top of page

Yves de Sistelle Thallium for Men (In stock/ Made in France)

# 37ml Decant - K 59,000

# 10ml Decant - K 19,000 (glass sprayer)

# 10ml Decant - K 21,000 (aluminium sprayer)

Yves de Sistelle က ရေမွှေးလောကမှာ "Cheap but Good" လို့ နာမည်ကြီးတဲ့ထဲမှာ brand တွေထဲမှာ ပါပါတယ်။ ဈေးလည်း သိပ်မကြီးဘဲ အနံ့က တကယ့် brand ကြီးတွေနဲ့ ယှဉ်နိုင်လောက်အောင် ကောင်းလို့ လူကြိုက်များတာပါ။

🌀 Thallium က "Amber Fougere" အမျိုးအစားဖြစ်ပြီး ပထမဆုံး ဆွတ်လိုက်တာနဲ့ အသီးနံ့ ချိုချိုအေးအေးလေးကို ခံစားရမှာပါ။

// Opening - နာနတ်သီး (Pineapple) နဲ့ Bergamot အနံ့က စပြီး သိသိသာသာ ထွက်လာမယ်။ အရမ်းလန်းဆန်းပြီး ချိုအေးတဲ့ vibe မျိုး ပေးတယ်။

// Heart - ခဏကြာရင်တော့ ပန်းရနံ့သင်းသင်းလေး (Jasmine, Lavender) နဲ့ ပန်းသီး (Apple) အနံ့လေးတွေ ပါလာပြီး ပိုပြီး နူးညံ့သွားတယ်။

// Dry Down -နောက်ဆုံးမှာတော့ သစ်သားနံ့ (Cedar)၊ Musk နဲ့ Amber အနံ့တွေ ကျန်ခဲ့ပြီး ယောကျာ်းဆန်တဲ့ ခန့်ညားမှုကို ပေးပါလိမ့်မယ်။

🌀 Performance က ဒီရေမွှေးရဲ့ အားသာချက်ပဲ။ ဈေးသက်သာပေမဲ့ အနံ့က တော်တော်ခံပါတယ်။

 

🌀 ဒီရေမွှေးက casual use သုံးဖို့ အကောင်းဆုံးပဲ။ ကျောင်းသွား၊ ရုံးသွား ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အပြင်ထွက်တဲ့အခါမျိုးမှာ ဆွတ်ရင် လူတိုင်းကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။ နွေရာသီမှာလည်း သုံးလို့ရသလို၊ အေးတဲ့အချိန်မှာလည်း အဆင်ပြေတဲ့ Versatile ဖြစ်တဲ့ ရေမွှေးမျိုးပါ။

Official website -

https://www.yangonbrandedperfume.com/product-page/thallium

10ml / 37ml decant တွေပဲ ရပါတော့မယ် ။

// Decant ဆိုတာက ကျွန်တော်တို့ဆီမှာရောင်းတဲ့ 100ml, 200ml စတဲ့ ပုလင်းအကြီး (Full-size Original Bottle) တွေထဲကနေ ပမာဏနည်းနည်းကို ပုလင်းအသေးလေးတွေ (ဥပမာ 10ml, 37ml) ထဲ ပြန်ခွဲထည့်ထားတာကို ခေါ်တာပါ။

💡 Decant တွေကို ဘာလို့သုံးသင့်လဲ?

✔️ ပုလင်းအကြီး မဝယ်ခင် အနံ့ကိုအရင် စမ်းသုံးကြည့်လို့ရတယ်။

✔️ အိတ်ထဲ၊ အိတ်ကပ်ထဲထည့်ပြီး သယ်သွားရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်။

✔️ ဈေးကြီးတဲ့ရေမွှေးတွေကို ဈေးသက်သက်သာသာနဲ့ စမ်းသုံးခွင့်ရတယ်။

❗သိထားသင့်တဲ့ အချက်လေးတွေ

👉 Original ဘူးခွံ၊ ပုလင်းလှလှလေးတွေ မပါတဲ့အတွက် လက်ဆောင်ပေးဖို့တော့ အဆင်မပြေပါဘူး။

👉 ကိုယ်တိုင်စမ်းသုံးဖို့ (testing) ဒါမှမဟုတ် အလွယ်တကူ ပေါ့ပေါ့ပါးပါးသုံးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။

Yves de Sistelle Thallium for Men 37ml / 10ml Decant

K59,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page