top of page

La Rive Sweet Hope Eau de Parfum for Women 90ml - K 94,000 (In Stock/ No Box)

​Dior Hypnotic Poison နဲ့ရနံ့ ဆင်ဆင်တူတဲ့ sweet vanilla floral ရေမွှေးအမျိုးအစားဖြစ်ပါတယ်။

​စစဆွတ်ခြင်းမှာ ချိုတဲ့သစ်သီးရနံ့တွေဖြစ်တဲ့ coconut, apricot, plum ရနံ့တွေရမှာဖြစ်ပြီး နောက်ပိုင်းမှာ rose, tuberose, lily of the valley နဲ့ jasmine ပန်းရနံ့တွေအပြင် caraway နဲ့ brazilian rosewood တို့ကိုခံစားရမှာဖြစ်ပါတယ်။ Drydown အနေနဲ့ Vanilla, almond, musk နဲ့ sandalwood ရနံ့တွေပါဝင်ပါတယ်။

❣️ ​ဘယ်လိုအချိန်/ရာသီမှာ ဆွတ်ဖို့ကောင်းလဲ?

​ဒီရေမွှေးက နွေးထွေးပြီးချိုတဲ့ရနံ့ဘက်ကိုသွားတာမို့ ဆောင်းရာသီ ဒါမှမဟုတ် မိုးရာသီလိုမျိုး အေးတဲ့အချိန်တွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။ သူ့ရဲ့ vanilla နဲ့ almond ရနံ့နွေးနွေးလေးက အေးစိမ့်စိမ့် aircon ခန်းထဲမှာဆိုလဲ အရမ်းကိုထင်ရှားပြီး ဆွဲဆောင်မှုရှိစေပါတယ်။

​ပူတဲ့နွေရာသီမှာဆိုရင်တော့ နေ့ဘက်ဆွတ်ဖို့ နည်းနည်းပြင်းတယ်လို့ထင်နိုင်ပေမယ့် ညနေပိုင်း dinner date တွေ၊ ပါတီပွဲတွေ ဒါမှမဟုတ် air-con ရှိတဲ့နေရာတွေသွားမယ်ဆိုရင်တော့ သုံးလို့အဆင်ပြေပါတယ်။ နေ့တိုင်းရုံးသွားဖို့ထက် ပိုအထာကျပြီး special occasion လေးတွေနဲ့ ပိုလိုက်ဖက်တဲ့ရနံ့မျိုးပါ။

❣️​ဘယ်လို ပင်ကိုယ်စရိုက်မျိုးနဲ့ လိုက်ဖက်လဲ?

​Sweet Hope ဆိုတဲ့အတိုင်း ချိုပြီး ဆွဲဆောင်မှုရှိတဲ့ vanilla ရနံ့ကိုကြိုက်တဲ့ sis တွေအတွက်ပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး feminine ဖြစ်တဲ့ပုံစံမျိုးကို သဘောကျတဲ့သူတွေနဲ့ လိုက်ဖက်ပါတယ်။

နည်းနည်းလေး sexy ကျကျနဲ့ classy ဖြစ်တဲ့ vibe ကိုပေးတဲ့အတွက်ကြောင့် ကိုယ်ရောက်သွားတဲ့နေရာမှာ လူအာရုံစိုက်ခံချင်တဲ့သူ၊ ကိုယ့်ရဲ့ရနံ့ကို လူတွေမှတ်မိနေစေချင်တဲ့သူတွေဆိုရင် ဒါလေးကရွေးချယ်သင့်တဲ့ ရေမွှေးတစ်ခုပါ။ ရိုးရိုးရှင်းရှင်းလေးတွေကြိုက်တဲ့သူတွေအတွက်တော့ နည်းနည်းပြင်းတယ်လို့ ခံစားရနိုင်ပါတယ်။

🇵🇱 La Rive Brand အကြောင်း

 

La Rive ရေမွှေးများကို European Union 🇪🇺 အတွင်းမှာရှိတဲ့ Poland နိုင်ငံ 🇵🇱 မှာ ပြုလုပ်တာဖြစ်တဲ့အတွက် International Fragrance Association (IFRA) ရဲ့ စံချိန်စံညွှန်းများအတိုင်း စံနစ်တကျဖန်တီးထားတာဖြစ်ပါတယ်။ ဒါကြောင့်အရည်အသွေးကို စိတ်ချစွာသုံးစွဲနိုင်ပါတယ်။

🔗 Official website -

https://www.yangonbrandedperfume.com/product-page/sweet-hope

 

🇪🇺 Country of origin - Poland/European Union

🇺🇸 Imported from USA (FragranceX/ New York)

🎁 Discount Item / No Box

📍 စက္ကူဗူးခွံမပါတဲ့ unboxed item မို့ဈေးအလွန်ချိုပြီး သုံးပျော်တဲ့ budget friendly item မို့ စက္ကူဗူးခွံမပါတာ အရေးမကြီးတဲ့ ကိုယ်တိုင်သုံးမည့် သူများဝယ်သင့်ပါတယ်။

 

In stock ရှိတဲ့ La Rive perfume အားလုံးကို Yangon Branded official website မှာကြည့်နိုင်ပါတယ် - https://www.yangonbrandedperfume.com/larivepoland

La Rive Sweet Hope Eau de Parfum for Women 90ml / No Box

MMK 94,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page