွားတဲ့အခါမျိုးမှာ အသုံးတည့်ပါတယ်။ အချိုရနံ့ သန်းတာမို့ ညဘက် Date သွားတာ ဒါမှမဟုတ် Party/Clubbing သွားရင်လည်း လုံးဝ လန်းနေမှာပါ။
✅ လူငယ်/လူလတ်ပိုင်းတွေနဲ့ ပိုလိုက်ဖက်တဲ့ Playful standard ရှိပါတယ်။ YSL Myself ထက်စာရင် ပိုပြီး Masculine (ယောက်ျားဆန်ဆန်) ဘက်ကို သွားပါတယ်။
✅ သူ့ရဲ့ boutique price က 100 ml ကို US$165 ဝန်းကျင် ရှိပါတယ်။ မြန်မာမှာတော့ လွန်ခဲ့တဲ့ ၂ လ လောက်အထိ ကို K 560,000 လောက်ရောင်းခဲ့ကြပြီး အခု Singapore မှာ discount စရပြီမို့ လေးသိန်းစွန်းလေးနဲ့ ရတာ တန် သွားပါပြီ။
🌿 ရနံ့ပိုင်းကလည်း အများကြိုက် (Mass-pleasing) ဖြစ်လို့ စွန့်စားပြီး ဝယ်ရတာမျိုး မဟုတ်ဘဲ စိတ်ချရတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါလိမ့်မယ်။
Made in France
တက်စတာ Packaging (အဖုံးပါပါတယ်)
Official website -
https://www.yangonbrandedperfume.com/product-page/prada-paradigme
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 439,000Price
bottom of page
