Versace Eros Parfum Edition 100ml - K 415,000 (In stock)
Parfum version (pure perfume) ဖြစ်ပါတယ်။ Parfum ဖြစ်တဲ့အတွက် eau de toilette/ eau de parfum တို့ထက် ရေမွှေးအဆီပါတာအများဆုံး ရနံ့ အရည်အသွေးအကောင်းဆုံး အီတလီနိုင်ငံလုပ် အမျိုးသားရေမွှေးဖြစ်ပါတယ်။
Fresh ဖြစ်တဲ့ ပူရှိန်းနဲ့ လီမွန်ရနံ့ / သင်းပြီး မွှေးတဲ့ ပန်းသီးစိမ်းနဲ့ ရေမွှေးပန်းရနံ့ / ယောက်ျားပီသတဲ့ Amber နဲ့ Tonka Bean ရနံ့တွေပါပါတယ်။
ရေမွှေးအဆီပါဝင်နှုန်းအများဆုံးဖြစ်တဲ့ Parfum version ဖြစ်တဲ့အတွက် ဆွတ်ထားတဲ့အခါ အနားကိုကပ်လိုက်ရင်ရတဲ့ ရေမွှေးရနံ့ scent bubble က EDT EDP တွေထက်ပိုပြီး အရသာရှိတဲ့ complex and deep ဖြစ်တဲ့ ခံစားမှုကိုပေးနိုင်ပါတယ်။ ရာသီမရွေးသုံးနိုင်ပေမယ့် အေးတဲ့နေရာ aircon အခန်းတွေမှာသုံးဖို့ ပိုပြီး recommend လုပ်ပါတယ်။ လူတွေနဲ့အနီးကပ်ထိတွေ့နေရတဲ့ အလုပ်တွေလုပ်တဲ့သူတွေ / aircon အခန်းတွေထဲမှာအမြဲနေရတဲ့သူတွေဆိုရင် ဒီရေမွှေးကနေ့စဉ်သုံးဖို့အတွက် အဆင်ပြေဆုံးဖြစ်မှာပါ။
ကိုယ့်ရဲ့ personal preference ကိုလိုက်ပြီး နှစ်ချက်ကနေခြောက်ချက်လောက်အထိ ပတ်ဝန်းကျင်အနေအထားအခြေအနေကိုမူတည်ပြီး သုံးနိုင်ပါတယ်။ တစ်ချို့ဆိုင်တွေ reviewer တွေက ဒီရေမွှေးကို အမျိုးသမီးတွေပါသုံးနိုင်တယ်လို့ ပြောကြပေမဲ့ အမျိုးသမီးတွေနဲ့တော့ လိုက်ဖက်မှုမရှိတဲ့အတွက် လုံးဝသုံးဖို့ အအကြံမပေးပါဘူး။ အမျိုးသားသုံးသက်သက်ပဲ ဖြစ်ပါတယ်။
Made in Italy / Imported from USA
Sealed original retail packaging
https://www.yangonbrandedperfume.com/product-page/versace-eros-parfum-edition-2021-version-100ml
အခြား In stock ရနိုင်တဲ့ Versace perfume တွေကို https://www.yangonbrandedperfume.com/versace မှာကြည့်နိုင်ပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K415,000.00Price
bottom of page