top of page

Valentino ရဲ့ Born in Roma Uomo လိုင်းတစ်ခုလုံးမှာ (Original EDT, Coral Fantasy, Intense အကုန်လုံးထက်) ဒီ Extradose (Parfum) က တကယ့်ကို အကောင်းဆုံး (GOAT) ဖြစ်ပါတယ်။

🌿 ယောက်ျားပီသပြီး ဆွဲဆောင်မှုအပြည့်နဲ့ Fougère Woody Ambery type လေးပါ။ Concentration အများဆုံးဖြစ်လို့ အနံ့က တော်တော်လေးကို မိုက်ပါတယ်။ Ordinary ဖြစ်တဲ့ အနံ့တွေထဲကနေ ဖောက်ထွက်ချင်တဲ့ bro တွေအတွက် တကယ့်ကို မျက်စိကျစရာလေးပါ။

// Top Notes - Bergamot၊ Mandarin နဲ့ Spices ပါပါတယ်။ စဖြန်းလိုက်တာနဲ့ လန်းဆန်းတဲ့ citrus အနံ့လေးတွေနဲ့အတူ စူးရှရှ Spices ရနံ့က တန်းပြီး ဆွဲဆောင်မှုရှိသွားစေပါတယ်။ First impression မှာတင် တော်တော်လေးကို catch ဖြစ်ပါတယ်။

// Heart Notes - Lavandin နဲ့ Salty notes တွေ ပေါင်းထားပါတယ်။ လာဗင်ဒါရဲ့ အေးဆေးတည်ငြိမ်တဲ့ vibe ကို ဆားငန်ရနံ့လေးတွေက နည်းနည်း edgy ဖြစ်သွားအောင် လုပ်ပေးထားပါတယ်။ ဒါက သူ့ရဲ့ အသက်လို့တောင် ပြောလို့ရပါတယ်။

// Base Notes - Vetiver နဲ့ Guaiac သစ်သားရနံ့တွေနဲ့ အဆုံးသတ်ထားလို့ နွေးထွေးတဲ့ ခံစားချက်မျိုး ပေးပါတယ်။ Woody scent အနေနဲ့ အရမ်းကြီး အိုမင်းရင့်ရော်တဲ့ vibe မျိုး မဟုတ်ဘဲ modern ဖြစ်တဲ့ သစ်သားရနံ့လေးပါ။

✅ Balance အဖြစ်ဆုံး ရနံ့ - Intense version မှာလို ဗနီလာနံ့ကဲပြီး ချိုအီအီ အရမ်းဖြစ်မသွားဘဲ Salty note နဲ့ Spice တွေက အချိုဓာတ်ကို အသေအချာ ထိန်းပေးထားပါတယ်။ ဒါကြောင့် လူငယ်ဆန်ဆန် ဆွဲဆောင်မှုလည်း ရှိသလို၊ အရမ်းကြီး အီမနေဘဲ luxury ဆန်တဲ့ vibe ကို သေချာပေါက် ပေးပါတယ်။

✅ အကြမ်းခံဆုံး Performance - Original EDT ရဲ့ အနံ့မခံဘူးဆိုတဲ့ ပြဿနာကို ဒီ Parfum concentration က အပြတ်ရှင်းပေးလိုက်ပါတယ်။ အဆီအနှစ် အများဆုံးဖြစ်လို့ အကြာကြီး အေးဆေးခံပါတယ်။

✅ အထာအကျဆုံး Dry Down - အချိန်ကြာသွားတဲ့အခါ base မှာ ကျန်ခဲ့တဲ့ Vetiver နဲ့ Guaiac သစ်သားရနံ့က အရမ်းကို smart ကျပါတယ်။ ရိုးရိုးကြီး မဟုတ်ဘဲ edgy ဖြစ်တဲ့အတွက် ညဘက် Date ထွက်တာပဲဖြစ်ဖြစ်၊ ကလပ်သွားတာပဲဖြစ်ဖြစ် လူအများကြားမှာ standout ဖြစ်စေဖို့ အပြည့်အဝ ယုံကြည်မှု ပေးပါတယ်။

Born in Roma line ထဲကနေ တစ်ပုလင်းတည်း ရွေးမယ်ဆိုရင်တော့ ငွေကုန်ရကျိုးနပ်ပြီး အဖက်ဖက်ကနေ perfect အဖြစ်ဆုံး ဒီ Extradose ကိုပဲ မျက်စိမှိတ်ပြီး ရွေးလိုက်ဖို့ recommend ပေးပါတယ်။

Valentino Born In Roma Extradose Parfum for Men 100ml - K 449,000 (In stock)

Made in France

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/valentino-uomo-bir-extradose

Valentino Born In Roma Extradose Parfum for Men 100ml

MMK 449,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page