top of page

Dolce&Gabbana The One for Men Eau de Parfum (In stock)

# 100ml - K 369,000

# 150ml - K 429,000

# 100ml (Tester Packaging) - K 229,000

ရေမွှေးပညာရှင် Oliver Polge ရဲ့လက်ရာ ယောကျ်ားပီသပြီး ဆွဲဆောင်အားကောင်းတဲ့ seductive ဖြစ်တဲ့ ရနံ့။

🌿 ဂရိတ်ဖရု၊ နံနံ၊ ပင်စိမ်း၊ ဂျင်ဂျာ၊ လိမ္မော်ပန်းပွင့်၊ ဖာလာစေ့၊ ဆေးရွက်ကြီး၊ ပယင်း နဲ့ ဆီဒါ note တွေနဲ့ ပေါင်းစပ်ဖန်တီးထားပါတယ်။

🌿 ဆေးရွက်ကြီးအနံ့လေးပါတဲ့ ချမ်းမြေ့ဖွယ် နွေးထွေးပြီး စပ်တဲ့ ပယင်းရနံ့က နုညံ့တဲ့ဆွယ်တာအင်္ကျီဝတ်ထားပြီး အရည်အသွေးကောင်းတဲ့ အရက်တစ်ခွက်ကိုင်ထားတဲ့ အနုပညာအကြောင်း ဆွေးနွေးပြီး classical music တွေကြိုက်တဲ့ ရိုမန်တစ်ဆန်တဲ့ ချစ်သူတစ်ယောက်လိုပဲ။

🌿 ဒါက နူးညံ့သိမ်မွေ့တယ်၊ luxury ဆန်တယ်၊ ပြီးတော့ တစ်ယောက်ယောက်က ဆွတ်ထားတဲ့ လည်ပင်းနားကို တိုးဝှေ့ချင်လောက်အောင် ချိုမြိန်မှုလည်း နဲနဲပါသေးတယ်။

✅ ကြာရှည်ခံမှုကို အဓိကမထားဘဲ အရည်အသွေးကို ဦးစားပေးတဲ့ close encounter ရေမွှေးတစ်မျိုးဖြစ်ပြီး ကိုယ့်အနားကပ်လာတဲ့သူကို comfy ဖြစ်တယ် warm ဖြစ်တယ် cosy ဖြစ်တယ် လို့ခံစားရစေတဲ့ ယဉ်ကျေးတဲ့ အနံ့ဖျော့ဖျော့သင်းသင်း။

✅ ဒီရေမွှေးက fragrance design လုပ်ထားတဲ့နေရာမှာ masterclass လို့ပြောရလောက်အောင်ကိုအဆင့်တစ်ခုရှိနေပြီး တကယ်ကို ဆွဲဆောင်မှုရှိတဲ့ အတွေ့အကြုံကို ပေးနိုင်ပါတယ်။

ဒါပေမယ့် အဲဒါကြောင့်ကို Dating/ night scent ကောင်းကောင်းကြိုက်သူတွေသာ သုံးသင့်ပါတယ် / နေ့ခင်းဘက် ရုံးသုံးရေမွှေးအနေနဲ့ သုံးဖို့အားမပေးပါဘူး။

✅ Longevity and sillage ပြင်းတာ စူးတာကြိုက်ရင်တော့ The One ကို လုံးဝမဝယ်သင့်ပါဘူး။ အချစ်ဇာတ်လမ်းကောင်းတွေ အားလုံးလိုပဲ ခဏလေးဖြစ်ပေမယ့် အရမ်းသိမ်မွေ့လှပတယ်ဆိုတာကို လက်ခံနိုင်ဖို့လိုပါတယ်။

 

Made in France

Sealed original retail packaging နဲ့ tester packaging နှစ်မျိုးလုံးရပါတယ်

Official website -

https://www.yangonbrandedperfume.com/product-page/the-one-eau-de-parfum-100ml

Video Review -

https://youtu.be/zV8OjDjgTkg

Dolce&Gabbana The One for Men Eau De Parfum 100ml

MMK 369,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page