Invictus Victory ကို ကြိုက်သူတွေအတွက် Victorioso Victory 🔥
နွေးထွေးပြီး ချိုမြတဲ့အနံ့မျိုး၊ ယုံကြည်မှုရှိတဲ့ ပုံစံကို ပေါ်လွင်စေတဲ့ ရေမွှေးအမျိုးအစားပါ။ Gym ကစားထားတဲ့ ခန္ဓာကိုယ်နဲ့ ယုံကြည်မှုရှိတဲ့ပုံစံမျိုးကို idea ယူပြီးထုတ်ထားပါတယ်။
🌿 Top Notes - သံပုရာ၊ ပန်းရောင်ငရုတ်ကောင်း၊ လာဗင်ဒါ // စဆွတ်ချင်းမှာ လန်းဆန်းတဲ့ spicy aromatic citrus ရနံ့ကိုရရှိစေမှာပါ။ မိနစ်အနည်းငယ်အတွင်းမှာပဲ အနံ့က ထင်းကနဲ ထွက်လာပါလိမ့်မယ်။
🌿 Mid Notes - Incense နဲ့ Olibanum တွေရဲ့
မီးခိုးငွေ့လို မှိုင်းမှိုင်းလေးနဲ့ ဆန်းကြယ်တဲ့အငွေ့အသက်ကို ခံစားရစေမှာပါ။ ဆွဲဆောင်မှုရှိတဲ့ လျှို့ဝှက်ချက်တစ်ခုလိုပါပဲ။
🌿 Base Notes - Tonka Bean၊ ဗနီလာ၊ ပယင်း၊ Vetiver // ချိုမြပြီး နွေးထွေးတဲ့အနံ့မျိုးပါ။ ဗနီလာနဲ့ Tonka Bean ရနံ့တွေက အဓိကဖြစ်ပြီး သစ်သားနံ့လေး သင်းသင်းလေးပါဝင်လို့ သက်သောင့်သက်သာရှိတဲ့ ခံစားမှုကို ပေးပါတယ်။
🎯 ဘယ်ရေမွှေးနဲ့တူလဲ
⏩ Paco Rabanne Invictus Victory နဲ့ ဆင်ဆင်တူတဲ့အနံ့ကို ပေးနိုင်ပါတယ်။ မူရင်းလောက်တော့ အနံ့က သိပ်ပြီး polished မဖြစ်ပေမယ့် scent DNA ကတော့ တော်တော်လေးတူပါတယ်။
✅ ဘယ်အချိန်တွေမှာ ဆွတ်သင့်လဲ
🏋️♂️ Gym သွားရင် - ဗနီလာရဲ့ လန်းဆန်းသန့်ရှင်းတဲ့အနံ့နဲ့ နူးညံ့တဲ့ စပ်သောရနံ့က ဘေးကလူကို အနှောင့်အယှက်မဖြစ်စေပါဘူး
🌧️ မိုးရွာတဲ့နေ့ - စိုစွတ်တဲ့ရာသီဥတုနဲ့ မိုးအေးအေးမှာ ဒီရေမွှေးရဲ့ချိုမြတဲ့အနံ့က နွေးထွေးမှုကို ခံစားရစေမှာပါ
🛋️ အိမ်မှာ အေးဆေးနေရင်း - သက်သောင့်သက်သာနဲ့ စိတ်အပန်းပြေစေတဲ့ အနွေးထည်ဝတ်ထားရသလို ခံစားမှုကို ပေးစွမ်းပါတယ်
🌙 ညဘက်အပြင်သွားရင်/Date လုပ်ရင် - အေးတဲ့ရာသီတွေမှာ အပြင်သွားတဲ့အခါ ဆွဲဆောင်မှုရှိတဲ့ ရွေးချယ်မှုတစ်ခုပါ
🌈 အသက်အရွယ်
အသက် ၂၀ ကနေ ၄၀ အစောပိုင်း – ချိုမြပြီး တက်ကြွတဲ့ ခံစားမှုကိုပေးလို့ ကိုယ့်ရဲ့ Signature Scent အဖြစ် သုံးချင်တဲ့ ကျောင်းသား၊ လူငယ်တွေအတွက်ပါ သင့်တော်ပါတယ်
💰 ဈေးနှုန်း
ဒီရေမွှေးရဲ့ အကောင်းဆုံးအချက်ကတော့ ဈေးနှုန်းပါပဲ။ Invictus Victory ရဲ့အနံ့မျိုးကို ဈေးတော်တော် သက်သက်သာသာနဲ့ ရနိုင်မှာပါ။
👍 ဒါတွေနဲ့ကိုက်ညီရင် ဝယ်ပါ
နွေးထွေးချိုမြတဲ့အနံ့ကို ကြိုက်တယ်၊ Invictus Victory ကို ဈေးသက်သာစွာသုံးချင်တယ်၊ Gym သွားချိန်၊ မိုးရွာချိန် ဒါမှမဟုတ် အေးဆေးအနားယူချိန်တွေမှာ သုံးဖို့ ဘက်စုံသုံးရေမွှေးတစ်မျိုးလိုချင်ရင် ဝယ်သင့်ပါတယ်။
👎 ဒါတွေနဲ့ ကိုက်ညီရင် မဝယ်ပါနဲ့
အနံ့ပြန့်လွင့်မှုနဲ့ ကြာရှည်ခံမှုက အမြဲတမ်းအားကောင်းနေမယ်လို့ မျှော်လင့်ထားရင်တော့ ဒီရေမွှေးက သင့်အသားအရေ / ပတ်ဝန်းကျင်အပူချိန်ပေါ် မူတည်ပြီး စွန့်စားရမှာပါ။
# Maison Alhambra Victorioso Victory Eau de Parfum for Men
# Price - K 99,000
# 100ml Eau de Parfum
# Sealed original retail packaging
# Made in UAE
# Ready in stock
Official website -
https://www.yangonbrandedperfume.com/product-page/victorioso-victory
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K99,000.00Price
bottom of page