Giorgio Armani Acqua Di Gio Profondo Eau de Parfum for Men (In stock)
# 100ml - K 499,000
# 200ml - K 699,000
Giorgio Armani ရဲ့ Acqua di Giò ဆိုတာကတော့ အမျိုးသားသုံး ရေမွှေးလောကမှာ ဒဏ္ဍာရီဆန်ဆန် ဆရာတစ်ဆူပါပဲ။ ၁၉၉၆ က မူရင်း Eau de Toilette (EDT) နဲ့ aquatic လို့ခေါ်တဲ့ ပင်လယ်ရေရနံ့ကို လူတိုင်းသိအောင် သူကစခဲ့တာပေါ့။
၂၀၂၀ မှာ ထွက်ရှိခဲ့ပြီး မူရင်း EDT ကို ဖန်တီးခဲ့တဲ့ ရေမွှေးပညာရှင် Alberto Morillas ပဲ ပြန်ဖန်တီးထားတဲ့ Acqua di Giò Profondo Eau de Parfum ကတော့ ပင်လယ်ရဲ့ နက်ရှိုင်းမှုကို ပိုခံစားရစေဖို့ ရည်ရွယ်ပြီး မူရင်း aquatic ရနံ့ကို ပိုပြင်း၊ ပိုပြီး ကျောက်သားဆန်တဲ့ (mineralic) ခံစားမှုနဲ့ ပိုပြီး ဆန်းသစ်တဲ့ အသွင်နဲ့ ထုတ်လုပ်ခဲ့တာပါ။
Presentation
Profondo ရဲ့ ပုလင်းပုံစံက မူရင်း Acqua di Giò ပုံစံကိုပဲ ယူထားပေမယ့် မူရင်း EDT ရဲ့ မှန်သား ပုလင်းအစား နက်ပြာရောင် (Navy Blue) အရောင်တင်ထားတဲ့၊ ကိုင်လိုက်ရင် လေးလေးပင်ပင်နဲ့ တော်တော်လေး premium ဖြစ်တဲ့ ပုလင်းနဲ့ လာပါတယ်။ ဒါက ရေမွှေးရဲ့ ခံစားမှုကို packaging နဲ့ ပုံဖော်တာဖြစ်တယ်လို့ပြောလို့ရပါတယ်။ ရေမျက်နှာပြင်ရဲ့ လန်းဆန်းမှုကနေ ပင်လယ်ရဲ့ နက်ရှိုင်းမှုဆီကို ကူးပြောင်းသွားသလိုမျိုးပါ။
ရနံ့အဆင့်များ (Scent Profile)
Profondo ကို Aromatic Aquatic ရနံ့အမျိုးအစားလို့ သတ်မှတ်ပါတယ်။ ပင်လယ်ရေရနံ့ရဲ့ လန်းဆန်းမှုနဲ့ ပိုနက်ရှိုင်း၊ ပို complex ဖြစ်တဲ့ ရနံ့တွေကို ကောင်းကောင်း ဟန်ချက်ညီအောင် ပေါင်းစပ်ထားပါတယ်။
အဖွင့်ရနံ့ (Top Notes) စစဖြန်းချင်းမှာ လုံးဝ လန်းဆန်းတက်ကြွသွားစေတဲ့ ရနံ့မျိုးနဲ့ ဖွင့်လာပါတယ်။ Acqua di Giò ရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ aquatic DNA ကို ချက်ချင်းရမှာဖြစ်ပေမယ့် ဒီမှာတော့ ပိုပြင်းပြီး ဆားငန်ဓာတ်လေး ပိုပါတယ်။
အဓိကကတော့ Marine Notes (Aquozone လိုမျိုး မော်လီကျူးတွေ သုံးထားတယ်လို့ခန့်မှန်းရ) ကြောင့်ပါ။ ဒါကို လန်းဆန်းတဲ့ Green Mandarin နဲ့ ကြည်လင်တဲ့ Bergamot တို့ရဲ့ bright citrus ရနံ့တွေက ပံ့ပိုးပေးထားပါတယ်။ လန်းဆန်းတယ်၊ လှုံ့ဆော်မှုပေးတယ်၊ ပင်လယ်ရနံ့ဆိုတာ သိသာတယ်၊ ဒါပေမယ့် မူရင်းထက် ပိုပြီး mineralic ဆန်တဲ့ ဆားငန်ရေရနံ့လေး ပါဝင်ပါတယ်။
အစပိုင်း လန်းဆန်းမှုလေး ငြိမ်သွားတဲ့အခါ သင်းရနံ့ပေးတဲ့ Rosemary, Lavender, နဲ့ Cypress တို့ရဲ့ fresh herbal ရနံ့တွေက စိမ်းစိုပြီး ဆေးဖက်ဝင်အပင်လို၊ ထင်းရှူးပင်လို လန်းဆန်းမှုကို ပေးပါတယ်။
ပြီးတော့ Lentisk (Mastic) ဆိုတဲ့ ပါဝင်ပစ္စည်းက ထူးခြားပြီး နည်းနည်း resinous နံ့သန်းတဲ့ စိမ်းစိုတဲ့ရနံ့ကို ပေါင်းထည့်ပေးပါတယ်။ ဒီအလယ်ဆင့်က အပေါ်က aquatic နဲ့ အောက်က နက်ရှိုင်းတဲ့ base ကို ဆက်သွယ်ပေးပြီး ရေမွှေးကို ရိုးရိုး "blue" ရနံ့သက်သက် မဖြစ်စေဘဲ အလွှာလိုက်ခံစားမှုတွေ ထပ်ပေါင်းပေးပါတယ်။ သန့်ရှင်းတယ်၊ ယောကျာ်းဆန်တယ်၊ ကျက်သရေရှိတဲ့ ခံစားမှုမျိုး ပေးပါတယ်။
Base Notes / Dry Down က Profondo ဆိုတဲ့ နာမည်နဲ့ တကယ်လိုက်ဖက်တဲ့ အပိုင်းပါပဲ။ ရေမွှေးရနံ့ အဆုံးသတ်မှာတော့ စိုစွတ်နေတဲ့ ကျောက်ဆောင်တွေ၊ ဒါမှမဟုတ် ပင်လယ်ကြမ်းပြင်လို ခံစားရစေတဲ့ Mineral Notes တွေက သိသိသာသာ လွှမ်းမိုးလာပါတယ်။
ရေမွေးကောင်းတိုင်းမှာမပါမဖြစ်တဲ့ Patchouli က မြေကြီးရနံ့လို ခိုင်မာတဲ့ ခံစားမှုမျိုးပေးပြီး Musk က သန့်ရှင်းတဲ့ ဆွဲဆောင်မှု၊ Amber ကတော့ နွေးထွေးမှုလေးနဲ့ ရနံ့ကို ကြာရှည်ခံစေဖို့ ပံ့ပိုးပေးပါတယ်။ ဒီလို ကျောက်သားဆန်၊ မြေနံ့သင်းသင်းနဲ့ Musk ရနံ့ပါတဲ့ base က ရေမွှေးကို နက်ရှိုင်းမှုနဲ့ ပြင်းအားပေးပြီး သူ့ရဲ့ အမှတ်လက္ခဏာဖြစ်တဲ့ ရနံ့နဲ့ ကောင်းမွန်တဲ့ ကြာရှည်ခံနိုင်စွမ်းကို ရရှိစေတာပါပဲ။
Performance
Eau de Parfum (EDP) အမျိုးအစားဖြစ်တဲ့အတွက် Profondo ရဲ့ စွမ်းဆောင်ရည်က ယေဘုယျအားဖြင့် အားရစရာကောင်းပါတယ်၊ အထူးသဖြင့် aquatic အမျိုးအစား ရေမွှေးတွေထဲမှာပေါ့။
နာရီအတိအကျနဲ့ပြောဖို့ကတော့ ကိုယ့်အရေပြား၊ ပတ်ဝန်းကျင် အပူချိန်ပေါ်လည်း မူတည်ပြီး နည်းနည်း ကနေတော်တော်များများအထိ ကွာနိုင်တဲ့အတွက် လက်တွေ့မှာပြောလို့မရပါဘူး။ မူရင်း AdG EDT ထက်တော့ ဒီ Profondo ကအများကြီး သာပါတယ် ဆိုတာကတော့ သေချာပေါက်ပြောလို့ရပါတယ်။
ဘယ်အချိန်၊ ဘယ်နေရာ သုံးဖို့ ကောင်းလဲ
Profondo က တော်တော်လေး နေရာစုံသုံးလို့ အဆင်ပြေပါတယ်။ သူ့ရဲ့ လန်းဆန်းပြီး နက်ရှိုင်းတဲ့ ရနံ့ကြောင့် အောက်ပါအချိန်တွေမှာ သင့်တော်ပါတယ်။
// နေ့စဉ်သုံး (Daily Wear) - ရုံးသွား၊ အလုပ်သွား ဒါမှမဟုတ် ပုံမှန် အပြင်သွားချိန်တွေအတွက် အရမ်းကောင်းပါတယ်။
// ပူတဲ့အချိန်တွေမှာ သူ့ရဲ့ aquatic သဘာဝက အလိုက်ဖက်ဆုံး ခံစားရစေမှာပါ။ (မြန်မာပြည်လို အမြဲပူတဲ့ရာသီဥတုနဲ့ဆို နွေရာသီ၊ မိုးရာသီမှာ ကောင်းကောင်း သုံးလို့ရပါတယ်)။
// တစ်နှစ်ပတ်လုံး သုံးနိုင်ခြေ (Year-Round Potential) - သူ့ရဲ့ နက်ရှိုင်းမှုနဲ့ performance ကြောင့် အေးတဲ့ ရာသီတွေမှာလည်း သုံးလို့ အဆင်ပြေနိုင်ပါတယ်၊ အထူးသဖြင့် နေ့ခင်းပိုင်းတွေမှာပေါ့။
// နေ့ရောညပါ (Day to Evening) - အဓိကအားဖြင့် နေ့ဘက်သုံးဖို့ ပိုကောင်းတယ်လို့ လူတွေက မြင်ကြပေမယ့် သူ့ရဲ့ ကျက်သရေရှိမှုကြောင့် အထူးသဖြင့် ကိုယ့်ဆီမှာတခြားညနေပိုင်းသုံးရေမွှေး အလဲအလည်သုံးဖို့မရှိဘူးဆိုရင် ပေါ့ပေါ့ပါးပါး ညနေခင်းတွေ၊ ညပိုင်းတွေမှာလည်း ဒီရေမွှေးကိုပဲ သုံးလို့ရပါတယ်။
ဘယ်လိုလူတွေနဲ့ လိုက်ဖက်လဲ
ဒီရေမွှေးက အမျိုးသားတော်တော်များများနဲ့ လိုက်ဖက်ပါတယ်၊ အများအားဖြင့်တော့ အသက် ၂၅ နှစ်နဲ့ အထက်ပေါ့။ အောက်ပါလူတွေအတွက် ပိုပြီး ကိုက်ညီပါလိမ့်မယ်။
// မူရင်း Acqua di Giò ကို ကြိုက်တယ်၊ ဒါပေမယ့် performance ပိုကောင်းပြီး ခေတ်မီ၊ ပိုနက်ရှိုင်းတဲ့ ခံစားမှုမျိုး လိုချင်သူတွေ။
// "Blue" ဒါမှမဟုတ် aquatic ရေမွှေးတွေကို ကြိုက်တယ်၊ ဒါပေမယ့် အရမ်း ပေါပေါများများ ဖြစ်နေတဲ့ ရနံ့တွေထက် ပိုပြီး ထူးခြားမှုရှိတာ လိုချင်သူတွေ။
// နေရာစုံသုံးလို့ရတဲ့၊ အရည်အသွေးမြင့်တဲ့၊ လူအများစု ကြိုက်နိုင်ပေမယ့် ကိုယ်ပိုင်ဟန် ရှိနေသေးတဲ့ designer ရေမွှေးကောင်းကောင်း လိုချင်သူတွေ။
အားသာချက်များ
// Aquatic အမျိုးအစားကို ခေတ်မီပြီး ကျက်သရေရှိအောင် ပြန်ဖန်တီးထားတယ်။
// သူ့အမျိုးအစားထဲမှာ အနံ့စွဲချိန်နဲ့ ပြန့်လွင့်မှု အထူးကောင်းမွန်တယ်။
// Armani ဖြစ်တဲ့အတွက် အရည်အသွေးမြင့် ပါဝင်ပစ္စည်းတွေသုံးထားပြီး ရနံ့ပေါင်းစပ်မှု ချောမွေ့တယ်။
// နေရာတော်တော်များများ၊ ရာသီဥတုတော်တော်များများနဲ့ လိုက်ဖက် သုံးလို့ရတယ်။
// လူကြိုက်များနိုင်တဲ့ ရနံ့ဖြစ်ပေမယ့် ကိုယ်ပိုင် ထူးခြားမှု ရှိတယ်။
// ဘူးပုံစံက လှပပြီး premium ဖြစ်တယ်။
အားနည်းချက်များ
// Designer EDP တွေရဲ့ ထုံးစံအတိုင်း ဈေးနှုန်းကတော့ နည်းနည်းမြင့်ပါတယ်။
// တခြား ခေတ်မီ "blue" ရေမွှေးတွေ အများကြီး စုထားတဲ့သူဆိုရင် ရနံ့က နည်းနည်း ရိုးနေသလို ခံစားရနိုင်တယ်။
// သူ့ရဲ့ အဓိက လက္ခဏာဖြစ်တဲ့ mineralic ရနံ့ကို လူတိုင်း ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။
Giorgio Armani Acqua di Giò Profondo EDP ဟာ နောက်ထွက်တဲ့ designer aquatic ရေမွှေးတွေထဲမှာ တကယ်ကို ထူးချွန်ပြီး အရေးပါတဲ့ နေရာက ရှိနေဆဲပါပဲ။ Classic AdG DNA အပေါ်မှာ ကောင်းကောင်း အခြေခံတည်ဆောက်ထားပြီး ပိုနက်ရှိုင်း၊ ပိုပြင်း၊ ပိုကြာရှည်ခံတဲ့ အတွေ့အကြုံကို နေရာစုံသုံးနိုင်မှု မလျော့သွားစေဘဲ ပေးစွမ်းနိုင်ပါတယ်။
ပင်လယ်ရေရဲ့ လန်းဆန်းမှု၊ aromatic mid note နဲ့ mineralic backbone တို့ရဲ့ ပေါင်းစပ်မှုက ဆွဲဆောင်မှုရှိပြီး ခေတ်မီသလို၊ အချိန်တိုင်းမှာ ခေတ်မှီနေမယ့် ရနံ့မျိုးကို ဖန်တီးပေးထားပါတယ်။
အကယ်၍ performance ကောင်းကောင်း၊ နေရာစုံသုံးလို့ရပြီး ရိုးရိုး လန်းဆန်းတာထက် ပိုနက်ရှိုင်း၊ ပိုခံစားမှုရှိတဲ့ aquatic ရေမွှေးမျိုး ရှာနေတယ်ဆိုရင် Acqua di Giò Profondo ဟာ အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်နေဆဲဖြစ်ပြီး ၂၀၂၆ မှာလည်း designer ဈေးကွက်ရဲ့ ထိပ်တန်း ရေမွှေးတွေထဲက တစ်ခုအဖြစ် ဆက်ရှိနေပါတယ်။
Made in France
Sealed original retail packaging
Official website -
https://www.yangonbrandedperfume.com/product-page/profondo
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 499,000Price
bottom of page
