Roja Parfums Elysium Eau Intense Eau de Parfum for Men 100ml - K 859,000 (In stock)
Elysium Eau Intense ရေမွှေးက မူရင်း Elysium ထက် ပိုမိုကြွယ်ဝပြီး intense ဖြစ်တဲ့ရနံ့ကို ပေးနိုင်ဖို့ ဖန်တီးထားပြီး လန်းဆန်းတက်ကြွတဲ့ opening note တွေနဲ့ ခိုင်မာတဲ့ base note တွေကို ပေါင်းထားတဲ့ citrus-woody-aromatic ရနံ့ဖြစ်ပါတယ်။
🌿 ရနံ့ ပုံစံ (Scent Profile)
// Top Notes - ရေမွှေးကို စတင်ဖြန်းလိုက်ချိန်မှာ လိမ္မော်၊ Bergamot၊ ကျွဲကောသီးနဲ့ သံပုယိုသီးတွေရဲ့တောက်ပတဲ့ citrus ရနံ့တွေပွင့်ထွက်လာပါတယ်။ နေသာတဲ့ မနက်ခင်းတစ်ခုလို လန်းဆန်းတက်ကြွစေပြီး Thyme နဲ့ Galbanum တွေရဲ့ မွှေးကြိုင်တဲ့ herbal ရနံ့ နဲနဲလည်း ပါပါတယ်။
// Heart Notes - opening ရနံ့များ တဖြည်းဖြည်း ငြိမ်လာချိန်မှာ Blackcurrant၊ ပန်းသီးနဲ့ Juniper berry တို့၏ ရနံ့တွေ သင်းထွက်လာပါတယ်။ Pink pepper နဲ့ Cypress တွေရဲ့ masculine ဆန်တဲ့ ရနံ့တွေကလည်း အသီးရနံ့တွေကို အရမ်း ဖျှော့မသွားအောင် ထိမ်းထားပေးပါတယ်။ စိမ်းစိုတဲ့ တောအုပ်ကြီးထဲမှာ ရနိုင်တဲ့ရနံ့မျိုးတွေဖြစ်တဲ့ Vetiver နဲ့ Cedar ရနံ့တွေကလည်း လန်းဆန်းမှုကို earthy ရနံ့နဲ့ ခံပေးထားပါတယ်။
// Base Notes - Dry-down stage မှာ luxurious ဖြစ်တဲ့ Ambergris, Musk, Leather နဲ့ Benzoin တွေက ဇိမ်ကျကျ ဆွဲဆောင်မှုရှိပြီး နွေးထွေးတဲ့ ခံစားမှုကို ပေးပါတယ်။ ဗန်နီလာ (vanilla) ရနံ့က base ရနံ့တွေကို နူးညံ့စေပြီး oakmoss နဲ့ patchouli တို့က မြေနံ့သင်းသင်းနဲ့ ကျက်သရေရှိတဲ့ သန့်စင်တဲ့ ရနံ့ နက်ရှိုင်းမှုကို ပေးပါတယ်။
🌀 ဘယ်သူတွေ ဘယ်အချိန်မှာသုံးသင့်လဲ
Elysium Eau Intense က တစ်နှစ်ပတ်လုံး သုံးလို့ကောင်းတဲ့ ရေမွှေးအမျိုးအစားပါ။ ဒါပေမဲ့ သူ့ရဲ့ လန်းဆန်းတဲ့ သံပုရာရနံ့တွေက ပူနွေးတဲ့အခါတွေမှာ ပိုပြီး လန်းဆန်းတက်ကြွစေပါတယ်။ ရုံးသွားတဲ့အခါမျိုးမှာရော ပေါ့ပေါ့ပါးပါး သူငယ်ချင်းတွေနဲ့ တွေ့ဆုံတဲ့အခါမျိုးမှာပါ အဆင်ပြေပါတယ်။
ဒီရေမွှေးကို ရုံးထဲမှာနေတာနဲ့ အပြင်ထွက်နေတာ နှစ်မျိုးလုံးအချိန်ခွဲပြီးလုပ်နေရတဲ့ active ဖြစ်တဲ့ business executive တွေကိုသုံးဖို့ အကြံပေးပါတယ်။ သူ့ရဲ့ရနံ့က အပြင်အပူချိန်နဲ့တွေ့တွေ့ ချွေးနဲ့ပဲတွေ့တွေ့ အဆင်ပြေတဲ့အနံ့မျိုးဖြစ်ပြီး ရုံးထဲမှာလေအေးစက်နဲ့ နေရင်လည်း သူ့ရဲ့နက်ရှိုင်းတဲ့ base note တွေကြောင့် လူကိုဆွဲဆောင်မှုရှိစေပါတယ်။
တခြားသုံးသင့်တဲ့သူတွေကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတွေနဲ့ ရနံ့ကောင်းရုံသက်သက်အတွက် မဟုတ်ဘဲ ကျက်သရေရှိပြီး အမှတ်တရဖြစ်စေမယ့် modern gentleman vibe ထုတ်ပြတာမျိုးကို လိုချင်တဲ့သူတွေအတွက် ဖြစ်ပါတယ်။ သူ့ရဲ့ရနံ့က လူငယ်ဆန်တဲ့ လန်းဆန်းမှုရော ရင့်ကျက်တဲ့ ကျက်သရေရှိမှုအတွက်ပါ နှစ်မျိုးလုံးပြည့်စုံတဲ့အတွက် အသက်အရွယ်မရွေး သင့်တော်ပါတယ်။
💝 Packaging and Presentation
Roja Parfums က ထုပ်ပိုးမှုနဲ့ ပြင်ဆင်မှုအပိုင်းမှာ ဘယ်တော့မှ ပေါ့ပေါ့ဆဆလုပ်လေ့မရှိပါဘူး။ Elysium Eau Intense ကလည်း ဒီအတိုင်းပါပဲ။
ရေမွှေးပုလင်းက အပြာရောင်ပြေး ဖန်သားပေါ်မှာ matte metallic အဖုံးလေးနဲ့ လန်းဆန်းမှုနဲ့ ကြွယ်ဝမှုကို ပေါင်းစပ်ထားတဲ့ ရေမွှေးရဲ့သဘာဝကို ထင်ဟပ်စေပါတယ်။ ခေတ်မီတဲ့ England နိုင်ငံလုပ် niche ရေမွှေးတစ်ခုရဲ့ အသွင်အပြင်နဲ့ ဂန္ထဝင်ဆန်တဲ့ အဆင့်တန်းရှိတဲ့ အမျိုးသားတစ်ယောက်ရဲ့ ခံစားချက်ကို reflect လုပ်ပေးပါတယ်။
🌿 Creed Aventus, Bleu de Chanel ဒါမှမဟုတ် Yves Saint Laurent Y EDP တို့ကို ကြိုက်တယ်ဆိုရင်တော့ Elysium Eau Intense က အလားတူ လန်းဆန်းတက်ကြွမှုကို ပေးနိုင်ပြီး ပိုပြီး ပြည့်စုံပြီး ကွဲပြားတဲ့ ရနံ့ဖွဲ့စည်းမှုမျိုးကို ခံစားရမှာပါ။
💝 Boutique price USD 360 ကျော် ရှိတာမို့ အခုလက်ရှိ sealed retail packaging ကို ဒီလို discount ဈေးနဲ့ရနေတာ အရမ်းတန်ပါတယ်။
Official website -
https://www.yangonbrandedperfume.com/product-page/roja-elysium-eau-intense
Made in England
Sealed original retail packaging
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K859,000.00Price
bottom of page
