Dolce&Gabbana The One for Men Eau de Parfum (In stock)
# 100ml (Tester Packaging) - K 229,000
# 100ml - K 369,000
# 150ml - K 429,000
ရေမွှေးပညာရှင် Oliver Polge ရဲ့လက်ရာ ယောကျ်ားပီသပြီး ဆွဲဆောင်အားကောင်းတဲ့ seductive ဖြစ်တဲ့ ရနံ့။
🌿 ဂရိတ်ဖရု၊ နံနံ၊ ပင်စိမ်း၊ ဂျင်ဂျာ၊ လိမ္မော်ပန်းပွင့်၊ ဖာလာစေ့၊ ဆေးရွက်ကြီး၊ ပယင်း နဲ့ ဆီဒါ note တွေနဲ့ ပေါင်းစပ်ဖန်တီးထားပါတယ်။
🌿 ဆေးရွက်ကြီးအနံ့လေးပါတဲ့ ချမ်းမြေ့ဖွယ် နွေးထွေးပြီး စပ်တဲ့ ပယင်းရနံ့က နုညံ့တဲ့ဆွယ်တာအင်္ကျီဝတ်ထားပြီး အရည်အသွေးကောင်းတဲ့ အရက်တစ်ခွက်ကိုင်ထားတဲ့ အနုပညာအကြောင်း ဆွေးနွေးပြီး classical music တွေကြိုက်တဲ့ ရိုမန်တစ်ဆန်တဲ့ ချစ်သူတစ်ယောက်လိုပဲ။
🌿 ဒါက နူးညံ့သိမ်မွေ့တယ်၊ luxury ဆန်တယ်၊ ပြီးတော့ တစ်ယောက်ယောက်က ဆွတ်ထားတဲ့ လည်ပင်းနားကို တိုးဝှေ့ချင်လောက်အောင် ချိုမြိန်မှုလည်း နဲနဲပါသေးတယ်။
✅ ကြာရှည်ခံမှုကို အဓိကမထားဘဲ အရည်အသွေးကို ဦးစားပေးတဲ့ close encounter ရေမွှေးတစ်မျိုးဖြစ်ပြီး ကိုယ့်အနားကပ်လာတဲ့သူကို comfy ဖြစ်တယ် warm ဖြစ်တယ် cosy ဖြစ်တယ် လို့ခံစားရစေတဲ့ ယဉ်ကျေးတဲ့ အနံ့ဖျော့ဖျော့သင်းသင်း။
✅ ဒီရေမွှေးက fragrance design လုပ်ထားတဲ့နေရာမှာ masterclass လို့ပြောရလောက်အောင်ကိုအဆင့်တစ်ခုရှိနေပြီး တကယ်ကို ဆွဲဆောင်မှုရှိတဲ့ အတွေ့အကြုံကို ပေးနိုင်ပါတယ်။
ဒါပေမယ့် အဲဒါကြောင့်ကို Dating/ night scent ကောင်းကောင်းကြိုက်သူတွေသာ သုံးသင့်ပါတယ် / နေ့ခင်းဘက် ရုံးသုံးရေမွှေးအနေနဲ့ သုံးဖို့အားမပေးပါဘူး။
✅ Longevity and sillage ပြင်းတာ စူးတာကြိုက်ရင်တော့ The One ကို လုံးဝမဝယ်သင့်ပါဘူး။ အချစ်ဇာတ်လမ်းကောင်းတွေ အားလုံးလိုပဲ ခဏလေးဖြစ်ပေမယ့် အရမ်းသိမ်မွေ့လှပတယ်ဆိုတာကို လက်ခံနိုင်ဖို့လိုပါတယ်။
Made in France
Sealed original retail packaging နဲ့ tester packaging နှစ်မျိုးလုံးရပါတယ်
လက်ဆောင်ပေးဖို့လူတွေက အပြင်ဘူး ပိုလှတဲ့ retail packaging ကိုပဲဝယ်သင့်ပြီး ကိုယ်တိုင်သုံးမယ့်သူတွေကတော့ အများကြီးပို သက်သာတဲ့ tester packaging ကိုဝယ်တာက ပိုကိုက်ပါတယ်။
Official website -
https://www.yangonbrandedperfume.com/product-page/the-one
Video Review -
https://youtu.be/zV8OjDjgTkg
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 229,000Price
bottom of page
