top of page

Hermes Terre d’Hermès EDT Perfume for Men 200ml Mega Size Tester Packaging - K 589,000 (In stock)

Fresh ဖြစ်တဲ့ unique ဖြစ်တဲ့ Hermes ရေမွှေးများထဲတွင် နာမည်အကြီးဆုံး၊ လူကြိုက်အများဆုံး ပြင်သစ်ရေမွှေးဖြစ်ပါတယ်။

Hermès ရဲ့ Terre d’Hermès ဟာ ဇိမ်ခံရေမွှေးသက်သက်မဟုတ်ပါဘူး။ ဒါဟာ သုံးတဲ့သူကို သဘာဝနဲ့နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်ပေးတဲ့ အနံ့ဇာတ်လမ်းတစ်ခုပါ။ ၂၀၀၆ ခုနှစ်မှာ Jean-Claude Ellena ဖန်တီးခဲ့တဲ့ ဒီအနံ့ဟာ သဘာဝ ပတ်ဝန်းကျင်ရဲ့ ကြွယ်ဝမှုကို ချီးကျူးခဲ့တဲ့ ပြင်သစ်စာရေးဆရာ Jean Giono ရဲ့ စိတ်ကူးစိတ်သန်းကို အခြေခံထားတာဖြစ်ပြီး ဒီအနှစ်သာရက ရေမွှေးရဲ့ ပါဝင်ပစ္စည်းတွေထဲမှာ စိမ့်ဝင်နေပါတယ်။

ဒီရေမွှေးဟာ mineral, woody နဲ့ citrus notes တွေရဲ့ သိမ်မွေ့တဲ့ ရောစပ်မှုတစ်ခုပါ။ ဖွင့်လိုက်တာနဲ့ Grapefruit နဲ့ Orange တို့ရဲ့ တောက်ပတဲ့ ရောင်ခြည်က လန်းဆန်းပြီး အားပြည့်တဲ့ ခံစားမှုကို ချက်ချင်း ပေးစွမ်းပါတယ်။

ဒီတောက်ပမှုကို Pepper နဲ့ Pelargonium တို့ပါတဲ့ middle note က မျှတစေပြီး တက်ကြွတဲ့ spice နဲ့ ပန်းအနံ့သဲ့သဲ့ပါတဲ့ complexity ကို ပေါင်းထည့်ပေးပါတယ်။ အောက်ခံအနံ့ကိုတော့ Vetiver, Cedar, Patchouli နဲ့ Benzoin တို့နဲ့ တည်ငြိမ်စေပြီး နွေးထွေးတဲ့၊ မြေကြီးဆန်တဲ့ရနံ့ (Terre ဆိုတာ ပြင်သစ်ဘာသာနဲ့ မြေကြီးလို့ပြောတာပါ) နဲ့ သစ်စေးဓာတ်ပါတဲ့ နက်ရှိုင်းမှုကို ပေးတဲ့အတွက် သဘာဝကျသလို သိမ်မွေ့မှုလည်း ရှိပါတယ်။

ရေမွှေးရဲ့ mineral နဲ့ woody လက္ခဏာ၊ တောက်ပတဲ့ Flint (မီးခတ်ကျောက်) အနံ့လေးနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ပုံမှန် ရေမွှေးတွေမှာ သိပ်မတွေ့ရတဲ့ ထူးခြားတဲ့ အသွင်အပြင်ကို ပေးပါတယ်။

အများစု ရေမွှေးတွေက ရနံ့လူပေါ်မှာ coverage ရအောင် musk တွေကို အားကိုးနေချိန်မှာ Terre d’Hermès က musk ကို တမင်တကာ မထည့်တော့ဘဲ သုံးတဲ့လူတစ်ဦးစီရဲ့ skin chemistry ပေါ်မှာမူတည်ပြီးတော့ personalised အနံ့အတွေ့အကြုံရအောင် ဖန်တီးပေးပါတယ်။ ဒီချဉ်းကပ်မှုက ရေမွှေးဖြန်းထားတဲ့တစ်ချိန်လုံးမှာ အနံ့တွေသိမ်မွေ့စွာ ပြောင်းလဲနေတဲ့ စစ်မှန်ပြီး အသက်ဝင်တဲ့ ရေမွှေးတစ်ခုကို ဖြစ်စေပါတယ်။

Terre d’Hermès မှာ musk မပါဝင်တာကိုက သူ့ရဲ့ သဘာဝကျတဲ့၊ mineral နဲ့ vegetal အရည်အသွေးတွေကို ပိုပြီး အလေးပေးပြီး ပိုပြီး စစ်မှန်ပြီး သီးသန့်ဆန်တဲ့ ခံစားမှုကို ပေးပါတယ်။ မြေကြီးဆန်တဲ့ wood နဲ့ citrus notes တွေက သုံးသူရဲ့ skin chemistry နဲ့ တိုက်ရိုက်အပြန်အလှန် reaction ဖြစ်ကို facilitate လုပ်တာကြောင့် ပိုပြီး ပွင့်လင်းမြင်သာပြီး တဖြည်းဖြည်း ပြောင်းလဲနေတဲ့ အနံ့ evolving fragrance journey ကို ဖြစ်စေပါတယ်။ Musk အများအပြားပါဝင်တဲ့ ရေမွှေးတွေနဲ့ မတူတဲ့ ထူးခြားပြီး ဟန်ဆောင်မှုကင်းတဲ့ သိမ်မွေ့မှုရပါတယ်။

Terre d’Hermès EDT က သူ့ရဲ့ woody, Vetiver နဲ့ resinous base notes တွေကို အတော်အသင့် ကြာရှည်ခံနိုင်ဖို့ အားကိုးပါတယ်။ Heavier note တွေမပါတဲ့အတွက် ပိုပြီး လေးလံမှုမရှိသလို ပိုပြီး သဘာဝကျတဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပြီး တစ်နေကုန် ကြာရှည်ခံမှုကို လိုချင်သူတွေအတွက် နေ့လည်တစ်ကြိမ် ပြန်ဖြန်းပေးဖို့ လိုအပ်နိုင်ပါတယ်။

Terre d’Hermès EDT ဟာ နေ့ခင်းရုံးဝတ်စုံကနေ ညနေ evening dinner တွေအထိ occasion တိုင်းနဲ့ သင့်တော်ပြီး အထူးသဖြင့် မြန်မာနိုင်ငံလိုပူတဲ့နေရာတွေမှာ သူ့ရဲ့ လန်းဆန်းတဲ့ citrus notes တွေက အတောက်ပဆုံးဖြစ်ပါတယ်။

ဘေးလူတွေ စိတ်အနှောင့်ယှက်ဖြစ်လောက်အောင် လွှမ်းမိုးမှုမရှိဘဲ ကောင်းကောင်းပျံ့နှံ့ပြီး နူးညံ့သိမ်မွေ့ပေမဲ့ ထူးခြားတဲ့ skin scent အဖြစ် ညင်သာစွာ တည်ငြိမ်သွားပါတယ်။ ပုံမှန်ရေမွှေးအမျိုးအစားတွေထက် artistic aspect မှာကျော်လွန်တဲ့ ကျွမ်းကျင်စွာ ဖန်တီးထားတဲ့ sensory အနုပညာလက်ရာတစ်ခုပါ။

ရေမွှေးကို ထဲထဲဝင်ဝင်လေ့လာတန်ဖိုးထားတဲ့ ယောက်ျားလေးတွေအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ပြီး ရိုးရိုးအနံ့ထက် ပိုမိုထူးခြားတဲ့ ခေတ်အဆက်ဆက် တည်ရှိမယ့် sophisticated gentleman vibe ကိုပေးတဲ့ လှပတဲ့ timeless classic fragrance တစ်ခုဖြစ်ပါတယ်။

အပူပိုင်းမှာသုံးလို့အဆင်ပြေတဲ့အပြင် တစ်ချို့ blue fragrance တွေလို လူတွေအများကြီးသုံးနေတဲ့ ရနံ့မဟုတ်တော့ သုံးထားရင် တခြားသူတွေက compliment ပေးခံရနိုင်မှာဖြစ်ပြီး Hermes ရဲ့ brand prestige ကြောင့် လက်ဆောင်ဝယ်ပေးမယ်ဆိုရင်လဲ ခန့်ပါတယ်။

 

Made in France

Tester packaging

Tester packaging ဆိုပေမယ့်လဲ အခုပုံထဲကအတိုင်း cap (အဖုံး) ပါလို့ retail bottle နဲ့ဘာမှသိပ်မကွာပါဘူး။ အပြင်ဘူးခွံလေးက ရိုးရိုးကတ္တူစက္ကူဗူး ဖြစ်နေပဲကွာသွားတာပါ။ Tester Packaging နဲ့ retail packaging နဲ့ K 100,000 လောက်ဈေးကွာလို့ ကိုယ်တိုင်သုံးဖို့ဆိုရင် tester packaging က တော်တော် value for money ဖြစ်ပါတယ်။

Official website -

https://www.yangonbrandedperfume.com/product-page/terre-dhermes-edt-200ml

Hermes Terre d’Hermès EDT Perfume for Men 200ml Mega Size Tester Packaging

K589,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page