top of page

Dior Sauvage Eau de Parfum 100ml + 10ml set - K 679,000 (In stock)

​Dior Sauvage ကတော့ လူတိုင်းနီးပါး ကြားဖူးပြီးသား၊ နာမည်အကြီးဆုံး ယောင်္ကျားလေး ရေမွှေးတွေထဲက တစ်ခုပါ။

🌿 ​အနံ့က ဘယ်လိုရှိလဲ?

​စဖြန်းလိုက်တာနဲ့ Bergamot ရနံ့က လုံးဝ လန်းဆန်းသွားအောင် တက်လာတယ်။ ဒါပေမယ့် EDT လောက် အနံ့က မစူးဘူး၊ နည်းနည်းပိုငြိမ်တယ်။ ပိုပြီး juicy ဖြစ်တယ် (အရည်ရွှမ်းသလိုမျိုး)။

​နာရီဝက်လောက်နေရင် သူ့ရဲ့အဓိက Sichuan pepper (ငရုတ်ကောင်း) အစပ်နံ့လေး စလာပြီ။ အဲ့ဒါနဲ့အတူ Lavender (လာဗင်ဒါ ပန်းနံ့)၊ ပြီးတော့ နွေးနွေးမွှေးမွှေး spice နံ့ (Star Anise, Nutmeg) တွေပါ ရောလာတယ်။ ဒီနေရာမှာ EDT နဲ့ကွာသွားတာ။ EDP က ပိုနွေးတယ်၊ ပိုနက်ရှိုင်းတယ်။

​အချိန်ကြာလာလို့ ကျန်ခဲ့တဲ့အနံ့က Sauvage ရဲ့ ဆွဲဆောင်မှုအရှိဆုံး Ambroxan (သစ်သားနံ့၊ ပယင်းနံ့ သန့်သန့်လေး) ပါတယ်။ အဲ့ဒီအပေါ်ကနေ ဗနီလာ နံ့ပါးပါးလေးက ပတ်ပတ်လည် ရစ်ပတ်ထားတယ်။ သူက နည်းနည်း smoky ဖြစ်ပြီး နွေးထွေးတဲ့၊ ဆွဲဆောင်မှုရှိတဲ့ အချိုနံ့မျိုး။

🌿 ​ဘယ်လိုနေရာတွေနဲ့ လိုက်ဖက်လဲ?

​ဒါက "ဘက်စုံသုံး" (All-rounder) ပဲ။ ရုံးသွားမလား၊ Date သွားမလား၊ ညဘက် club သွားမလား၊ အကုန်အဆင်ပြေတယ်။ EDT က နေ့ဘက်နဲ့ ပိုလိုက်ပြီး၊ EDP က ညဘက်နဲ့ ပိုလိုက်တယ်လို့ ပြောကြပေမယ့်၊ တကယ်ကတော့ နေရာမရွေး၊ ရာသီမရွေး သုံးလို့ရတယ်။

​EDT ထက် ပိုရင့်ကျက်တယ်၊ ပိုငြိမ်တယ်၊ ပို "Sexy" ဖြစ်တယ်။

🌿​ EDT နဲ့ EDP ဘာကွာလဲ?

​EDT - ပိုလတ်ဆတ်တယ်၊ ပိုစူးတယ်၊ ပိုတောက်ပတယ်။ "လန်းလန်းဆန်းဆန်း" သမားတွေ၊ လူငယ်တွေ ပိုကြိုက်တယ်။

​EDP - ပိုနွေးတယ်၊ ပိုချိုတယ် (Vanilla ပါလို့)၊ ပိုနက်ရှိုင်းတယ်။ ပိုရင့်ကျက်တဲ့ "Mature" ဖြစ်တဲ့ vibe ကို ပေးတယ်။

🌿 ​ဝယ်သင့်လား?

❣️ ​အားသာချက်က လူကြိုက်အရမ်းများတဲ့ အနံ့ (မိန်းကလေးတွေ သဘောကျတဲ့ "compliment magnet" ပေါ့)၊ Performance အရမ်းကောင်းတယ်၊ ဘက်စုံသုံးလို့ရတယ်။

🔥​ အားနည်းချက်က လူသုံးအရမ်းတယ်။ "ကိုယ်တစ်ယောက်တည်း သီးသန့်ဖြစ်ချင်တယ်" ဆိုရင်တော့ Sauvage ကို မဝယ်ပါနဲ့။

​ဒါပေမယ့် "ရေမွှေးက မကောင်းမှာစိုးရတယ်" လို့ စိတ်မပူချင်ဘူး၊ "ယုံကြည်မှုရှိရှိနဲ့ နေရာတကာသုံးချင်တယ်"၊ "လူတွေက ကိုယ့်ကို အနံ့ကောင်းတယ်လို့ ပြောတာကြားချင်တယ်" ဆိုရင်တော့ Dior Sauvage EDP က "Must Buy" (မဖြစ်မနေ ဝယ်ထားသင့်တဲ့) ပုလင်းပါပဲ။

Made in France

Sealed original retail packaging

(100ml Eau de Parfum တစ်ခုနဲ့ ရေမွှေးပြန်ဖြည့်သုံးလို့ရတဲ့ 10ml travel sprayer တစ်ခု စုစုပေါင်း ၂ ခုပါတဲ့ set ဖြစ်ပါတယ်)

Official website -

https://www.yangonbrandedperfume.com/product-page/sauvage-edp-set

Dior Sauvage Eau de Parfum Set 100ml + 10ml

K679,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page