top of page

Roja Enigma Eau de Parfum 100ml - K 799,000 (In stock)

နာမည်ကြီး Niche brand တစ်ခုဖြစ်တဲ့ Roja Dove ရဲ့ တကယ့်ကို ထူးခြားဆန်းပြားတဲ့ ရေမွှေးတစ်ပုလင်းဖြစ်တဲ့ Enigma Pour Homme က အခုလို ဇွန်လ ရန်ကုန်ရဲ့ မိုးရာသီ၊ စိုစွတ်ပြီး အေးစိမ့်စိမ့်ဖြစ်နေတဲ့ ရာသီဥတုမျိုးမှာဆိုရင် ဒီရေမွှေးရဲ့ နွေးထွေးတဲ့ အငွေ့အသက်လေးက ဆွဲဆောင်မှုအပြည့်နဲ့ ယုံကြည်မှုတွေ ပေးပါတယ်။

🌿 ဖြန်းလိုက်တာနဲ့ ပထမဆုံး ခံစားရမှာက အရမ်းကို လန်းဆန်းပြီး ဆွဲဆောင်မှုရှိတဲ့ Coca-Cola အနံ့လေးပါ။ တကယ့်ကို ဈေးကြီးတဲ့ ကိုကာကိုလာလိုမျိုး ချိုချိုမွှေးမွှေးလေးနဲ့ စတင်ပါတယ်။

🌿 အဲဒီနောက်မှာတော့ Cognac ရဲ့ အနံ့၊ Tobacco အနံ့တွေနဲ့ ရောယှက်သွားပြီး တကယ့်ကို သီးသန့်ဆန်တဲ့ Private Club တစ်ခုထဲကို ရောက်သွားသလို ခံစားရပါတယ်။

🌿 အချိန်ကြာလာတာနဲ့အမျှ Base Note တွေဖြစ်တဲ့ Vanilla, Woods နဲ့ Spices တွေရဲ့ အနံ့တွေက ရှေ့ထွက်လာပြီး အေးစက်နေတဲ့ မိုးရာသီမှာ နွေးထွေးတဲ့ ခံစားမှုကို အပြည့်အဝ ပေးပါတယ်။ ဆောင်းရာသီနဲ့ ညဘက် ပွဲတက်တွေ၊ Date ထွက်တဲ့ အချိန်တွေမှာ သုံးရင် အကောင်းဆုံးဖြစ်ပေမယ့်၊ ရန်ကုန်ရဲ့ မိုးအေးအေးမှာလည်း အရမ်းကို လိုက်ဖက်ပါတယ်။

✅ ကိုယ့်ကိုယ်ကိုယ် ဆုချချင်တယ်၊ တကယ့်ကို Unique ဖြစ်ပြီး လူအုပ်ထဲမှာ ထင်းထွက်နေစေမယ့် ရေမွှေးမျိုးကို ရှာနေတယ် designer ရေမွှေးဈေးလောက်နဲ့ niche brand လိုချင်တယ် ဆိုရင်တော့ Roja Dove ရဲ့ Enigma Pour Homme က သေချာပေါက် ရွေးချယ်သင့်တဲ့ ပုလင်းလေးပါပဲ။

Sealed retail packaging

Made in England

Official website -

https://www.yangonbrandedperfume.com/product-page/roja-enigma

Roja Enigma Eau de Parfum for Men 100ml

MMK 799,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page