top of page

Rasasi Brilliant Silver Eau de Parfum 

# 100ml sealed retail packaging - K 99,000

# 10ml decant (glass sprayer) - K 17,000

# 10ml decant (aluminium sprayer) - K 19,000

# 37ml decant (glass sprayer) - K 47,000

ရေမွှေးတွေထဲမှာ ဘယ်ရေမွှေးနဲ့မှမတူတဲ့ deep space အာကာသထဲမှာရတဲ့ရနံ့ / space craft တစ်ခုပေါ်မှာရတဲ့ရနံ့ကို imagine လုပ်ပြီးဖန်တီးထားတဲ့ မြန်မာပရိသတ်တွေအကြိုက် Master Perfumer တစ်ယောက်ဖြစ်တဲ့ Quentin Bisch ရဲ့လက်ရာ Marc Antoine Barrois Ganymede ရေမွှေးအနံ့နဲ့ ဆင်ပါတယ်။

ထူးခြားတဲ့ scent type ဖြစ်ပြီး ပန်းရနံ့ သစ်သီးရနံ့ musk ရနံ့ wood ရနံ့စတဲ့ သာမန်ရနေကြရေမွှေးတွေမှာပါတဲ့ note တွေနဲ့ ကွဲထွက်သွားတဲ့ ultra modern ဖြစ်တဲ့ fresh clean ရနံ့ပါ။

ကျား/မ မရွေးသုံးနိုင်ပြီး saffron နဲ့ လိမ္မော်ရနံ့နဲ့ အစပြုပြီး စံပယ်ပန်း (jasmine) နဲ့ ဗိုင်အိုလက်ပန်း (violet) တို့ရဲ့ ပေါ့ပါးတဲ့ ပန်းရနံ့ကို အလယ်မှာ ခံစားရမှာပါ။ နောက်ဆုံးမှာတော့ သားရေ (leather) နဲ့ cedarwood တို့ရဲ့ ကျက်သရေရှိတဲ့ ရနံ့နဲ့ အဆုံးသတ်ထားပါတယ်။ Leather နဲ့ cedarwood တွေပါပေမည့် ထည့်ပြီး blend လုပ်ထားတာ ပညာသားပါလို့ အစအဆုံး ချောမွေ့ပြီး သန့်ရှင်းသပ်ရပ်တဲ့ ခံစားမှုကို ပေးနိုင်ပါတယ်။

Niche ဆန်ဆန် scent profile ဖြစ်ပေမယ့် သုံးလို့လုံးဝမခက်တဲ့ ရေမွှေးဆိုတာပြောနိုင်ပြီး ကျပ်တစ်သိန်းအောက်ရေမွှေးတွေထဲမှာ သူနဲ့တူတာလုံးဝ လုံးဝမရှိတဲ့အတွက် တခြားသူတွေနဲ့မတူတဲ့ fresh perfume ရနံ့ကိုသုံးချင်သူတွေကို စိတ်ကျေနပ်မှုပေးနိုင်မှာဖြစ်ပါတယ်။

Unisex perfume ဖြစ်လို့ ကျား/မ မရွေး လိုက်ဖက်ညီပြီး ဘယ်သူမဆို ယုံကြည်မှုရှိရှိနဲ့ သုံးနိုင်တဲ့ ခံစားချက်ကို ပေးနိုင်ပါတယ်။ Formal dress ဝတ်ပြီး သုံးတာပဲဖြစ်ဖြစ်၊ casual dress နဲ့ပဲဖြစ်ဖြစ် စဉ်းစားစရာမလိုတဲ့ ရနံ့မျိုးဖြစ်လို့ အဆင်ပြေပါတယ်။

သုံးတဲ့အချက်ရေနဲ့ ပတ်ဝန်းကျင်အပူချိန်တွေပေါ်မူတည်ပြီး အဝတ်ပေါ်မှာ Longevity ၄ နာရီ ကနေ ၈ နာရီလောက်ရလို့ fresh ဖြစ်တဲ့ရေမွှေးတွေထဲမှာ တော်တော်လေးကြာရှည်ခံတယ်လို့ပြောနိုင်ပါတယ်။ Brilliant Silver ကို အစပိုင်းမှာ ဖွင့်သုံးတဲ့အခါ ရနံ့ပြန့်လွင့်မှုက ၄-၅ နာရီလောက်ပဲ ရှိနိုင်ပေမဲ့ လအနည်းငယ်ကြာအောင် ထားပြီးတဲ့အခါ မှာတော့ အဝတ်အစားပေါ်မှာ ၇-၈ နာရီကျော်ထိခံပြီး ရနံ့သင်းသင်းလေး ကျန်နေတဲ့အထိ စွမ်းဆောင်ရည်က သိသိသာသာ တိုးတက်လာပါတယ်။

Saffron၊ သားရေ (suede) နဲ့ cedarwood တို့ရဲ့ ပေါင်းစပ်မှုကြောင့် ဈေးကြီးတဲ့ niche perfume တစ်ခုလို ခံစားရစေပြီး တကယ်လို့ ကိုယ်က compliment ရချင်တယ်၊ အများနဲ့မတူတဲ့ ထူးခြားတဲ့ ရနံ့မျိုးကို သုံးချင်တယ်ဆိုရင် Brilliant Silver က အဲ့ဒီနှစ်ခုလုံးကို ပေးနိုင်ပါတယ်။

တခြားသူတစ်ယောက်ယောက်ကို လက်ဆောင်ဝယ်ပေးမယ်ဆိုရင်လည်း safe ဖြစ်တဲ့ရနံ့မျိုးဖြစ်ပါတယ်။

// 100ml size ပုလင်းကြီးဝယ်ချင်တဲ့ ရန်ကုန်အိမ်မှာလာဝယ်နေကျ customer တွေဆိုရင် လာနေကျအိမ်မှာ အရင်လာစမ်းပြီးမှဝယ်လို့ရပါတယ်။ Decant တွေကိုတော့ Royal Express delivery Prepaid Service နဲ့ပဲရောင်းပါတယ်။

Made in UAE

Sealed original retail packaging (for 100ml)

Official website -

https://www.yangonbrandedperfume.com/product-page/rasasi-brilliant-silver

Rasasi Brilliant Silver Eau de Parfum 100ml

K99,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page