Queen Latifah Queen of Hearts Eau de Parfum decant (Made in USA)
# 10ml decant (glass sprayer) - K 24,000
# 10ml decant (aluminium sprayer) - K 27,000
# 30ml decant (glass sprayer) - K 59,000
Queen Latifah ရဲ့ Queen of Hearts ရေမွှေး က ယုံကြည်မှု၊ ဆွဲဆောင်မှုနဲ့ နွေးထွေးမှုကို ကိုယ်စားပြုတဲ့ ရေမွှေးတစ်မျိုးပါ။ ချိုတဲ့ vanilla အရသာနဲနဲပါတဲ့ ကြွယ်ဝပြီး နွေးထွေးတဲ့ rich and warm ရနံ့ဖြစ်ပြီး လူတွေကို impressed ဖြစ်စေချင်တဲ့ အမျိုးသမီးတွေအတွက် အကောင်းဆုံးပါ။
Queen of Hearts ဟာ ရဲရင့်တဲ့ spicy ရနံ့နဲ့ စပါတယ်။ Cinnamon က အဓိကနေရာယူပြီး Ruby Red ဘယ်ရီသီးရဲ့ အရည်ရွှမ်းတဲ့ ချိုမြိန်မှုနဲ့ cinnamon ရဲ့ နွေးထွေးတဲ့ရနံ့ကို မျှသွားစေပါတယ်။ Bergamot က rich ဖြစ်တဲ့ opening ကလည်း လတ်ဆတ်တဲ့ citrus ရဲ့ တောက်ပမှုနဲ့ ထိန်းပေးပါတယ်။
Opening ငြိမ်သွားတဲ့အခါ Jasmine နဲ့ Purple Freesia ရဲ့ ပန်းရနံ့ mid note က ပွင့်လာပါတယ်။ ဒီ အဖြူရောင်ပန်းတွေက နူးညံ့ပြီး ရိုမန်တစ်ဆန်တဲ့ အထိအတွေ့ကို ပေးပါတယ်။ Plum ရဲ့ အရည်ရွှမ်းတဲ့ သစ်သီးရနံ့ က ခံစားရမှုတစ်ခုလုံးကို playful and seductive ဖြစ်စေပါတယ်။
Queen of Hearts ရဲ့ base ရနံ့ကတော့ Vanilla, Patchouli နဲ့ Amber တွေရဲ့ နွေးထွေးပြီး ဆွဲဆောင်မှုရှိတဲ့ ရောစပ်မှုတစ်ခုပါ။ Incense ရဲ့ ရနံ့က မီးခိုးငွေ့ရဲ့ နက်ရှိုင်းမှုကို ထည့်ပေးပြီး ရေမွှေးကို လျှို့ဝှက်ဆန်းကြယ်ပြီး ထူးခြားတဲ့ edge တစ်ခုကို ပေးပါတယ်။ Musk က နူးညံ့ပြီး warm skin နဲ့တူတဲ့ နွေးထွေးမှုနဲ့ ဝိုင်းဝန်းထားပါတယ်။
Queen of Hearts က warm spicy gourmand ရနံ့ဖြစ်တဲ့အတွက် ညအိပ်ရာဝင်တဲ့အချိန် ညနေစောင်းအချိန် aircon ရှိတဲ့အခန်းတွေနဲ့ အေးတဲ့ရှောပင်းမောလိုမျိုးနေရာတွေမှာ ဆွဲဆောင်မှုရှိချင်တဲ့ အချိန်တွေအတွက် အကောင်းဆုံးပါ။
စွမ်းအားနဲ့ ဆွဲဆောင်မှု feminine power and seduction ကို လက်ခံတဲ့ အမျိုးသမီးတွေအတွက်ပါ။ ချိုမြိန်တဲ့ အထိအတွေ့နဲ့ နွေးထွေး spicy ဖြစ်တဲ့ ရေမွှေးတွေကို ကြိုက်ပြီး ခွန်အားနဲ့ ကျက်သရေကို ထင်ဟပ်စေတဲ့ ရေမွှေးတွေကို ခံစားတတ်ရင် Queen of Hearts က သင့်တော်ပါလိမ့်မယ်။ ပေါ့ပါးပြီး လတ်ဆတ်တဲ့ ရနံ့တွေကို နှစ်သက်သူတွေအတွက်တော့ မဟုတ်ပါဘူး။ ရဲရင့်ပြီး ခမ်းနား ပွင့်လင်း အမျိုးသမီးဆန်လွန်တဲ့ ရေမွှေးဖြစ်ပါတယ်။
ဝယ်လို့ခက်တဲ့ ရေမွှေးဖြစ်တဲ့အတွက် 10ml / 37ml decant တွေပဲရပါတော့မယ်။
Official website -
https://www.yangonbrandedperfume.com/product-page/queen-of-hearts
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 24,000Price
bottom of page
