Tom Ford Black Orchid Eau de Parfum 100ml Unisex - K 639,000 (In stock)
Tom Ford ရဲ့ ရေမွှေးတွေထဲမှာ တကယ့်ကို ဂန္တဝင် best seller တစ်ခုဖြစ်တဲ့ Black Orchid (Eau de Parfum) ကို နှစ်ပေါင်း ၂၀ လောက်ဆက်တိုက် လူကြိုက်များနေတဲ့ "modern classic" လို့တောင် ခေါ်လို့ရပါတယ်။
ဒါက woody spicy ရနံ့ပြင်းပြင်း ကိုမှ ကြိုက်တဲ့သူတွေအတွက်ပါ။ ပေါ့ပေါ့ပါးပါး citrus (သံပုရာ၊ ရှောက်) နံ့လေးတွေ၊ ပန်းနံ့သင်းသင်းလေးတွေ ကြိုက်ရင်တော့ Black Orchid နဲ့ အဆင်ပြေမှာမဟုတ်ဘူး။
🌟 အဓိကထူးခြားချက်တွေ (The Vibe)
ဒါကို "sexy", "mysterious" (လျှို့ဝှက်ဆန်းကြယ်) ပြီး "dark" (အမှောင်ဆန်တဲ့) ရနံ့လို့ တညီတညွတ်တည်း သတ်မှတ်ကြတယ်။ ညဘက် ပါတီပွဲတွေ၊ ဒိတ်လုပ်တဲ့ညတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ထင်ပေါ်ချင်တဲ့နေ့တွေအတွက် အကောင်းဆုံးပဲ။
❣️ Unisex လား?
Unisex ရေမွှေးဖြစ်ပေမယ့် သူ့ရဲ့ woody၊ spicy နဲ့ earthy note တွေကြောင့် အမျိုးသားတွေနဲ့ "ရှယ်" လိုက်ပါတယ်။ အမျိုးသားတွေ ပိုကြိုက်ကြတယ်၊ ပိုသုံးကြတယ်ဆိုတာ မှန်ပါတယ်။
✅ အရည်အသွေး (Quality)
Tom Ford ရဲ့ brand value အတိုင်းပဲ high quality ဖြစ်တယ်။ (Made in Switzerland) ဆိုတာကလည်း Tom Ford က US brand ဖြစ်ပေမယ့် သူ့ရဲ့ beauty products တော်တော်များများကို Estée Lauder က production quality ပိုမြင့်တဲ့ Switzerland မှာ ထုတ်လုပ်ထားလို့ ဖြစ်ပါတယ်။
🎶 ရနံ့ အဆင့်ဆင့် ပြောင်းလဲပုံ
ဒီရေမွှေးက ရှုပ်ထွေးတယ်။ အနံ့တွေ အများကြီးပေါင်းစပ်ထားပြီး အချိန်နဲ့အမျှ ရနံ့က ပြောင်းလဲနေတယ်။
စစဆွတ်ချင်းရတဲ့ရနံ့ Black Truffle note က သူ့ကို "dark" ဖြစ်စေတဲ့ အဓိက key ပဲ။ နည်းနည်း earthy (မြေနံ့) ဆန်တယ်။ Ylang-ylang, Blackcurrant & Bergamot တွေရဲ့အသီးနဲ့ ပန်းနံ့တွေက အစပိုင်းမှာ အချိုနဲ့ အချဉ်ဓာတ် နည်းနည်းလေး ဝင်လာအောင် ထောက်ပံ့ပေးတယ်။ ဒါပေမဲ့ Truffle နံ့က အားလုံးကို လွှမ်းမိုးထားတယ်။
မိနစ်အနည်းငယ်ကြာမှရတဲ့ အဓိကရနံ့က Orchid (သစ်ခွ) ဖြစ်လို့ ဒီရေမွှေးကို "Black Orchid" ဆိုတဲ့ နာမည်ကို ပေးထားတာပါ။ (တကယ်တော့ Black Orchid ဆိုတာ တကယ်မရှိပါဘူး၊ Tom Ford က ဖန်တီးထားတဲ့ 'fantasy' accord တစ်ခုပါ)။
ဒီ mid note မှာ ရနံ့က ပို "rich" ဖြစ်လာတယ်။ အစပိုင်းက earthy/dark vibe ကို Spicy Notes, Fruit Accords & Lotus Wood တွေနဲ့ ထပ်ဖိပေးလိုက်တယ်။
အကြာဆုံးကျန်ခဲ့တဲ့ base notes တွေက Dark အရမ်းခါးတဲ့ ချောကလက်နံ့နဲ့ ဗနီလာအချိုနံ့တွေဖြစ်လို့ သုံးထားတဲ့သူကို "sexy" ဖြစ်စေတယ်။ Incense, Patchouli & Sandalwood တွေက သူ့ကို "woody" ဖြစ်စေပြီး အနံ့ကို "နက်" သွားစေတယ်။ Vetiver နဲ့ Balsam က အနံ့ကို ပိုပြီး "warm" (နွေးထွေး) စေပါတယ်။
ခြုံပြီးပြောရရင် စစချင်းမှာ မြေနံ့လိုလို၊ ပန်းနံ့လိုလိုနဲ့ စပြီး အလယ်မှာ အသီးနဲ့ အစပ်နံ့တွေ ဝင်လာပြီး နောက်ဆုံးမှာ ချောကလက်၊ ဗနီလာ၊ အမွှေးတိုင် နဲ့ သစ်သားနံ့တွေ ပေါင်းစပ်ထားတဲ့ "နွေးထွေး၊ အချို၊ အမှောင်" ဆန်တဲ့ ရနံ့မျိုး ကျန်ခဲ့တယ်။
💪 Performance (ခံနိုင်ရည် နဲ့ ပျံ့လွင့်မှု)
ဒီနေရာမှာတော့ Black Orchid က တော်တော်ကောင်းပါတယ်။ လူအများစုအတွက်က "Beast Mode" လို့ခံစားရမှာပါ။ အဝတ်အစားပေါ်မှာဆို နောက်နေ့ထိ အနံ့စွဲကျန်တယ်။
Sillage (ပျံ့လွင့်မှု) လဲ ပြင်းပါတယ်။ ကိုယ်သွားတဲ့နေရာမှာ ကိုယ့်ကိုယ်သင်းနံ့ ကျန်ခဲ့မယ့် အမျိုးအစား။ Performance အရမ်းကောင်းလို့ လုံးဝ (လုံးဝ) များများမဆွတ်ပါနဲ့။ ၃ ချက် (3 sprays) ဆို လုံလောက်နေပါပြီ။ ပိုဆွတ်မိရင် ကိုယ်တိုင်လည်း မူးနိုင်သလို၊ ဘေးကလူတွေလည်း ခေါင်းကိုက်သွားနိုင်တယ်။
🤔 ဘယ်သူတွေနဲ့ သင့်တော်လဲ? ဘယ်အချိန်သုံးရမလဲ?
✅ ယုံကြည်မှုရှိတဲ့သူ၊ ထင်ပေါ်ဖို့မကြောက်တဲ့သူ၊ "နက်နဲတဲ့" (deep/complex) ရနံ့တွေကို ကြိုက်တဲ့သူ။
❌ လုံးဝ မသုံးသင့်တာ ရုံးတက်ချိန်၊ အားကစားလုပ်ချိန်၊ ရာသီဥတု ပူအိုက်တဲ့ နွေရာသီနေ့လည်ခင်းတွေ။
✅ အကောင်းဆုံး သုံးဖို့ က ဆောင်းတွင်း၊ မိုးရာသီ၊ ညဘက်ထွက်ချိန် (Night Out)၊ ပါတီတွေ၊ မင်္ဂလာဆောင်၊ အရေးကြီးတဲ့ပွဲတွေ။
👉 Tom Ford Black Orchid ဆိုတာ safe scent တစ်ခု မဟုတ်ပါဘူး။ ဒါက "polarizing scent" (လူတွေကို နှစ်ခြမ်းကွဲစေတဲ့) ရနံ့ပါ။ ကြိုက်တဲ့သူက "အရမ်း" ကြိုက်ပြီး၊ မကြိုက်တဲ့သူက "လုံးဝ" မကြိုက်ပါဘူး။
ဒါပေမဲ့ ရေမွှေးသမိုင်းမှာ ဒါက "Iconic" ဖြစ်နေတုန်းပဲ။ သူ့ရဲ့ complexity၊ dark character နဲ့ တခြားဘယ်ရေမွှေးနဲ့မှ မတူတဲ့ "ထူးခြားမှု" တွေကြောင့်ပါ။
အကြံပေးချင်တာ ရေမွှေး အခုမှစသုံးမယ့် တွေဆိုရင် ဒါကိုမဝယ်ပါနဲ့။ သူက ပြင်းပြီး unique ဖြစ်လွန်းလို့ ရေမွှေးအများကြီး သုံးနေကျ unique ဖြစ်တဲ့ quality scent တွေ ဆန်းတဲ့ ရနံ့တွေကို ရဲရဲ try လုပ်ချင်တဲ့ experienced user တွေကိုပဲ recommend လုပ်ပါတယ်။
Official website -
https://www.yangonbrandedperfume.com/product-page/tom-ford-black-orchid
Made in Switzerland
Sealed original retail packaging
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K639,000.00Price
bottom of page
