top of page

Versace Dylan Blue Pour Femme EDP Perfume for Women 100ml tester packaging (အဖုံးပါ) - K 275,000 (In stock / Made in Italy)

Allure Best of Beauty Award ဆုရထားတဲ့ ဒီရေမွှေးမှာ Fresh ဖြစ်တဲ့ စပျစ်ညို၊ ပန်းသီးစိမ်း၊ မက်မွန်သီး စတဲ့ fruity note တွေ / အေးအေးလေးနဲ့ မွှေးတဲ့ floral note တွေဖြစ်တဲ့ forget me not ပန်း၊ စံပယ်ဖူး၊ နှင်းဆီနဲ့ peony ပန်းရနံ့တွေနဲ့ နဲနဲ ချိုပြီးပြီး creamy and woody feeling ကိုရစေတဲ့ ကတိုး၊ ပချုလီ၊ စတိုင်းရက်စ် သစ်စေး နဲ့ သစ်ဖြူသား ရနံ့တွေပါပါတယ်။

 

Fruity floral ရနံ့ ဖြစ်ပေမယ့် တရားလွန် girly ဖြစ်တဲ့ ဘက်ကို မသွားပဲ elegant ဖြစ်တဲ့ sensual ဖြစ်တဲ့ ရေမွှေးဖြစ်ပါတယ်။ သုံးတဲ့သူတော်တော်များများက ရေနွေးငွေ့တွေ ထောင်းထောင်းထနေတဲ့ hot shower ထဲမှာ အကောင်းစား shampoo/shower gel တွေသုံးပြီးချိုးပြီးလို့ ထွက်လာလာချင်း ကိုယ်ပေါ်မှာ ရတဲ့ရနံ့မျိုး စွဲဆောင်မှုရှိတယ်လို့ ပြောကြပါတယ်။

 

အသက် ၂၃ အထက် အမျိုးသမီးတွေအားလုံး သုံးနိုင်တဲ့ရနံ့မျိုးဖြစ်ပြီး အရမ်း heavy မဖြစ်တဲ့အတွက် ရာသီမရွေးသုံးနိုင်တဲ့ Made in Italy ရေမွှေးဖြစ်ပါတယ်။

Seal retail packaging နဲ့ tester packaging နှစ်မျိုးလုံးရှိပါတယ်။

လက်ဆောင်ပေးဖို့ဝယ်မယ်ဆိုရင် sealed retail packaging ကိုဝယ်သင့်ပြီး ကိုယ်တိုင်ပဲ သုံးမှာဆိုရင်တော့ ပိုပြီးသက်သာတဲ့ ဒီ tester packaging ကိုဝယ်သင့်ပါတယ်။ Tester packaging ဆိုပေမယ့်လဲ ပုံထဲကအတိုင်း cap (အဖုံး) ပါပြီမို့ retail bottle နဲ့ဘာမှသိပ်မကွာပါဘူး။ အပြင်ဘူးခွံလေးက ရိုးရိုးကတ္တူဗူး အညိုဖြစ်နေပဲကွာသွားတာပါ။

ပုလင်းကို stylish ဖြစ်တဲ့ classy ဖြစ်တဲ့ အရောင်တွေဖြစ်တဲ့ခရမ်းရောင်နဲ့ ရွှေရောင် နှစ်မျိုးစပ်ထားပြီး အဖုံးအပေါ်မှာ Versace ရဲ့ logo ဖြစ်တဲ့ Medusa head ပုံဖောင်းကြွဒီဇိုင်းပါပါတယ်။

https://www.yangonbrandedperfume.com/product-page/versace-dylan-blue-pour-femme-edp-perfume-for-women-100ml-tester-packaging

 

Review - https://youtu.be/e6LftD6hZsU

 

အခြား In stock ရနိုင်တဲ့ Versace perfume တွေကို https://www.yangonbrandedperfume.com/versace မှာကြည့်နိုင်ပါတယ်။

Versace Dylan Blue Pour Femme EDP Perfume for Women 100ml tester packaging

K275,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page