Versace Bright Crystal Parfum for Women 90ml - K 399,000 (In stock)
၂၀၂၄ ခုနှစ်မှာ ထွက်တဲ့ Bright Crystal Parfum ဟာ မူရင်း Bright Crystal EDT ရနံ့ရဲ့ ချစ်စရာကောင်းတဲ့အရသာကို အဆင့်မြှင့်ထားတာပါ။ အနီရောင်အသီးရနံ့တွေ၊ caramel၊ Ambrox Super၊ musk နဲ့ Norlimbanol™ တို့လို note အသစ်တွေထည့်ထားတာကြောင့် ရနံ့က ပိုမိုနက်ရှိုင်းပြီး ကြာရှည်ခံပါတယ်။
Parfum ဗားရှင်းဟာ မူရင်းရဲ့ လတ်ဆတ်ပြီး ပေါ့ပါးတဲ့သဘောကို ထိန်းထားတဲ့အတွက် နေ့ခင်းဘက် သုံးဖို့ရော ညနေခင်းအတွက်ပါ အဆင်ပြေပါတယ်။
Eau de Toilette ထက် ပိုပြီးကြာကြာခံတဲ့အပြင် ရနံ့ပြန့်နှံ့တာလည်း နဲနဲပိုကောင်းပါတယ်။ အထူးသဖြင့် base note တွေက ခေတ်မီပြီး မွှေးကြိုင်တဲ့ နောက်ဆုံးအဆင့်ကို ဖန်တီးပေးထားပါတယ်။
❇️ Fragrance Notes
ပထမဆုံး ရနံ့ (Top Notes) - Yuzu နဲ့ pomegranate တို့ရဲ့ လတ်ဆတ်တဲ့အရသာကို ခံစားရမှာဖြစ်ပြီး ဒီ Parfum version မှာတော့ အနီရောင်သီးနှံများနဲ့ caramel တို့ကို ထည့်ထားလို့ ပိုချိုပြီး ခေတ်မီတဲ့အရသာရှိပါတယ်။
အလယ်လွှာ ရနံ့ (Heart Notes) - Peony, magnolia နဲ့ lotus flower တို့ရဲ့ သန့်စင်လတ်ဆတ်တဲ့ ပန်းရနံ့တွေကို ခံစားရမှာဖြစ်ပါတယ်။
နောက်ဆုံးအဆင့် ရနံ့ (Base Notes) - Musk, mahogany နဲ့ amber တို့အပြင် Ambrox Super နဲ့ Norlimbanol™ တို့ပါတာကြောင့် ရနံ့ ပိုနက်ရှိုင်းပြီး ကြာကြာ မွှေးနေမှာဖြစ်ပါတယ်။
⏰ ဘယ်လိုအခြေအနေတွေနဲ့ ကိုက်မလဲ?
နေ့ခင်းဘက် – အလုပ်သွားတဲ့အခါ၊ သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါ သုံးဖို့ သင့်တော်ပါတယ်။
ညနေပွဲများ – ရနံ့က အနည်းငယ်ပိုပြီး လေးနက်တဲ့အတွက် ညနေခင်းပွဲတွေအတွက်လည်း အဆင်ပြေပါတယ်။
ပူအိုက်တဲ့ရာသီ – လတ်ဆတ်တဲ့အရသာကြောင့် မြန်မာနိုင်ငံရဲ့ ပူပြင်းတဲ့ရာသီတွေမှာ သင့်တော်ပါတယ်။
🎁 ဘူးဒီဇိုင်း
Bright Crystal Parfum ရဲ့ ဘူးဒီဇိုင်းဟာ EDT လိုပဲ ကြည်လင်တဲ့ပုံစံနဲ့ စိန်ပွင့်ပုံအဖုံးကို ဆက်သုံးထားပါတယ်။ စက္ကူဘူးအရောင်က နဲနဲပိုရင့်သွားပါတယ်။
👧 ဘယ်သူတွေအတွက် သင့်တော်လဲ?
// လတ်ဆတ်ပြီး ပေါ့ပါးတဲ့ရနံ့ကို နှစ်သက်သူတွေ
// ရနံ့ကြာကြာခံစေချင်သူတွေ
// Versace Bright Crystal ကိုကြိုက်ပြီး နည်းနည်းပိုပြီး နက်ရှိုင်းတဲ့အရသာကို လိုချင်သူတွေ
❓ FAQs
Q: Bright Crystal EDT နဲ့ Parfum ဘာကွာလဲ?
A: Parfum က ပိုနက်ရှိုင်းပြီး ကြာရှည်ခံပါတယ်။ အနီရောင်အသီးရနံ့တွေ၊ caramel နဲ့ Ambrox Super တေထည့်ထားတာကြောင့် ရနံ့က EDT ထက်ပိုပြင်းပါတယ်။ ပို light & fresh ဖြစ်တဲ့ EDT မှာ မပါပါဘူး။ ချိုတာ ပြင်းတာတွေကို သိပ်မခံစားနိုင်ရင် / Ambroxan note မကြိုက်ရင် / EDT နဲ့ပဲ အဆင်ပြေနေတယ်ဆိုရင် EDT ပဲဆက်သုံးတာ ပိုကောင်းပါမယ်။
Q: ရန်ကုန် မန္တလေးလို နေရာတွေမှာ နေ့တိုင်း သုံးလို့ရလား?
A: ရပါတယ်။ လတ်ဆတ်ပြီး သန့်ရှင်းတဲ့အရသာကြောင့် လူတော်တော် များများအတွက် နေ့စဉ်သုံးဖို့ အဆင်ပြေပါတယ်။
Q: Bright Crystal Absolu နဲ့ Bright Crystal Parfum ဘာကွာလဲ?
A: Absolu က ပိုချိုပြီး raspberry ရနံ့ပါပါတယ်။ Parfum ကတော့ caramel နဲ့ modern woody-musky note တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါပေမယ့် user တော်တော်များများက Parfum က EDT ထက် Absolu နဲ့တောင် ပိုတူပါသေးတယ်လို့ ပြောကြပါတယ်။
Bright Crystal Parfum (2024) ဟာ မူရင်း EDT ရဲ့အရသာကို ပိုခိုင်စေပြီး ခေတ်မီတဲ့အဆင့်တစ်ခုကို ရောက်စေတာကတော့ သေချာပါတယ်။ Bright Crystal ရနံ့ကို နှစ်သက်သူတွေအနေနဲ့ ဒီအသစ်ကို စမ်းကြည့်ဖို့ အကြံပြုချင်ပါတယ် 💖
Made in Italy
Sealed original retail packaging
Official website -
https://www.yangonbrandedperfume.com/product-page/versace-bright-crystal-parfum
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K399,000.00Price
bottom of page