Versace Versus for Women (In stock/Made in Italy)
# 10ml ဒီကန့်တ် (glass sprayer) - K 34000
# 10ml ဒီကန့်တ် (aluminium sprayer) - K 37,000
# 37ml ဒီကန့်တ် (galss sprayer) - K 99,000
ဒီရေမွှေးက ပန်းနံ့နဲ့ သစ်သီးနံ့ (Floral Fruity) ကို အခြေခံထားပေမယ့် မိန်းကလေးဆန်ဆန် အရမ်းချိုအီနေတဲ့ အမျိုးအစားထဲမှာ မပါပါဘူး။
🌿 စဆွတ်လိုက်တာနဲ့ Kumquat သီး နဲ့ Amalfi Lemon ရဲ့ အချဉ်ဓာတ်ကြောင့် ချက်ချင်းလန်းဆန်းသွားပြီး စွမ်းအင်တွေအပြည့်ရသွားသလို ခံစားရမယ်။ Kumquat သီးပါလို့ ချဉ်ပြုံးပြုံးနဲ့ နည်းနည်းလေး ခါးသက်သက် အနံ့လေးက တော်တော်လေး ဆွဲဆောင်မှုရှိတယ်။
🌿 ခဏလောက်နေရင်တော့ လိမ္မော်ပန်း (Orange Blossom) နဲ့ နှင်းဆီနံ့ သင်းသင်းလေးတွေ ထွက်လာတယ်။ ပန်းနံ့တွေက အီလည်လည်ဖြစ်မနေဘဲ သန့်ရှင်းလတ်ဆတ်တဲ့ (Clean & Fresh) ခံစားမှုကို ပေးတယ်။
🌿 နောက်ဆုံး Dry down မှာတော့ Musk (ကတိုး) နဲ့ Patchouli ပါလို့ အနံ့က ခပ်နွေးနွေးနဲ့ ငြိမ်သွားတယ်။
✅ စိတ်ဝင်စားစရာကောင်းတာက ဒီရေမွှေးက မိန်းကလေးသုံးဆိုပေမယ့် အနံ့က နည်းနည်းစူးပြီး လတ်ဆတ်တဲ့ဘက် သွားတဲ့အတွက် ယောကျ်ားလေးတွေသုံးရင်လည်း လုံးဝအဆင်ပြေတဲ့ Unisex လိုမျိုး ဖြစ်နေတာပဲ။
✅ ရန်ကုန်လို ပူအိုက်တဲ့ ရာသီဥတုမျိုးမှာ မနက်ပိုင်း အပြင်ထွက်တာပဲဖြစ်ဖြစ်၊ ရုံးသွားတာပဲဖြစ်ဖြစ်၊ Gym သွားတာပဲဖြစ်ဖြစ် သုံးဖို့ အင်မတန်သင့်တော်တယ်။ ချွေးထွက်များတဲ့ အခြေအနေတွေမှာတောင် အနံ့က အနှောင့်အယှက်မဖြစ်စေဘူး။
✅ အခုတော့ ဒီ Versus က Discontinued ဖြစ်သွားပြီမို့ ဈေးကွက်ထဲမှာ အသစ်ဝယ်ဖို့ တော်တော်ရှာရခက်သွားသလို ဈေးလည်း တော်တော်ကြီးနေပြီ။ ဒါပေမယ့် ကိုယ်က လန်းဆန်းတက်ကြွတဲ့ Citrus/Musk အနံ့မျိုးတွေကို ကြိုက်တတ်တယ်ဆိုရင်တော့ decant စမ်းကြည့်သင့်တဲ့ ရေမွှေးတစ်ခုပါ။
10ml / 37ml ဒီကန့်တ် ပဲရပါတော့မယ်။
Official website -
https://www.yangonbrandedperfume.com/product-page/versace-versus
🌀 အခြား In stock ရနိုင်တဲ့ Versace perfume တွေကို https://www.yangonbrandedperfume.com/versace မှာကြည့်နိုင်ပါတယ်။
// Decant ဆိုတာက ကျွန်တော်တို့ဆီမှာရောင်းတဲ့ 100ml, 200ml စတဲ့ ပုလင်းအကြီး (Full-size Original Bottle) တွေထဲကနေ ပမာဏနည်းနည်းကို ပုလင်းအသေးလေးတွေ (ဥပမာ 10ml, 30ml) ထဲ ပြန်ခွဲထည့်ထားတာကို ခေါ်တာပါ။
💡 Decant တွေကို ဘာလို့သုံးသင့်လဲ?
✔️ ပုလင်းအကြီး မဝယ်ခင် အနံ့ကိုအရင် စမ်းသုံးကြည့်လို့ရတယ်။
✔️ အိတ်ထဲ၊ အိတ်ကပ်ထဲထည့်ပြီး သယ်သွားရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်။
✔️ ဈေးကြီးတဲ့ရေမွှေးတွေကို ဈေးသက်သက်သာသာနဲ့ စမ်းသုံးခွင့်ရတယ်။
❗သိထားသင့်တဲ့ အချက်လေးတွေ
👉 Original ဘူးခွံ၊ ပုလင်းလှလှလေးတွေ မပါတဲ့အတွက် လက်ဆောင်ပေးဖို့တော့ အဆင်မပြေပါဘူး။
👉 ကိုယ်တိုင်စမ်းသုံးဖို့ (testing) ဒါမှမဟုတ် အလွယ်တကူ ပေါ့ပေါ့ပါးပါးသုံးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 34,000Price
bottom of page
