top of page

Swiss Arabian Shaghaf Oud Eau de Parfum

# 10ml decant (glass sprayer) - K 48,000

# 10ml decant (aluminium sprayer) - K 50,000

# 10ml decant (aluminium twist sprayer) - K 52,000

# 37ml decant (glass sprayer) - K 169,000

Shaghaf Oud ကို စိတ်ဝင်စားနေလား? မဝယ်ခင် ဒီ Review လေး အရင်ဆုံးဖတ်ကြည့်လိုက်ပါ

Swiss Arabian ရဲ့ Shaghaf Oud ကတော့ ရှယ်မိုက်ပြီး ဆွဲဆောင်မှုရှိတဲ့ oud forward ရေမွှေးတစ်ခုပါ။ အရှေ့အလယ်ပိုင်း ရေမွှေးတွေရဲ့ရဲ့ ခန့်ညားထည်ဝါမှုနဲ့ gourmand ရနံ့မျိုးတို့ ပေါင်းထားလို့ ပြင်းရှရှနဲ့ ကြာရှည်ခံတဲ့အနံ့ကိုမှ ကြိုက်တယ်ဆိုတဲ့ ရေမွှေးဝါသနာရှင်တွေ အကြိုက်တွေ့မှာသေချာပါတယ်။

🔥 အနံ့အမျိုးအစား - ချိုတယ်၊ မီးခိုးနံ့ပါတယ်၊ စားချင်စဖွယ်ကောင်းတယ်

Shaghaf Oud ကို စဖျန်းလိုက်တာနဲ့ saffron ရဲ့ ပြင်းရှရှအနံ့ – ပူရှိန်းရှိန်း၊ သတ္တုနံ့နည်းနည်းပါပြီး တကယ့်ကို luxury ဆန်တဲ့အနံ့မျိုးကို အရင်ဆုံးရတယ်။ ခဏနေတာနဲ့ နှင်းဆီနဲ့ Oud နံ့က ထွက်လာရော။ ဒါပေမဲ့ နှင်းဆီနံ့က သိပ်မထင်ရှားဘူး။ နောက်ခံကနေ နဲနဲလေးပဲပံ့ပိုးပေးတဲ့သဘောမျိုးပဲ။

တကယ့်အသက်ကတော့ Drydown stage ရောက်သွားတဲ့အချိန်မှာ ပေါ်လာတာ - praline နဲ့ vanilla အနံ့တွေက oud နံ့နဲ့ ရောသွားပြီး creamy ဖြစ်တဲ့၊ အခွံမာသီးအနံ့သင်းသင်းနဲ့ စားချင်စဖွယ် dessert လိုမျိုး ချိုမြိန်ပြီး ဆွဲဆောင်မှုရှိတဲ့အနံ့ကို ပေးတယ်။ ချိုပြီး မီးခိုးနံ့သင်းတဲ့ gourmand-oud ပေါင်းစပ်မှုမျိုးပေါ့၊ ဒါပေမဲ့ အီလည်လည်ကြီးတော့ မဟုတ်ဘူး။

သုံးဖူးတဲ့သူတချို့ကတော့ ဒီရေမွှေးက တော်တော်ပြင်းတယ်၊ "beast mode" လို့တောင် ပြောကြတယ်။ ဒါပေမဲ့ တချို့ကကျတော့ သူ့ရဲ့တစ်မူထူးခြားတဲ့ပေါင်းစပ်မှုကို သဘောကျကြတယ်၊ "ချိုတဲ့ monster လေး" တို့၊ ချိုမြိန်မှုကိုပေးပြီး ရင့်ကျက်တဲ့ luxury အနံ့မျိုးရတယ်လို့ ပြောကြတယ်။ ကျနော်လို oud ရေမွှေးတွေကို အရမ်းမကြိုက်တဲ့သူတောင် ဒီရေမွှေးကိုတော့ ကြိုက်ပါတယ်။

💥 Performance - Beast Mode

ဒါကတော့ အနံ့ခံနိုင်ရည်နည်းတဲ့သူတွေအတွက်တော့ မဟုတ်ဘူးနော်။ Shaghaf Oud က သူ့ရဲ့ performance ကြောင့် နာမည်ကြီးတာ။ ပထမနာရီပိုင်းလောက်အထိတော့ အနံ့က ပတ်ဝန်းကျင်မှာ ကောင်းကောင်းလွှမ်းခြုံနေပြီးတော့ နောက်ပိုင်းမှာ နွေးထွေးပြီး ဆွဲဆောင်မှုရှိတဲ့အငွေ့အသက်မျိုးနဲ့ ကိုယ့်ရဲ့အရေပြားပေါ်မူတည်ပြီး ၈ နာရီလောက်အထိ ခံတယ်။

အဝတ်အစားပေါ်မှာဆိုရင် ရက်နဲ့ချီပြီးတောင် ခံနိုင်တယ်။ နည်းနည်းလေးသုံးရုံနဲ့ လုံလောက်တယ် – ၂ ချက် ၃ ချက်လောက် ဖျန်းလိုက်ရုံနဲ့ လူတွေသတိထားမိစေမှာ သေချာတယ်။

🌀 ဘယ်အချိန်၊ ဘယ်နေရာမှာ ဆွတ်မလဲ

Shaghaf Oud က အေးတဲ့ နေရာ အခန်းတွေနဲ့ အလိုက်ဖက်ဆုံးပဲ။ သူ့ရဲ့ပြင်းရှရှနွေးထွေးတဲ့အနံ့တွေကြောင့် ညပိုင်းတွေ၊ ဝတ်ပြုတဲ့အချိန်တွေ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ပေါ်လွင်စေချင်တဲ့အချိန်တွေမှာ ဆွတ်ဖို့အတွက်ကတော့ ရှယ်ပဲ။ ပူပြီး နေရာတွေအတွက်တော့ သိပ်အဆင်မပြေဘူး၊ အနံ့ပြင်းတာက ပိုဆိုးသွားနိုင်တယ်။

💸 တန်ဖိုး - Budget ထဲက Luxury

Shaghaf Oud ရဲ့ ဆွဲဆောင်မှုအရှိဆုံးအပိုင်းတွေထဲကတစ်ခုက သူ့ရဲ့ဈေးနှုန်းပဲ။ ဈေးနဲနဲလေးနဲ့ luxury ဆန်တဲ့အနံ့မျိုးကို ခံစားရမှာဆိုတော့ ပိုက်ဆံအများကြီးမသုံးချင်တဲ့သူတွေအတွက် တကယ်ကိုအဆင်ပြေတယ်။

Oud ရေမွှေးတွေကို စမ်းသုံးကြည့်ချင်ပေမယ့် ဈေးကြီးတာတွေ မဝယ်ရဲသေးတဲ့သူတွေအတွက်တော့ ရှယ်ကောင်းတဲ့ ရွေးချယ်မှုတစ်ခုပဲ။ Oud လောကကို စူးစမ်းချင်တဲ့သူတွေ ဒါမှမဟုတ် အေးတဲ့နေရာတွေမှာ ထင်ပေါ်စေမယ့် ရေမွှေးရှာနေတဲ့သူတွေအတွက်တော့ မဖြစ်မနေ စမ်းသုံးကြည့်သင့်တဲ့ ရေမွှေးတစ်ခုပါ။

Decant တွေပဲ ရပါတယ် -

Official website -

https://www.yangonbrandedperfume.com/product-page/swiss-arabian-shaghaf-oud-10-ml-30ml-decant

Shaghaf Oud

K48,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page