နာမည်ကြီး classic အမျိုးသား ရေမွှေး ဖြစ်တဲ့ Versace Dreamer EDT Perfume for Men 100ml Tester Packaging ကို K 145,000 နဲ့ ready in stock ဝယ်နိုင်ပါပြီ။
ထုတ်လုပ်သည့်နိုင်ငံ - အီတလီ
Imported from USA (FragranceX New York ကနေ ကိုယ်တိုင်သွင်းလာတာ ဖြစ်ပါတယ်)
🌿 Dreamer ရဲ့ perfumer က Giovanni Versace ကိုယ်တိုင်မို့ ပေးရတဲ့စျေးထက် ပိုတန်တဲ့နာမည်ကြီး classic ရေမွှေးဖြစ်ပါတယ်။ ဆေးရွက်ကြီး၊ Clary sage၊ Lavender၊ ရေမွှေးပန်း၊ Tonka Bean၊ ပယင်း နှင့် တောင်တမာ ရနံ့တွေနဲ့ပေါင်းစပ်ပြုလုပ်ထားပါတယ်။
✨ Versace Dreamer ကိုဆွတ်ထားရတဲ့ ခံစားချက်က အေးအေးဆေးဆေး တိတ်ဆိတ်တဲ့ ညမျိုးမှာ ကြယ်တွေကို ထိုင်ကြည့်နေရသလိုပဲ။
စစဆွတ်ချင်းမှာ လာဗင်ဒါနဲ့ Sage အနံ့လိုမျိုး ရှရှလေးနဲ့ လန်းဆန်းနေပြီး လေအေးအေးလေး စတိုက်လိုက်သလို ခံစားရတယ်။ ပြီးတော့မှ ဆေးရွက်ကြီးပန်းနဲ့ ပယင်းတို့ရဲ့ နူးညံ့ပြီး နွေးထွေးတဲ့ ပေါင်ဒါနံ့လိုအဖြစ်ကို တဖြည်းဖြည်း ပြောင်းသွားတယ်။
ဒါက လူကြားထဲမှာ ထင်းနေအောင်လုပ်ပြတဲ့ ရေမွှေးမျိုးမဟုတ်ဘဲ၊ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အတွေးနယ်ချဲ့ဖို့အတွက် ပိုသင့်တော်တယ်။ ဒီအနံ့လေးက ကဗျာဆန်တယ်၊ အတိတ်ကို ပြန်လွမ်းမောစေပြီး အရမ်းလည်း romantic ဖြစ်တယ်။
အတွေးနက်တတ်တဲ့ အနုပညာသမားတွေ၊ ရင့်ကျက်ပြီး romantic ဆန်တဲ့သူတွေအတွက်တော့ ကွက်တိပဲ။
တိုတိုပြောရရင် ဒါဟာ ပုလင်းထဲ ထည့်သိမ်းထားတဲ့ အမှတ်တရလေးတစ်ခုပါပဲ။
📊 ရုံးမှာသုံးချင်သူတွေအတွက် အကြံပြုချက်
ရုံးမှာသုံးဖို့ဆိုရင်တော့ ဒါက တခြားရုံးသုံးရေမွှေးတွေလို Citrus အနံ့မျိုး၊ Fresh ဖြစ်တဲ့အနံ့မျိုးတော့ မဟုတ်ပါဘူး။ အဓိကအချက်က ရုံးမသွားခင် အနည်းဆုံး နာရီဝက်လောက်ကြိုပြီး ဆွတ်ထားဖို့ပါပဲ။ ဘာလို့လဲဆိုတော့ စစချင်းအနံ့က နည်းနည်းစူးနိုင်လို့ပါ။
အဲ့ဒီအချိန်ကျော်သွားရင်တော့ နူးညံ့ပြီး သန့်သန့်ပြန့်ပြန့် အနံ့သင်းသင်းလေးပဲ ကျန်တော့တာမို့ ကိုယ့်ဘေးကလူကို အနှောင့်အယှက်မဖြစ်စေဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေပါတယ်။
Creative ဖြစ်တဲ့ ရုံးမျိုး၊ သိပ်ပြီး formal မကျတဲ့ ပတ်ဝန်းကျင်မျိုးနဲ့ဆိုရင် ကိုယ့်ကို တည်ငြိမ်ပြီး စဉ်းစားတွေးခေါ်တတ်တဲ့သူတစ်ယောက်လို ခံစားစေမှာပါ။
▶️ Tester packaging ဆိုပေမယ့်လဲ အခုပုံထဲကအတိုင်း cap (အဖုံး) ပါလို့ retail bottle နဲ့ဘာမှသိပ်မကွာပါဘူး။ အပြင်ဘူးခွံလေးက ရိုးရိုးစက္ကူဗူး ဖြစ်နေပဲကွာသွားတာပါ။ Tester Packaging နဲ့ retail packaging နဲ့ ဈေးကွာလို့ ကိုယ်တိုင်သုံးဖို့ဆိုရင် tester packaging က တော်တော် value for money ဖြစ်ပါတယ်။
🌐 Official website -
https://www.yangonbrandedperfume.com/product-page/versace-dreamer
🎥 Video review -
https://youtu.be/Tv5gXShxEb0
အခြား In stock ရနိုင်တဲ့ Versace perfume တွေကို https://www.yangonbrandedperfume.com/versace မှာကြည့်နိုင်ပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K145,000.00Price
bottom of page
