top of page

Viktor&Rolf Spicebomb Night Vision EDT Perfume for Men 90ml - K 329,000 (In stock)

သူ့ရဲ့ Concept က "Green Freshness" နဲ့ "Dark Spices" ကို ပေါင်းစပ်ထားတာပါ။

// ဖြန်းလိုက်တာနဲ့ Granny Smith ပန်းသီးစိမ်းနံ့၊ ဂရိတ်ဖရုသီးနဲ့ မန်ကျည်းသီးစိမ်းလို Fresh ဖြစ်ပြီး စူးရှရှအနံ့မျိုးနဲ့ ဖွင့်ပါတယ်။ အစိမ်းရင့်ရောင်ပုလင်းနဲ့ လိုက်ဖက်အောင်ကို တော်တော်လေး Green ဖြစ်ပြီး လန်းဆန်းပါတယ်။

// ခဏကြာရင်တော့ Spicebomb တို့ထုံးစံအတိုင်း ငရုတ်ကောင်း၊ Clove (လေးညှင်းပွင့်) နဲ့ Sage (ပညာရှိအပင်) အနံ့တွေ ထွက်လာပါတယ်။ ဒါပေမဲ့ original EDIT လောက်ကြီး အရမ်း spicy မဖြစ်ပါဘူး။ လူကြိုက်များတဲ့ အချိုဘက်နည်းနည်းပါတဲ့ spice note ဖြစ်ပါတယ်။

// နောက်ဆုံးမှာတော့ Tonka Bean၊ Almond (ဗာဒံစေ့) နဲ့ သစ်သားနံ့ (Woody notes) တွေကျန်ခဲ့ပြီး နွေးထွေးတဲ့ အချိုနံ့လေးဖြစ်သွားပါတယ်။

⏰ Performance

// Longevity (အနံ့ခံချိန်) - အနံ့ခံချိန်က မဆိုးပါဘူး။ Cotton t-shirt ပေါ်မှာ ၆ နာရီလောက်အထိ ခံတတ်ပါတယ်။

// Projection (အနံ့ပြန့်အား) - အစပိုင်း ၁-၂ နာရီလောက်ကတော့ အနံ့ပြန့်အားကောင်းပါတယ်။ Clubbing သွားတာမျိုး၊ Party သွားတာမျိုးဆိုရင် လူကြားထဲ ထင်ပေါ်စေမယ့် အနံ့မျိုးပါ။

 

🌀 ဘယ်အချိန်သုံးသင့်လဲ?

နာမည်က "Night Vision" ဆိုတော့ ညဘက်သုံးဖို့ ထုတ်ထားတာပါ။ Date လုပ်တဲ့အချိန်၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တဲ့အချိန်၊ Club တက်တဲ့အချိန်မျိုးတွေမှာ အရမ်းလိုက်ဖက်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ Fresh ဖြစ်တဲ့ အဖွင့်ကြောင့် ရာသီဥတု အရမ်းမပူဘူးဆိုရင် နေ့ဘက် Casual သုံးလို့လည်း အဆင်ပြေပါတယ်။

✅ OG EDT version ရဲ့ ဆေးရွက်ကြီးနံ့၊ သစ်သားနံ့ပြင်းပြင်းတွေ မပါဘဲ Invictus တို့၊ Azzaro Wanted တို့လို လူကြိုက်များတဲ့ bubblegum အချိုနံ့ဘက်ကို နည်းနည်းရောက်လို့ လူကြိုက်များတယ်၊ Compliment ရလွယ်တယ်၊ လူငယ်ဆန်တယ်၊ Fresh & Spicy ဖြစ်လို့ သုံးရတာ လန်းဆန်းတယ်။

အတိုချုပ်ပြောရရင်တော့ ကိုယ်က လူတိုင်းကြိုက်မယ့်၊ မိန်းကလေးတွေ သဘောကျမယ့်၊ ညဘက်သုံးလို့ကောင်းမယ့် "Playboy" Vibe မျိုး လိုချင်တယ်ဆိုရင်တော့ Spicebomb Night Vision EDT က ရွေးချယ်သင့်တဲ့ quality ကောင်းတဲ့ budget friendly ပြင်သစ်ရေမွှေးတစ်ခုပါပဲ။

Made in France

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/spicebomb-night-vision-90ml

Viktor&Rolf Spicebomb Night Vision EDT Perfume for Men 90ml

K329,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page