Rihanna Rebl Fleur EDP Perfume for Women (Made in USA)
# 10ml decant (glass sprayer) - K 19,000
# 10ml decant (aluminium sprayer) - K 22,000
# 37ml decant (glass sprayer) - K 59,000
# 100ml Tester Packaging - K 125,000
Rihanna ရဲ့ Reb'l Fleur က ဈေးချိုပေမယ့် တကယ့်ကို ပွဲတိုးတဲ့ ရေမွှေးအနံ့မျိုးပါ။ သူ့အနံ့ကို တစ်ခွန်းတည်းနဲ့ပြောရရင် "Sexy & Bold" ဖြစ်တဲ့အနံ့မျိုးပါ။ အသီးနံ့၊ ပန်းနံ့နဲ့ အချိုနံ့တွေ ရောစပ်ထားတဲ့ Chypre Fruity အမျိုးအစား ဖြစ်ပါတယ်။
🌿 စစဆွတ်ချင်း Peach (မက်မွန်သီး)၊ Plum (ဇီးသီး) နဲ့ Red Berries အနံ့တွေကြောင့် ချိုချိုချဉ်ချဉ် အသီးနံ့လေးကို အရင်ရမယ်။
🌿 ခဏကြာရင် အုန်းရည် (Coconut Water) နံ့သင်းသင်းလေးနဲ့အတူ Tuberose၊ Hibiscus တို့လို ပန်းနံ့လေးတွေ ထွက်လာမယ်။ အုန်းရည်နံ့လေးက သူ့ကို Creamy ဖြစ်စေပြီး ပိုဆွဲဆောင်မှုရှိစေတယ်။
🌿 နောက်ဆုံးကျန်ခဲ့မယ့်အနံ့ Vanilla၊ Amber နဲ့ Patchouli တွေက ခပ်နွေးနွေးနဲ့ တည်ငြိမ်တဲ့ အနံ့မျိုး ကျန်ခဲ့စေပါတယ်။
🌀 Confidence ရှိတဲ့သူတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ မိန်းကလေး (သို့) "Boss Girl" Vibes လိုချင်သူတွေနဲ့ အရမ်းလိုက်ဖက်တယ်။
🌀 ဒါက Date Night သွားတာပဲဖြစ်ဖြစ်၊ Party သွားတာပဲဖြစ်ဖြစ် ညဘက်ဆွတ်ရင် ပိုပြီး Glow တဲ့အနံ့မျိုးပါ။
🌀 Longevity တော်တော်လေးခံပါတယ်။
🌀 ဈေးနှုန်းက အခြား Designer Brand တွေနဲ့ယှဉ်ရင် တန်တယ်လို့ ပြောလို့ရတယ်။
🌀 အရေးကြီးဆုံးကတော့ ဆွတ်လိုက်ရင် ဈေးကြီးတဲ့ High-end ရေမွှေးဆွတ်ထားသလို Luxury Vibes ရစေတာပါပဲ။
🌿 ချိုချိုအီအီ အနံ့မျိုးကိုမှ Sexy ဖြစ်တာမျိုး ကြိုက်တယ်၊ ဈေးလည်း သိပ်မကြီးချင်ဘူးဆိုရင် Reb'l Fleur က Blind Buy လုပ်လို့ရတဲ့အထိ ကောင်းပါတယ်။
Celebrity ရေမွှေးတွေထဲမှာ quality ပိုကောင်းတဲ့အမျိုးအစားဖြစ်ပြီး Mugler Alien တို့ Chanel Coco Mademoiselle တို့ Lancome La Vie Est Belle တို့လိုမျိုး ချိုတဲ့ scent type ကိုကြိုက်တဲ့သူတွေ ကြိုက်လောက်ပါတယ်။ တစ်ချို့လူတွေအတွက် နဲနဲအီတယ်လို့ခံစားရနိုင်ပေမယ့် longevity က တော်တော် အဆင်ပြေတာမို့ စမ်းကြည့်သင့်ပါတယ်။
Official website -
https://www.yangonbrandedperfume.com/product-page/rebl-fleur
// Decant ဆိုတာက ကျွန်တော်တို့ဆီမှာရောင်းတဲ့ 100ml, 200ml စတဲ့ ပုလင်းအကြီး (Full-size Original Bottle) တွေထဲကနေ ပမာဏနည်းနည်းကို ပုလင်းအသေးလေးတွေ (ဥပမာ 10ml, 30ml) ထဲ ပြန်ခွဲထည့်ထားတာကို ခေါ်တာပါ။
💡 Decant တွေကို ဘာလို့သုံးသင့်လဲ?
✔️ ပုလင်းအကြီး မဝယ်ခင် အနံ့ကိုအရင် စမ်းသုံးကြည့်လို့ရတယ်။
✔️ အိတ်ထဲ၊ အိတ်ကပ်ထဲထည့်ပြီး သယ်သွားရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်။
✔️ ဈေးကြီးတဲ့ရေမွှေးတွေကို ဈေးသက်သက်သာသာနဲ့ စမ်းသုံးခွင့်ရတယ်။
❗သိထားသင့်တဲ့ အချက်လေးတွေ
👉 Original ဘူးခွံ၊ ပုလင်းလှလှလေးတွေ မပါတဲ့အတွက် လက်ဆောင်ပေးဖို့တော့ အဆင်မပြေပါဘူး။
👉 ကိုယ်တိုင်စမ်းသုံးဖို့ (testing) ဒါမှမဟုတ် အလွယ်တကူ ပေါ့ပေါ့ပါးပါးသုံးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K19,000.00Price
bottom of page
