Rihanna Rebl Fleur Eau de Parfum for Women (In stock)
@ 100ml retail packaging - K 150,000
@ 100ml tester packaging (အဖုံးမပါ) - K 125,000
@ 10ml decant (clear glass sprayer) - K 19,000
@ 10ml decant (aluminum sprayer) - K 21,000
@ 30ml decant (glass sprayer) - K 52,000
Rihanna ရဲ့ Reb'l Fleur Eau de Parfum က ဈေးနှုန်းချိုသာပြီး ထူးခြားတဲ့ ဆွဲဆောင်မှုရှိတဲ့ ရနံ့အတွက် နှစ်တွေအကြာကြီး လူကြိုက်များပြီးသား Fruity chypre အမျိုးအစား ရနံ့ရေမွှေးပါ။
Juicy fruit တွေရဲ့ရနံ့၊ creamy ဖြစ်တဲ့ ပန်းရနံ့၊ ဗနီလာ နဲ့ သစ်သားရနံ့တွေကို ရောစပ်ထားတဲ့ complex and complete ဖြစ်တဲ့ ရနံ့တစ်မျိုးပါ။ ပထမဆုံး ဝင်လာတဲ့ ရနံ့က Peach, Plum, Red Berries တွေရဲ့ ချိုမြိန်တဲ့ ရနံ့ဖြစ်ပြီးနောက်ပိုင်းမှာ Tuberose, Hibiscus, Violet တို့ရဲ့ နူးညံ့တဲ့ ပန်းရနံ့နဲ့ Coconut ရဲ့ ချောမွေ့အိသိမ့်တဲ့ရနံ့တွေ ပေါင်းစပ်လာပါတယ်။ နောက်ဆုံးမှာတော့ Vanilla, Patchouli, Musk, Amber တို့ရဲ့ နွေးထွေးပြီး ဆွဲဆောင်မှုရှိတဲ့ sweet and woody ရနံ့တွေနဲ့ ခံစားရတဲ့ warm and cosy ရနံ့ဖြစ်ပါတယ်။
Reb'l Fleur က Designer Perfume တွေလောက် ဈေးမကြီးပဲ အရည်အသွေးတူတဲ့ စိတ်ဝင်စားစရာရနံ့ဖြစ်ပါတယ်။ Celebrity ရေမွှေးတွေထဲမှာ quality ပိုကောင်းတဲ့အမျိုးအစားဖြစ်ပြီး Mugler Alien တို့ Chanel Coco Mademoiselle တို့ Lancome La Vie Est Belle တို့လိုမျိုး ချိုတဲ့ scent type ကိုကြိုက်တဲ့သူတွေ ကြိုက်လောက်ပါတယ်။ တစ်ချို့လူတွေအတွက် နဲနဲအီတယ်လို့ခံစားရနိုင်ပေမယ့် longevity က တော်တော် အဆင်ပြေတာမို့ စမ်းကြည့်သင့်ပါတယ်။
နေ့ညနေရာမရွေး ဘက်စုံသုံးနိုင်တဲ့အတွက် ရေမွှေးတစ်မျိုးပဲထားသုံးသူတွေ နေ့တိုင်းရုံးသွားကျောင်းသွားအတွက်စျေးအဆင်ပြေပြေနဲ့ အနံ့ကောင်းတဲ့ရေမွှေးလိုချင်တဲ့သူတွေကို recommend လုပ်ပါတယ်။
ရန်ကုန် လက်လီဆိုင်တစ်ချို့မှာ 7.5ml သာရှိတဲ့ mini size ကိုတောင် K 70,000 ကျော်နဲ့ရောင်းတာမို့ တွေကို အခုလို ဈေးတက်နေတဲ့ အချိန်မှာ 100ml size ကြီးတွေကို ဒီစျေးမျိုးနဲ့ ရတာ တန်တယ်လို့ ပြောရပါမယ်။
ရွေးစရာ retail packaging နဲ့ tester packaging ဆိုပြီး နှစ်မျိုးရှိပါတယ်။ လက်ဆောင်ပေးမည့်သူတွေက full presentation ဖြစ်တဲ့ retail packaging ကိုဝယ်မှအဆင်ပြေပါမယ်။ ပိုပြီးဈေးသက်သာတဲ့မှာ tester packaging မှာအဖုံးမပါ/ စက္ကူဗူး မလှပါဘူး။
နယ်က အနံ့ စမ်းချင်တဲ့ customer တွေအတွက် 10ml decant ကိုလည်းရောင်းပါတယ်။
Official website -
https://www.yangonbrandedperfume.com/product-page/r
Made in USA / Imported from USA (FragranceX New York မှ ကိုယ်တိုင်တင်သွင်းလာတာ ဖြစ်ပါတယ်)
Video review -
https://youtu.be/BmNu3D5sOFU
The fragrance is an intense and daring fruity chypre, composed of sophisticated floral notes: tuberose, violet and hibiscus, with a splash of coconut water over the light and smooth base, the combination of the final notes evokes the impression of warm skin.
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K150,000.00Price
bottom of page