top of page

Versace Bright Crystal Parfum for Women (In stock)

# 90ml Retail Packaging - K 399,000

# 90ml Tester Packaging - K 379,000

၂၀၂၄ ခုနှစ်မှာ ထွက်တဲ့ Bright Crystal Parfum ဟာ မူရင်း Bright Crystal EDT ရနံ့ရဲ့ ချစ်စရာကောင်းတဲ့အရသာကို အဆင့်မြှင့်ထားတာပါ။ အနီရောင်အသီးရနံ့တွေ၊ caramel၊ Ambrox Super၊ musk နဲ့ Norlimbanol™ တို့လို note အသစ်တွေထည့်ထားတာကြောင့် ရနံ့က ပိုမိုနက်ရှိုင်းပြီး ကြာရှည်ခံပါတယ်။

✅ Parfum ဗားရှင်းဟာ မူရင်းရဲ့ လတ်ဆတ်ပြီး ပေါ့ပါးတဲ့သဘောကို ထိန်းထားတဲ့အတွက် နေ့ခင်းဘက် သုံးဖို့ရော ညနေခင်းအတွက်ပါ အဆင်ပြေပါတယ်။

✅ Eau de Toilette ထက် ပိုပြီးကြာကြာခံတဲ့အပြင် ရနံ့ပြန့်နှံ့တာလည်း နဲနဲပိုကောင်းပါတယ်။ အထူးသဖြင့် base note တွေက ခေတ်မီပြီး မွှေးကြိုင်တဲ့ နောက်ဆုံးအဆင့်ကို ဖန်တီးပေးထားပါတယ်။

❇️ Fragrance Notes

ပထမဆုံး ရနံ့ (Top Notes) - Yuzu နဲ့ pomegranate တို့ရဲ့ လတ်ဆတ်တဲ့အရသာကို ခံစားရမှာဖြစ်ပြီး ဒီ Parfum version မှာတော့ အနီရောင်သီးနှံများနဲ့ caramel တို့ကို ထည့်ထားလို့ ပိုချိုပြီး ခေတ်မီတဲ့အရသာရှိပါတယ်။

အလယ်လွှာ ရနံ့ (Heart Notes) - Peony, magnolia နဲ့ lotus flower တို့ရဲ့ သန့်စင်လတ်ဆတ်တဲ့ ပန်းရနံ့တွေကို ခံစားရမှာဖြစ်ပါတယ်။

နောက်ဆုံးအဆင့် ရနံ့ (Base Notes) - Musk, mahogany နဲ့ amber တို့အပြင် Ambrox Super နဲ့ Norlimbanol™ တို့ပါတာကြောင့် ရနံ့ ပိုနက်ရှိုင်းပြီး ကြာကြာ မွှေးနေမှာဖြစ်ပါတယ်။

⏰ ဘယ်လိုအခြေအနေတွေနဲ့ ကိုက်မလဲ?

နေ့ခင်းဘက် – အလုပ်သွားတဲ့အခါ၊ သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါ သုံးဖို့ သင့်တော်ပါတယ်။

ညနေပွဲများ – ရနံ့က အနည်းငယ်ပိုပြီး လေးနက်တဲ့အတွက် ညနေခင်းပွဲတွေအတွက်လည်း အဆင်ပြေပါတယ်။

ပူအိုက်တဲ့ရာသီ – လတ်ဆတ်တဲ့အရသာကြောင့် မြန်မာနိုင်ငံရဲ့ ပူပြင်းတဲ့ရာသီတွေမှာ သင့်တော်ပါတယ်။

🎁 ဘူးဒီဇိုင်း

Bright Crystal Parfum ရဲ့ ဘူးဒီဇိုင်းဟာ EDT လိုပဲ ကြည်လင်တဲ့ပုံစံနဲ့ စိန်ပွင့်ပုံအဖုံးကို ဆက်သုံးထားပါတယ်။ စက္ကူဘူးအရောင်က နဲနဲပိုရင့်သွားပါတယ်။

👧 ဘယ်သူတွေအတွက် သင့်တော်လဲ?

// လတ်ဆတ်ပြီး ပေါ့ပါးတဲ့ရနံ့ကို နှစ်သက်သူတွေ

// ရနံ့ကြာကြာခံစေချင်သူတွေ

// Versace Bright Crystal ကိုကြိုက်ပြီး နည်းနည်းပိုပြီး နက်ရှိုင်းတဲ့အရသာကို လိုချင်သူတွေ

❓ FAQs

Q: Bright Crystal EDT နဲ့ Parfum ဘာကွာလဲ?

A: Parfum က ပိုနက်ရှိုင်းပြီး ကြာရှည်ခံပါတယ်။ အနီရောင်အသီးရနံ့တွေ၊ caramel နဲ့ Ambrox Super တေထည့်ထားတာကြောင့် ရနံ့က EDT ထက်ပိုပြင်းပါတယ်။ ပို light & fresh ဖြစ်တဲ့ EDT မှာ မပါပါဘူး။ ချိုတာ ပြင်းတာတွေကို သိပ်မခံစားနိုင်ရင် / Ambroxan note မကြိုက်ရင် / EDT နဲ့ပဲ အဆင်ပြေနေတယ်ဆိုရင် EDT ပဲဆက်သုံးတာ ပိုကောင်းပါမယ်။

Q: ရန်ကုန် မန္တလေးလို နေရာတွေမှာ နေ့တိုင်း သုံးလို့ရလား?

A: ရပါတယ်။ လတ်ဆတ်ပြီး သန့်ရှင်းတဲ့အရသာကြောင့် လူတော်တော် များများအတွက် နေ့စဉ်သုံးဖို့ အဆင်ပြေပါတယ်။

Q: Bright Crystal Absolu နဲ့ Bright Crystal Parfum ဘာကွာလဲ?

A: Absolu က ပိုချိုပြီး raspberry ရနံ့ပါပါတယ်။ Parfum ကတော့ caramel နဲ့ modern woody-musky note တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါပေမယ့် user တော်တော်များများက Parfum က EDT ထက် Absolu နဲ့တောင် ပိုတူပါသေးတယ်လို့ ပြောကြပါတယ်။

Bright Crystal Parfum (2024) ဟာ မူရင်း EDT ရဲ့အရသာကို ပိုခိုင်စေပြီး ခေတ်မီတဲ့အဆင့်တစ်ခုကို ရောက်စေတာကတော့ သေချာပါတယ်။ Bright Crystal ရနံ့ကို နှစ်သက်သူတွေအနေနဲ့ ဒီအသစ်ကို စမ်းကြည့်ဖို့ အကြံပြုချင်ပါတယ် 💖

Made in Italy

Official website -

https://www.yangonbrandedperfume.com/product-page/versace-bright-crystal-parfum

Versace Bright Crystal Parfum for Women 90ml

MMK 399,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page