top of page

Hermes Voyage d'Hermes EDT Perfume for Men and Women 100ml - K 433,000 (In stock)

 

စမတ်ကျတဲ့ ခရီးသွားတစ်ယောက်ရဲ့ ရနံ့ - Voyage d'Hermès

Hermes ရဲ့ ခရီး လို့ မြန်မာလို အဓိပ္ပာယ်ရတဲ့ ဒီရေမွှေးကို အတိုချုပ်ပြောရရင် ဒါဟာ ရေမွှေးလောကရဲ့ လက်ရာမြောက် Masterpiece တစ်ခုပါ။ သူ့အနံ့က ရေခဲစိမ်ထားတဲ့ Gin & Tonic တစ်ခွက်လိုပဲ အေးမြပြီး လန်းဆန်းစေတယ်။ ရေမွှေးဆွတ်ထားတယ်ဆိုတာ အရမ်း မသိသာစေပဲ တည်ငြိမ်ပြီး စမတ်ကျတဲ့ လူတန်းစားတစ်ရပ်ရဲ့ vibe မျိုး ပေးပါတယ်။

၂၀၁၀ ခုနှစ်မှာ ထွက်ခဲ့တဲ့ ဒီရေမွှေးကို နာမည်ကြီး Perfumer Jean-Claude Ellena က ဖန်တီးခဲ့တာပါ။ သူက Hermès ရဲ့ ရေမွှေးတွေကို ရိုးရိုးရှင်းရှင်းနဲ့ တန်ဖိုးရှိတဲ့ ပုံစံမျိုး (Minimalist style) ဖန်တီးရာမှာ ဆရာကျတယ်လေ။

ဒီရေမွှေးက နေရာဒေသတစ်ခုကို ကိုယ်စားပြုတာမဟုတ်ဘဲ "ခရီးသွားခြင်း" (Travel / Voyage) ဆိုတဲ့ ခံစားချက်ကို အဓိက ဖော်ပြထားတာ ဖြစ်ပါတယ်။

🌿 ရနံ့ ခံစားမှု (Scent Journey)

Voyage d'Hermès က သစ်သားနံ့၊ ပန်းနံ့ နဲ့ Musk (ကတိုးနံ့) ပေါင်းစပ်ထားတဲ့ Woody Floral Musk အမျိုးအစားပါ။

စစဖြန်းလိုက်တာနဲ့ Cardamom အနံ့ကို အရင်ဆုံး ရလိမ့်မယ်။ ရေခဲရိုက်ထားသလို အေးစက်ပြီး ရှင်းသန့်တဲ့ Cardamom နံ့မျိုး ရအောင် အရည်အသွေးအရမ်းကောင်းကဲ့ rectified steam-distilled cardamom essential oil ထည့်ထားတာပါ။ သံပုရာ၊ ရှောက် (Citrus) အနံ့တွေနဲ့ Juniper Berries တွေ ပေါင်းစပ်ထားတော့ Gin & Tonic သောက်ရသလိုမျိုး ချက်ချင်း လန်းဆန်းသွားစေတယ်။

အေးမြတဲ့ spice နံ့တွေ ငြိမ်သွားတဲ့အခါ လက်ဖက် Green Tea အနံ့သင်းသင်းလေးနဲ့ ပန်းနံ့ပြေပြေလေးတွေ ထွက်လာတယ်။ ပန်းစည်းကြီး ကိုင်ထားသလိုမျိုး မဟုတ်ဘဲ ပန်းခင်းထဲ လေကောင်းလေသန့် ရှူနေရသလို ခံစားရစေတယ်။

နောက်ဆုံးမှာတော့ Jean-Claude Ellena ရဲ့ signature base note ဖြစ်တဲ့ သစ်သားနံ့ (Woody) နဲ့ White Musk အနံ့ သန့်သန့်လေး ကျန်ခဲ့မယ်။ သစ်တုံးလေး နေပူခံထားရတဲ့ အနံ့မျိုး၊ အရမ်း heavy မဖြစ်ဘဲ သန့်ရှင်းတဲ့ ခံစားချက်ကို ပေးတယ်။

🌀 Performance & Wearability

ဒါက quality and class ကိုဦးစားပေးတဲ့ perfume house က formulate လုပ်ထားတာဖြစ်လို့ အနံ့ပြင်းပြင်း ကြိုက်တဲ့သူတွေအတွက်တော့ မဟုတ်ဘူးနော်။ အနံ့ခံချိန် (Longevity) ပျမ်းမျှ ၄ နာရီ ကနေ ၆ နာရီ လောက်ပဲ ခံပါတယ်။ တနေကုန်ခံဖို့တော့ မမျှော်လင့်ပါနဲ့။

အနံ့ပျံ့လွင့်မှုက ကိုယ့်ဘေးနား ကပ်လာမှ၊ ဒါမှမဟုတ် ဖက်လိုက်မှ မွှေးတာမျိုးပါ။ တခန်းလုံး ဟွေ့နေအောင် ပျံ့တာမျိုး မဟုတ်ပါဘူး။

ဆောင်းတွင်းနေ့လည်ခင်း / နွေရာသီ နဲ့ မိုးရာသီ မှာ သုံးဖို့ အကောင်းဆုံးပဲ။ ပူနေတဲ့အချိန် ဒီအနံ့လေးရရင် စိတ်ကြည်သွားရော။

ရုံးတက်ရင် သုံးမယ်ဆိုရင် လူကြီးလူကောင်းဆန်တယ်၊ သူများကို အနှောင့်အယှက် မဖြစ်စေဘူး။ Light scent ဖြစ်လို့ Gym သွားတာပဲဖြစ်ဖြစ်၊ long haul flight လေယာဉ်စီးတာပဲဖြစ်ဖြစ် လိုက်ဖက်တယ်။

Unisex စစ်စစ်ဖြစ်လို့ ယောကျ်ားလေးရော မိန်းကလေးရော သုံးလို့ရတယ်။

🎁 ပုလင်းဒီဇိုင်း

ဒီရေမွှေးကို Review လုပ်ရင် ပုလင်းအကြောင်း မပါမဖြစ်ပဲ။

သူ့မှာ အဖုံး (Cap) မပါဘူး။ မြင်းစီးရင်သုံးတဲ့ ခြေနင်းကွင်း (Stirrup) ပုံစံမျိုး သတ္တုအကာလေး ပါတာ။ရေမွှေးဖြန်းချင်ရင် အဲ့ဒီအကာလေးကို လှည့်လိုက်ရုံပါပဲ။

ခရီးသွားတဲ့အခါ အိတ်ထဲပစ်ထည့်သွားရင် အဖုံးပျောက်မှာတို့၊ ကွဲမှာတို့ ပူစရာမလိုအောင် ဒီဇိုင်းထုတ်ထားတာ။ အရမ်းမိုက်တယ်။

🌀 ကောင်းကွက် နဲ့ လိုအပ်ချက်လေးတွေ

✅​ ဖာလာနံ့အေးအေးလေးနဲ့ Musk (ကတိုးနံ့) ပေါင်းစပ်ထားတဲ့ ဒီလိုအနံ့မျိုးက တော်တော်ရှားပါတယ်။ တခြားရေမွှေးတွေနဲ့ မတူဘဲ ဆန်းသစ်ပါတယ်။

✅ ​ကျား/မ မရွေး သုံးလို့ရသလို၊ မြန်မာလို အနောက်တိုင်းလို ဝတ်စုံပြည့်ပဲဝတ်ဝတ်၊ smart casual ပေါ့ပေါ့ပါးပါးပဲဝတ်ဝတ် အကုန်လိုက်ဖက်ပါတယ်။

✅ ​ဒီပုလင်းဒီဇိုင်းက ရေမွှေးလောကမှာ အမိုက်ဆုံး နဲ့ အထာအကျဆုံး ဒီဇိုင်းတစ်ခုပါပဲ။

✅ ​ဖြန်းလိုက်တာနဲ့ သန့်ရှင်းသပ်ရပ်ပြီး Grooming သေချာလုပ်ထားတဲ့ vibe မျိုး ချက်ချင်းရစေပါတယ်။

🚦 ​အနံ့ပျော့ပျော့သင်းသင်းပဲဖြစ်လို့ ရေမွှေးဆိုရင် အနံ့ပြင်းပြင်း၊ လေးလေးပင်ပင် ကြိုက်တဲ့သူတွေအတွက်တော့ ဒီရေမွှေးက ပျော့သလို ဖြစ်နေပါလိမ့်မယ်။

🚦 တကယ်လို့ ကိုယ်က Cardamom ရနံ့ကို မုန်းတဲ့သူဆိုရင်တော့ ဒီရေမွှေးရဲ့ အဖွင့်အနံ့ကို လုံးဝကြိုက်မှာ မဟုတ်ပါဘူး။

အနှစ်ချုပ်ရင် Hermès Voyage d'Hermès EDT က ကြိုးစားပမ်းစား မိုက်နေစရာ မလိုဘဲ အလိုလိုနေရင်း Cool ဖြစ်နေတဲ့ သူတွေအတွက်ပါ။ စာရွက်အသစ်နံ့၊ Gin & Tonic နံ့ နဲ့ လျှော်ပြီးခါစ အဝတ်အစားနံ့တွေကို ကြိုက်တယ်ဆိုရင် ဒါကို မဖြစ်မနေ ဝယ်သင့်ပါတယ်။

Rating - 8.5/10

Made in France

Imported from USA (FragranceX New York မှ ကိုယ်တိုင်တင်သွင်းလာတာ ဖြစ်ပါတယ်)

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/voyage-dhermes

Hermes Voyage d'Hermes EDT Perfume Unisex 100ml

K433,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page