La Rive Taste of Kiss Eau de Parfum Perfume for Women (In stock)
# 100ml - K 90,000 (Discount Item / No Box)
# 10ml decant (glass sprayer) - K 19,000
# 37ml decant (glass sprayer) - K 55,000
🌿 L@ncome Tresor La Nuit နဲ့ ရနံ့တူတယ်လို့ သုံးဖူးသူ 430 က Fragrantica မှာ vote လုပ်ထားပါတယ်။ စျေးနှုန်းသက်သာပြီး အရည်အသွေးသင့်တာမို့ နေ့တိုင်း casual use သုံးဖို့အတွက် စျေးမများတဲ့ ရေမွှေးတစ်ခုရှာနေတယ်ဆိုရင်ရွေးသင့်တဲ့ budget friendly အမျိုးသမီးသုံးရေမွှေးတစ်ခုဖြစ်ပါတယ်။
🌿 စဖြန်းလိုက်တာနဲ့ အနံ့က လန်းဆန်းပြီး အရည်ရွှမ်းနေရောပဲ။ သစ်တော်သီးတွေ၊ ရှောက်သီး လတ်လတ်ဆတ်ဆတ်တွေကို ကိုက်စားလိုက်ရသလိုမျိုး အနံ့က သန့်ရှင်းတယ်၊ ချိုသလိုလိုရှိပြီး တော်တော်လေး လန်းဆန်းသွားစေတယ်။
🌿 ခဏကြာတော့ အနံ့က ပိုပြီးငြိမ့်သွားတယ်။ ပန်းနံ့အိအိလေးတွေနဲ့ သစ်သီးချိုနံ့လေးတွေ ရောထားသလိုမျိုးဆိုတော့ အနံ့ပြင်းပြင်းကြီးတွေ၊ ရှေးဆန်တဲ့ အနံ့ကြီးတွေမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ romantic ဆန်ဆန်လေး ဖြစ်လာတယ်။
🌿 နောက်ဆုံးကျန်ခဲ့တဲ့ အနံ့ (Dry down) ကျတော့ နွေးထွေးပြီး စွဲမက်စရာ ကောင်းသွားရော။ Vanilla တို့ Caramel တို့လို အချိုနံ့လေးတွေရမယ်။ ကော်ဖီနဲ့ ချောကလက်လို ဆိမ့်တဲ့အနံ့လေးတွေလည်း ပါသလိုလိုပဲ။ နောက်ခံမှာ မီးခိုးနံ့သင်းသင်းလေးနဲ့ မြေနံ့လေးတွေ စွဲကျန်နေစေမယ့် ရေမွှေးမျိုးပါ။
✅ La Rive ရေမွှေးများကို European Union အတွင်းမှာရှိတဲ့ Poland နိုင်ငံမှာ ပြုလုပ်တာဖြစ်တဲ့အတွက် International Fragrance Association (IFRA) ရဲ့ စံချိန်စံညွှန်းများအတိုင်း စံနစ်တကျဖန်တီးထားတာဖြစ်ပါတယ်။ ဒါကြောင့်အရည်အသွေးကို စိတ်ချစွာသုံးစွဲနိုင်ပါတယ်။
Country of origin - Poland/European Union
Imported from USA
👉 စက္ကူဗူးခွံမပါတဲ့ unboxed item မို့ဈေးအလွန်ချိုပြီး သုံးပျော်တဲ့ budget friendly item မို့ စက္ကူဗူးခွံမပါတာ အရေးမကြီးတဲ့ ကိုယ်တိုင်သုံးမည့် သူများဝယ်သင့်ပါတယ်။ လက်ဆောင်ပေးဖို့ဝယ်တာဆိုရင်တော့ ဗူးခွံမပါတဲ့အတွက်မဝယ်သင့်ပါဘူး။
Official website -
https://www.yangonbrandedperfume.com/product-page/taste-of-kiss
In stock ရှိတဲ့ La Rive perfume အားလုံးရဲ့ ဈေး/ ပုံ နဲ့ review တွေကို https://www.yangonbrandedperfume.com/larivepoland မှာကြည့်နိုင်ပါတယ်
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 90,000Price
bottom of page
