Sospiro Vibrato Review - ဈေးကြီးတာနဲ့တန်အောင် မိုက်ရဲ့လား?
မင်္ဂလာပါ! ဒီနေ့တော့ နည်းနည်း hype ဖြစ်နေတဲ့ niche brand, Sospiro ရဲ့ Vibrato ဆိုတဲ့ ရေမွှေးအကြောင်း ပြောပြပါမယ်ခင်ဗျား။ သူက Bvlgari Tygar နဲ့တူတယ်ဆိုပြီး နာမည်ကြီးနေတာ။ ကဲ ~ တကယ်တူလား၊ ပေးရတဲ့ဈေးနဲ့ရော တန်ရဲ့လား ကြည့်လိုက်ရအောင်။
🌿 ဖျန်းလိုက်တာနဲ့ ချက်ချင်းရတဲ့အနံ့ Grapefruit အနံ့က ရင်ထဲကို ထိသွားတယ်။ တခြား citrus တွေလို သံပုရာရည်သောက်လိုက်ရသလို ချဉ်စုတ်စုတ် မဟုတ်ဘူး။ Grapefruit အခွံကို ခွဲလိုက်ရင်ရတဲ့ အနံ့မျိုး လတ်လတ်ဆတ်ဆတ်၊ သန့်သန့်ရှင်းရှင်းနဲ့ နည်းနည်းလေး ခါးသလို၊ ချိုသလို။ သူ့နောက်မှာ Bergamot နဲ့ ပန်းနံ့သင်းသင်းလေး (Jasmine နဲ့ Magnolia) က ပါးပါးလေး လိုက်လာတယ်။ ဒီ opening က တော်တော်သိသာတယ်။ လန်းသွားတာပဲ။
၁၅ မိနစ်၊ မိနစ် ၂၀ လောက်နေရင် ဟိုတောက်တောက် 'လန်း' နေတဲ့ citrus တွေက နည်းနည်း ငြိမ်သွားပြီး သန့်ရှင်းတဲ့၊ spicy ဖြစ်တဲ့ 'ချင်း' (Ginger) နံ့ စပ်စပ်လေး ဝင်လာတယ်။ အရေးကြီးဆုံးက "Powdery Notes" ပဲ။ ဒီနေရာမှာ "ပေါင်ဒါနံ့" လို့ပြောလို့ရမလားပဲ။ ကလေးပေါင်ဒါလို မဟုတ်ဘူး။ မျက်နှာလိမ်းတဲ့ Ponds ပေါင်ဒါမွှေးမွှေး သင်းသင်းလေးကို ခြောက်ခြောက်သွေ့သွေ့လေး လိမ်းထားသလို 'သန့်' သွားတဲ့ vibe မျိုး။ ဒီ powdery နဲ့ herbal နံ့လေးတွေကြောင့် ရေမွှေးက ခြောက်ခြောက်သွေ့သွေ့ ဖြစ်ပြီး အရမ်းသန့်သွားတယ်။
နောက်ဆုံးကျန်ခဲ့တဲ့ အနံ့ က "White Musk" လို့ခေါ်တဲ့ သန့်သန့်ရှင်းရှင်း၊ လူတစ်ယောက်ရဲ့ အသားအရေပေါ်က သဘာဝအနံ့သင်းသင်းလေးလိုမျိုး။ "ရေမွှေးဆွတ်ထားတာလား၊ သဘာဝအသားနံ့က မွှေးနေတာလား" လို့ မေးခွန်းထုတ်ရမယ့် 'skin scent' လှလှလေး။ သူ့ကိုမှ Cedar (သစ်သား) နံ့ ခြောက်ခြောက်လေးနဲ့ Orris Root ရနံ့ဆိမ့်ဆိမ့်လေး က ထောက်ပံ့ထားတယ်။
✅ Performance က ဘယ်လိုလဲ? (အရေးကြီးဆုံး!)
ဒါကတော့ ပေးရတဲ့ဈေးနဲ့ အတန်ဆုံးအပိုင်းပဲ။ 'Long Lasting' ဖြစ်လို့ အင်္ကျီပေါ်မှာဆို နောက်နေ့ ပြန်နမ်းကြည့်ရင်တောင် အနံ့က ရှိတုန်း။
Sillage (ပြန့်လွင့်မှု) အားကောင်းတယ်။ ကိုယ်ဖြတ်သွားရင် "ဘာမွှေးတာလဲ" ဆိုပြီး လိုက်မေးခံရမယ့် sillage မျိုး။ ဒါကြောင့် အများကြီး ဆွတ်စရာမလိုဘူး။ ၃-၄ ချက် ဆို လုံလောက်ပြီ။
❣️ ဘယ်သူတွေနဲ့ လိုက်ဖက်လဲ? ဘယ်အချိန် သုံးရမလဲ?
ဒါက 'Unisex' (ကျား/မ မရွေး) သုံးလို့ရတယ်။ 'Clean Boy' / 'Clean Girl' vibe ကို ကြိုက်တဲ့သူတိုင်းနဲ့ လိုက်တယ်။
ရာသီဥတု - မြန်မာပြည်ရဲ့ ပူအိုက်တဲ့ ရာသီဥတုနဲ့ဆို 'Perfect' ပဲ။ ချွေးထွက်လေ ပိုမွှေးလေ။
အချိန် - နေ့ခင်းဘက်၊ ရုံးသွား၊ ကျောင်းသွား၊ Gym ဆော့၊ casual date အချိန်မရွေး၊ နေရာမရွေး သုံးလို့ရတဲ့ 'versatile' (ဘက်စုံသုံး) ရေမွှေးတစ်လုံးပါ။
🎁 Tygar နဲ့ တူလား?
အဖြေကတော့ "ဟုတ်ကဲ့၊ DNA တော်တော်တူပါတယ်"။ Bvlgari Tygar, Afnan Turathi Blue တို့က ဒီ Grapefruit-Musk-Woody လမ်းကြောင်းပဲ။
ဒါပေမဲ့ Vibrato က Tygar ထက် ပို 'smooth' ဖြစ်တယ်။ ပို 'elegant' ဖြစ်တယ်။ Tygar က Grapefruit နံ့ ပိုစူးတယ်၊ ပို 'sharp' ဖြစ်တယ်။ Performance ပိုင်းမှာ Vibrato က Tygar ကို အပြတ်အသတ် နိုင်သွားတယ်။ Tyger ထက် performance ပိုကောင်းတယ်။
✅ အားသာချက်
// အနံ့က အရမ်း လန်းဆန်းတယ်၊ သန့်ရှင်းတယ်၊ 'Classy' ဖြစ်တယ်။
// Performance (Longevity & Sillage) က 'Beast Mode' (ရှယ်) ပဲ။
// မြန်မာပြည် ရာသီဥတုနဲ့ တစ်သားတည်းကျတယ်။
// တကယ့် 'Compliment Getter' (လူတွေက မွှေးတယ်လို့ ပြောမယ့်) ရေမွှေးမျိုး။
🌀 အားနည်းချက်
ဈေးကတော့ niche brand ဆိုတော့ $200-$300 ကြား ရှိတယ်။ အခုလို discount နဲ့ရတာတောင် ကိုးသိန်းကျော်ဆိုတော့ နေ့တိုင်းသုံးဖို့ နဲနဲတော့များတယ် ပြောရမယ်။
❣️ ဘယ်သူတွေ ဝယ်သင့်လဲ?
ပိုက်ဆံတတ်နိုင်တယ်၊ Bvlgari Tygar လို ရနံ့မျိုးကိုမှ performance ပိုကောင်းတာ၊ ပို 'smooth' ဖြစ်တာ လိုချင်တယ်၊ 'သန့်တယ်' 'လန်းတယ်' 'ခံတယ်' ဆိုတဲ့ စံနှုန်း ၃ ချက်လုံး ပြည့်မီတဲ့ Citrus/Musk ရေမွှေးကောင်းကောင်း တစ်လုံးလောက်တော့ ထားချင်တယ်ဆိုရင် Sospiro Vibrato ကိုသာ ညွှန်းပါရစေ။ ပေးရတဲ့ဈေးနဲ့ စိတ်ကျေနပ်မှု ပြန်ရစေမယ့် ကောင်လေးပါ။
Sospiro Vibrato Eau de Parfum 100ml - K 929,000 (In stock)
Made in France
Sealed original retail packaging
Official website - https://www.yangonbrandedperfume.com/product-page/sospiro-vibrato
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K929,000.00Price
bottom of page
