top of page

Roja Oceania Eau de Parfum 100ml - K 990,000 (In stock)

Made in England

Sealed Retail Packaging

မြန်မာပြည်ရဲ့ အသည်းခိုက်အောင်ပူတဲ့ နွေရာသီမှာ အနံ့လေးနဲ့တင် ပတ်ဝန်းကျင်ကို အေးမြသွားစေမယ့် Roja Parfums ရဲ့ Oceania က Fragrantica မှာလည်း Review တွေ တော်တော်ကောင်းသလို၊ Perfume လောကမှာ Luxury အကျဆုံး British Brand တစ်ခုဖြစ်တဲ့ Roja ရဲ့ နာမည်ကြီး Summer Scent တစ်ခုပါ။

🌿 Oceania ရဲ့ အဖွင့်ကတော့ လန်းဆန်းမှုရဲ့ "Top Level" ပဲ။ ဖြန်းလိုက်တာနဲ့ Lemon၊ Bergamot နဲ့ Grapefruit လို Citrus အနံ့တွေက တက်လာတာ။ ဒါပေမဲ့ ဈေးပေါတဲ့ Citrus အနံ့မျိုး မဟုတ်ဘဲ အရမ်း Quality ကောင်းတဲ့ အသီးတွေကို အစိမ်းလိုက် ခွဲလိုက်တဲ့ အနံ့မျိုး။

🌿 ခဏနေရင်တော့ Jasmine နဲ့ Violet လို ပန်းနံ့ ခပ်သင်းသင်းလေးတွေ ပါလာပြီး နောက်ဆုံးမှာတော့ Sandalwood နဲ့ Musk ရဲ့ ခပ်အေးအေး Wood ရနံ့လေး ကျန်ခဲ့မယ်။ အနံ့က တကယ့်ကို "သန့်ပြန့်နေတဲ့ လူကြီးလူကောင်း" တစ်ယောက်ရဲ့ ပုံစံမျိုးပေါ့။

⛱️ မြန်မာပြည်နွေရာသီနဲ့ ကိုက်ရဲ့လား?

သူက မြန်မာပြည်ရဲ့ ၄၀ ဒီဂရီ အပူချိန်အတွက် Perfect ပဲ။ အပူရှိန်ပြင်းတဲ့နေ့တွေမှာ တချို့ရေမွှေးတွေက မူးတတ်ပေမဲ့ Oceania ကတော့ ပိုပူလေ၊ ပိုလန်းဆန်းလေပဲ။ ပင်လယ်ကမ်းခြေမှာ အနားယူနေရသလို ခံစားချက်မျိုး ပေးနိုင်တယ်။ Office သွားမလား၊ Date လုပ်မလား၊ အပြင်မှာ Chill မလား? အကုန်အဆင်ပြေတယ်။

🌿 သူ့ရဲ့ တစ်ခုတည်းသော "အားနည်းချက်" က ဈေးနှုန်း ပဲ။ Roja ဆိုတဲ့အတိုင်း ဈေးကတော့ နဲနဲလေး မြင့်သရောင်မို့ Budget ကန့်သတ်ချက်ရှိတဲ့ လူငယ်တွေအတွက်တော့ နည်းနည်း လက်တွန့်စရာပဲ။ ဒါပေမဲ့ "ငွေရှိလို့ အကောင်းဆုံးကိုပဲ သုံးချင်တယ်" ဆိုတဲ့ Bro တွေအတွက်တော့ Oceania က မရှိမဖြစ်ပဲ။

Oceania ဟာ ရိုးရိုး Blue Fragrance တွေထက် အများကြီး ပိုသာတယ်။ ငွေထွက်ရကျိုးနပ်စေမယ့် High-end Quality မျိုး။ ပူအိုက်တဲ့နေ့တွေ၊ လူကြီးလူကောင်းဆန်ချင်တဲ့အချိန်တွေအတွက် ဝယ်ဖို့တိုက်တွန်းချင်ပါတယ်။

Official website -

https://www.yangonbrandedperfume.com/product-page/roja-oceania

Roja Oceania Eau de Parfum Unisex 100ml

K990,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page