Creed Aventus Cologne နဲ့ ရနံ့ဆင်တယ်လို့ သုံးပြီးသူ 96 ယောက်က Fragrantica မှာပြောထားတဲ့ ပြင်သစ်နိုင်ငံလုပ် Reyane Tradition Insurrection II Sport 100ml ကို K 175,000 နဲ့ in stock ရပါပြီ။
စစဖြန်းလိုက်လိုက်ခြင်း fresh spicy ဖြစ်တဲ့ citrus, ginger နဲ့ orange ရနံ့တွေရမှာဖြစ်ပြီး အနည်းငယ် herbal greenish ရနံ့မျိုးလေးလဲ ရပါတယ်။ ဒီ opening မှာပါတဲ့ ginger note က sparkling ဖြစ်တဲ့ fresh ဖြစ်တဲ့ ရနံ့ဖြစ်ပါတယ်။ အသေအချာနမ်းကြည့်မယ်ဆိုရင် light aquatic ရနံ့လိုမျိုးလေးဖြစ်ပြီး အများကြီးမဟုတ်ပေမယ့် နဲနဲလေးချိုတဲ့ရနံ့လဲပါပါတယ်။ Fragrantica rating 4.36 out of 5 ရထားတဲ့အတွက် popular ဖြစ်တဲ့ရေမွှေးပါ။
Insurrection II Sport က retail price ၁၅ သိန်းကျော်တဲ့ Creed Aventus Cologne နဲ့ ရနံ့ဆင်ပေမယ့် တိုက်ရိုက်ရနံ့ကိုကူးချထားတာတော့ မဟုတ်ပါဘူး။ Aventus Cologne က ဖြန်းပြီးပြီးခြင်းသိပ်မကြာခင်မှာပဲ woody notes တွေထွက်လာပေမယ့် Insurrection II Sport ရဲ့ top note ကပိုပြီးကြာကြာခံလို့ top to base notes transition နဲနဲပိုကြာပါတယ်။ နာရီဝက်/မိနစ် ၄၀ လောက်ကြာရင်တော့ ရေမွှေး နှစ်ခုလုံးတော်တော်တူတဲ့ ရနံ့ဖြစ်သွားပါပြီ။
Insurrection II Sport က Aventus Cologne လိုပဲ fresh ဖြစ်ပါတယ် light ဖြစ်ပါတယ်။ ပူတဲ့အချိန် တော်တော်အဆင်ပြေပြေ သုံးလို့ရပါတယ်။ Aventus Cologne ကတော့ ဈေးက ၁၀ ဆလောက်ပိုများလို့ quality/longevity ပိုကောင်းတာငြင်းလို့မရပါဘူး - ဒါပေမယ့် Insurrection II Sport ကလည်း ပြင်သစ်နိုင်ငံ လုပ်ပဲ ဖြစ်တဲ့အပြင် formulate လုပ်ထားတာကောင်းတဲ့အတွက် စူးစူး ပြင်းပြင်း ဖြစ်နေတာမျိုး scent note တွေ unbalanced ဖြစ်နေတာမျိုးမရှိတဲ့ well blended perfume ဖြစ်လို့ value for money quality scent ဖြစ်ပါတယ်။
Insurrection II Sport က ပူတဲ့ဒေသတွေမှာ နေ့ခင်းဖက်သုံးဖို့ office use သုံးဖို့ casual use အဖြစ်သုံးဖို့အဆင်ပြေတဲ့ ရနံ့အမျိုးအစားဖြစ်ပါတယ်။
လက်ဆောင်ပေးဖို့အလွန်ခန့်တဲ့ ပုလင်းဒီဇိုင်း နဲ့ မြင်လိုက်ရင် မျက်နှာပန်းလှတဲ့ drawer box နဲ့ထည့်ထားတဲ့ဗူးဆိုဒ်ကြီး ဖြစ်ပြီး ဈေးသင့် ရနံ့သင်းတဲ့ နာမည်ကြီးပြီးသား ပြင်သစ်နိုင်ငံလုပ်ရေမွှေးမို့ လက်ဆောင်ပေးဖို့ ဝယ်မယ်ဆိုရင်လဲ တန်ဖိုးကြီးရေမွှေးတွေပေးသလိုမျိုး impression ရနိုင်တဲ့ packaging ဖြစ်ပါတယ်။
https://www.yangonbrandedperfume.com/product-page/reyane-tradition-insurrection-ii-sport-edt-perfume-for-men-100ml
International reviews
https://www.youtube.com/watch?v=-kGaum2rbBQ (Joy Amin)
https://www.youtube.com/watch?v=VtI_XeYqQz4 (Glam Finds)
https://www.youtube.com/watch?v=5VWGB6h8rUI (Gents Scents)
https://youtu.be/ZMZx8MAOELc?si=nHoOrZ2KYPYp_4GO (Fragrance Instinct)
Unboxing video - https://www.youtube.com/watch?v=DcGNPg7fV-I
Made in France
Imported from USA (FragranceX New York ကနေ ကိုယ်တိုင်သွင်းလာတာ ဖြစ်ပါတယ်)
Sealed original retail packaging
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K175,000.00Price
bottom of page