top of page

Giorgio Armani Si EDP 100ml Recharge (Refill) Bottle 100ml - K 259,000 (In stock)

Giorgio Armani ရဲ့ Iconic မိန်းကလေး ရေမွှေးတစ်ခုဖြစ်တဲ့ Si EDP ကိုပုံမှန်သုံးနေသူတွေအတွက် ဈေးတစ်ဝက်လောက် သက်သာတဲ့ Recharge (Refill) Bottle ရပါပြီ။

Si EDP က စဖြန်းဖြန်းချင်းမှာတင် ချိုမြိန်ပြီး ဆွဲဆောင်မှုရှိတဲ့ Blackcurrant အသီးနံ့သင်းသင်းလေးနဲ့ စဖွင့်ပေးပါတယ်။ ခဏကြာရင်တော့ နှင်းဆီပန်း နဲ့ Freesia ပန်းအနံ့လေးတွေက ပိုပေါ်လာပြီး Base Note ရောက်ရင် မွှေးပျံ့တဲ့ Vanilla နဲ့ Elegant ဖြစ်တဲ့ Woody, Patchouli အနံ့တို့နဲ့ ငြိမ်သွားပါတယ်။ ယုံကြည်မှုရှိပြီး ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ Vibe ကို အပြည့်အဝ ပေးပါတယ်။

အခုလို မိုးအေးအေးနဲ့ စိုစွတ်နေတဲ့ ရာသီဥတုမှာ Si EDP ရဲ့ နွေးထွေးပြီး Sweet ဖြစ်တဲ့ အနံ့လေးက အရမ်းကို အဆင်ပြေပါတယ်။ မိုးရာသီ အေးစက်စက် အငွေ့အသက်ကြားမှာ ဒီအနံ့လေးဖြန်းထားရင် လူကို ပိုပြီး နွေးထွေးဆွဲဆောင်မှုရှိစေပါတယ်။

ခုလို ရေမွှေးဈေးတွေ မြင့်တက်နေတဲ့ အချိန်မှာ ရေမွှေးတစ်ပုလင်း ဝယ်မယ်ဆို ရင်းနှီးရတာ တန်ဖို့ လိုပါတယ်။ Si EDP က longevity တော်တော်လေး ကောင်းပြီး၊ ရုံးတက်၊ ပွဲတက်၊ Date Night စတဲ့ နေရာမျိုးစုံမှာ အသုံးပြုလို့ရတာကြောင့် တစ်ပုလင်းဝယ်ထားရုံနဲ့ တကယ်တန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်စေပါတယ်။

Made in France

Recharge bottle in box

Official website -

https://www.yangonbrandedperfume.com/product-page/si-recharge-bottle

⛽ Recharge Bottle (Refill Bottle) ဆိုတာ ဘာလဲ

Recharge bottle (သို့) Refill bottle ဆိုတာက ရေမွှေးပုလင်းထဲကို ပြန်ဖြည့်သုံးဖို့ သီးသန့်ထုတ်ထားတဲ့ ပုလင်း ဖြစ်ပါတယ်။

✅ Recharge Bottle ရဲ့ အဓိက အားသာချက်တွေက

// လက်ရှိ ကုန်ဈေးနှုန်းနဲ့ စီးပွားရေး အခြေအနေအရ ရေမွှေးပုလင်းအသစ်တစ်လုံး (Spray cap ပါတဲ့ Luxury ဖန်ပုလင်း) ကို ထပ်ဝယ်တာထက်စာရင် Recharge bottle ဝယ်သုံးတာက ဈေးနှုန်း အများကြီး ပိုသက်သာပါတယ်။

// မူလ rechargeable ရေမွှေးပုလင်းကြီး မရှိရင်တောင်မှ Decant Sprayer (သို့) ခရီးဆောင် ရေမွှေးဘူး သေးသေးလေးတွေထဲကို လွယ်လွယ်ကူကူ ပြန်ဖြည့်ပြီး သုံးလို့ရပါတယ်။

// ပုံမှာ မြင်ရတဲ့အတိုင်း ခေါင်းပိုင်းမှာ ON/OFF twist lock စနစ် ပါဝင်တာကြောင့် မူလပုလင်းထဲ (သို့) Decant ဘူးထဲ ပြန်ထည့်တဲ့အခါ တန်ဖိုးကြီး ရေမွှေး မဖိတ်မစင်ဘဲ အလွယ်တကူ ပြန်ဖြည့်နိုင်ပါတယ်။

// ပုံထဲက နမူနာအတိုင်း 100ml Recharge bottle တစ်လုံးဟာ 50ml ရေမွှေးပုလင်း ၂ လုံးစာ ပြန်ဖြည့်သုံးနိုင်တဲ့ ပမာဏ ပါပါတယ် (30ml/50ml Refillable ပုလင်းတွေတင်မကဘဲ 10ml Decant ဘူးလေးတွေကိုပါ အကြိမ်ကြိမ် ပြန်ဖြည့်လို့ရပါတယ်)

✅ ဘယ်လို စိတ်ကြိုက်သုံးစွဲသူတွေ ဝယ်သင့်သလဲ

// ကိုယ်ကြိုက်တဲ့ ရေမွှေးကို အမြဲမပြတ် စွဲသုံးလေ့ရှိသူများ

// မူလ Refillable ရေမွှေးပုလင်း ရှိသူများ (သို့) Decant Sprayer ဘူးလေးတွေနဲ့ပဲ သုံးချင်သူများ

// ရေမွှေးပုလင်းကြီး ဝယ်ဖို့ မလိုအပ်ဘဲ ပိုမို သက်သာတဲ့ ဈေးနှုန်းနဲ့ ပမာဏ များများ ရချင်သူများ

// သတိပြုဖို့က Recharge bottle တွေကို တိုက်ရိုက်ဖြန်းဖို့ ထုတ်ထားတာ မဟုတ်ဘဲ မူလ ရေမွှေးပုလင်း (Refillable Bottle) သို့မဟုတ် Decant Sprayer ဘူးလွတ်လေးတွေထဲ ပြန်ဖြည့်ဖို့အတွက်သာ သီးသန့် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

Giorgio Armani Si EDP 100ml Recharge (Refill) Bottle 100ml

MMK 259,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page