အသစ်စက်စက်ထွက်လာတဲ့ Valentino Born in Roma Donna Purple Melancholia Eau de Parfum for Women 100ml - K 489,000 (In stock)
Valentino ရေမွှေးတွေကို L'Oreal က ထုတ်လုပ်တာဖြစ်ပြီး L'Oreal ရဲ့ ရေမွှေးတွေက အနံ့ခံနိုင်ရည် (longevity) တော်တော်လေး ကောင်းတာကို တွေ့ရပါတယ်။
အရင်ထွက်ခဲ့တဲ့ Born in Roma Original ကတော့ Sexy ဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ဘက်ကို သွားပါတယ်။ အခုအသစ်ထွက်လာတဲ့ Purple Melancholia လေးကတော့ ခရမ်းရောင်ပုလင်းလေးနဲ့ vibe အညီ အဓိကအားဖြင့် Plum (ဆီးသီး) အနံ့လေးကို အခြေခံထားပါတယ်။ ဒီရေမွှေးလေးဟာ အခုချိန်ထိ ထွက်ဖူးသမျှ Born in Roma တွေထဲမှာ အချိုဆုံးပါပဲ။
စဖြန်းလိုက်တာနဲ့ ရမှာက စားချင်စရာကောင်းတဲ့ Plum (ဆီးသီး) အနံ့ချိုချိုလေးပါ။ ဒါပေမယ့် ဈေးမှာရောင်းတဲ့ ဆီးသီးအနံ့မျိုးမဟုတ်ဘဲ Haribo ရဲ့ ဆီးသီးသကြားလုံးလေးတွေလို ချိုမြိန်တဲ့ အနံ့မျိုးလေးပါ။ Osmanthus ပန်းအနံ့လေး ပါတယ်လို့ ဆိုပေမယ့် တကယ့်တကယ် ဆွတ်လိုက်တဲ့အခါမှာတော့ Plum အနံ့ လို သကြားလုံးချိုချိုလေးက ပိုပြီး ကဲနေပါတယ်။
သူ့ရဲ့ နောက်ပိုင်းအဆင့်မှာ Vanilla အနံ့လေးကို အခြေခံထားပါတယ်။ ဒါပေမယ့် ဒီရေမွှေးလေးက Top, Middle, Base ဆိုပြီး အဆင့်ဆင့် ပြောင်းသွားတာမျိုး သိပ်မရှိဘဲ အစကနေ အဆုံးထိ သစ်သီးချိုချိုအနံ့လေး အတိုင်းပဲ သွားပါတယ်။
ဒီရေမွှေးလေးက နာမည်ကြီး Britney Spears ရဲ့ Midnight Fantasy ရေမွှေးလေးနဲ့ အတော်လေး ဆင်ပါတယ်။ Ariana Grande ရဲ့ ရေမွှေးချိုချိုလေးတွေ (ဥပမာ- ARY) ကို သဘောကျတဲ့သူတွေဆိုရင် ဒီအနံ့လေးကို သေချာပေါက် ကြိုက်ကြမှာပါ။
မြန်မာရာသီဥတုမှာ ဒီလို ချိုချိုယဉ်ယဉ်လေးက Daytime (နေ့လည်ဘက်) သုံးဖို့အတွက်တော့ အဆင်ပြေပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းတဲ့ ခံစားမှုကို ပေးပါတယ်။
အနံ့ပိုပြီး လေးတာမျိုး လိုချင်တယ်ဆိုရင်တော့ ကိုယ့်ဆီမှာရှိတဲ့ Vanilla ဒါမှမဟုတ် Amber အနံ့ပါတဲ့ ရေမွှေးတွေနဲ့ Layering လုပ်ပေးမယ်ဆိုရင် ပိုပြီး လှပတဲ့ အနံ့လေးကို ရနိုင်ပါတယ်။
ချိုချိုမွှေးမွှေး သစ်သီးသကြားလုံး အနံ့လေးတွေကို ကြိုက်တယ်၊ ပေါ့ပေါ့ပါးပါး နေ့စဉ်သုံး (Daytime) ရေမွှေးလေး ရှာနေတယ်၊ လူငယ်ဆန်ဆန် တက်ကြွတဲ့ ခံစားချက်ကို လိုချင်တယ် ဆိုရင်တော့ ဒီ Purple Melancholia လေးက စိတ်ကျေနပ်မှု အပြည့်အဝ ပေးပါလိမ့်မယ်။
Made in France
Sealed original retail packaging
Official website -
https://www.yangonbrandedperfume.com/product-page/valentino-purple-melancholia
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 489,000Price
bottom of page
