top of page

Versace Crystal Noir for Women (In stock)

# 90ml Retail Packaging - K 299,000

# 90ml Tester Packaging - K 259,000

# 10ml Decant (Glass sprayer) - K 39,000

# 10ml Decant (Aluminium sprayer) - K 41,000

# 10ml Decant (Aluminium twist sprayer) - K 43,000

# 30ml Decant (Glass Sprayer) - K 99,000

 

သနပ်ခါးရနံ့သဲ့သဲ့ပါတဲ့ ခေတ်မီဆွဲဆောင်မှု - Versace Crystal Noir

ငယ်ငယ်ကတည်းက မြန်မာ့သနပ်ခါးရဲ့ နူးညံ့အိစိမ့်ပြီး နဲနဲဖုံဖုံလေးနဲ့ spicy ဖြစ်တဲ့ရနံ့ကို ကြိုက်ခဲ့တယ်ဆိုရင် Versace Crystal Noir က အဲဒီရင်းနှီးပြီးသား ရှင်မတောင်အခဲရဲ့ရနံ့နဲ့ သဲ့သဲ့လေးတူတဲ့ ဆွဲဆောင်မှုရှိတဲ့ အီတလီနိုင်ငံလုပ် အမျိုးသမီးရေမွှေး ဖြစ်ပါတယ်။

❇️ သနပ်ခါးရနံ့အတိုင်းတော့ 100% တိုက်ရိုက်မတူပေမဲ့ ပေါင်ဒါလိုမျိုး နူးညံ့မှုနဲ့ သစ်သားရနံ့ရဲ့နက်ရှိုင်းမှု၊ ပြီးတော့ ထူးခြားတဲ့ spice လေးတွေပါဝင်တဲ့ဟန်ချက်က နွေးထွေးတဲ့အသားပေါ်မှာ လိမ်းထားတဲ့ သနပ်ခါးမှုန့်ရဲ့ တောက်ပပြီး လန်းဆန်းတဲ့အငွေ့အသက်လိုမျိုး ခံစားရစေပါတယ်။

🌿 Fragrance Profile

Top Notes - Ginger, Cardamom, Pepper

Heart Notes - Orange blossom, Gardenia, Peony, Coconut

Base Notes - Sandalwood, Musk, Amber

Crystal Noir ကို သနပ်ခါးနှစ်သက်သူတွေနဲ့ တစ်သားတည်းဖြစ်စေတာက spice ရနံ့တွေကြောင့်တင်မဟုတ်ဘဲ သစ်သားရနံ့သဲ့သဲ့လေးနဲ့ အိစိမ့်တဲ့ပန်းရနံ့လေးတွေကြောင့်ပါ။

ဒီနေရာမှာပါတဲ့ coconut note ရနံ့က အုန်းနို့ရဲ့ချိုမြိန်တဲ့ရနံ့မျိုးမဟုတ်ပါဘူး။ အခြောက်ခံထားတဲ့ သနပ်ခါးခဲလေးတွေရဲ့ နူးညံ့တဲ့ creamy woodiness လိုအနံ့ကို သတိရစေပါတယ်။ စံပယ်နဲ့ ပီအိုနီပန်းရနံ့လေးတွေက သိမ်မွေ့ပေမဲ့ အရမ်းအချိုမကဲပဲ သဘာဝနဲ့နီးစပ်တဲ့ မျှတမှုကိုပေးပါတယ်။

Base မှာပါတဲ့ စန္ဒကူးနဲ့ မွှေးရနံ့တွေက နွေးထွေးပြီး နဲနဲလေး ပေါင်ဒါဆန်တဲ့ ရှင်မတောင်သနပ်ခါးတုံးရဲ့ရနံ့မျိုးကိုပေးပါတယ်။ ဆွတ်ထားတာကြာလေ ပိုကောင်းလေဖြစ်တဲ့ base ရနံ့မျိုးပါ။

နွေရာသီနေ့မှာ သနပ်ခါးရဲ့ သဘာဝကျတဲ့ သင်းသင်းလေးမွှေးတဲ့ခံစားမှုကို ရဖူးတဲ့သူတွေအတွက်တော့ ဒီရနံ့မှာ nostalgic ဆန်တဲ့အရသာလေးပါဝင်ပြီး မြန်မာရာသီဥတုနဲ့ အံ့ဝင်ခွင်ကျဖြစ်စေပါတယ်။

ပူအိုက်စွတ်စိုတဲ့ရာသီဥတုမှာပါ သုံးလို့အဆင်ပြေတာကြောင့် ရန်ကုန်နဲ့ မန္တလေးလို ပူတဲ့နေရာတွေအတွက် သင့်တော်တဲ့ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

💝 ဘယ်သူတွေအတွက် သင့်တော်လဲ?

// သန့်ရှင်းပြီး သစ်သားရနံ့သဲ့သဲ့ပါတဲ့ ရေမွှေးတွေကို ကြိုက်တဲ့ အမျိုးသမီးတွေ

// သဘာဝအနံ့သင်းသင်းလေးတွေကို ကိုယ်သင်းရနံ့လို သုံးရတာကို နှစ်သက်သူတွေ

// မြန်မာ့ရိုးရာအလှအပတွေကို မြတ်နိုးသူတွေ

// ဆွဲဆောင်မှုရှိတဲ့ နေ့စဉ်သုံး သိမ်မွေ့တဲ့ ရေမွှေးမျိုးကို ရှာနေသူတွေ

Versace Crystal Noir ဟာ သနပ်ခါးရဲ့ သဘာဝကျတဲ့ ကျက်သရေနဲ့ လိုက်ဖက်ညီတဲ့ ဆွဲဆောင်မှုရှိတဲ့ ခေတ်မီရနံ့တစ်ခုပါ။ ရိုးရာဓလေ့နဲ့ ကိုက်တဲ့ အိစိမ့်တဲ့သစ်သားရနံ့၊ ညင်သာတဲ့အမွှေးအကြိုင်နဲ့ နူးညံ့တဲ့ပန်းရနံ့နှလုံးသားတို့ကြောင့် ဒီအနံ့ကို ဟိုးအရင်ကတည်းက သိပြီးသားလိုမျိုး ခံစားရမှာပါ။

ပြောရရင် ဟိုးအရင်က သနပ်ခါးရနံ့လေးကို သိမ်မွေ့၊ လှပ၊ ဆွဲဆောင်မှုအပြည့်နဲ့ ခေတ်မီအောင်ပြောင်းလဲထားသလိုပါပဲ။

Made in Italy

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/versace-crystal-noir-1

Reviews -

https://youtu.be/_M7YZ20gXxk

https://youtu.be/1ra_-iFW_9w?t=306

// 90ml size ပုလင်းကြီးဝယ်ချင်တဲ့ ရန်ကုန်အိမ်မှာ ကိုယ်တိုင်အနံ့ အရင်လာစမ်းပြီးမှဝယ်လို့ရပါတယ်။ Decant တွေကိုတော့ Royal Express delivery Prepaid Service နဲ့ပဲရောင်းပါတယ်။

// 90ml Retail packaging နဲ့ tester packaging နှစ်မျိုးလုံးရှိပါတယ်။

Tester packaging မှာအဖုံးပါတာမို့ ပုလင်းက retail packaging အတိုင်းဖြစ်ပါတယ်။ အပြင်စက္ကူဗူးကပဲ tester packaging ဗူးဖြစ်နေတာပါ။

လက်ဆောင်ပေးဖို့ဝယ်တာဆိုရင်တော့ ဗူးခွံအမြင်လှတဲ့ retail packaging ကိုပဲဝယ်ဖို့ recommend လုပ်ပါတယ်။

// နယ်က နဲနဲပဲ အနံ့စမ်းချင်တဲ့သူတွေ အတွက်လဲ 10ml / 30ml decant တွေလဲ ရပါတယ်။

အခြား In stock ရနိုင်တဲ့ Versace perfume တွေကို https://www.yangonbrandedperfume.com/versace မှာကြည့်နိုင်ပါတယ်။

Versace Crystal Noir EDT Perfume for Women 90ml / 10ml / 30ml

K299,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page