top of page

Vulcan Feu ကို ဝယ်သင့်လား? မဝယ်သင့်ဘူးလား? - Honest Review

✅ French Avenue Vulcan Feu ကို ဝယ်သင့်တဲ့ အကြောင်းရင်း ၅ ချက်

👍 Macerate နှစ်ပါတ်လောက် လုပ်လိုက်ရင် beast mode နီးပါး performance ရနိုင်တယ်

အရေပြားပေါ်မှာတင် မွှေးနေရုံသက်သက်မဟုတ်ဘူး။ လေထဲမှာပါ ရနံ့က စွဲကျန်နေခဲ့တယ်။ အနံ့သင်းသင်းလေး ကျန်နေခဲ့တာကို ကြိုက်တဲ့သူတွေအတွက် ကြာကြာခံပြီး အနံ့ပျံ့လွင့်မှုအားကောင်းတယ်။

👍 ဈေးမကြီးဘဲ God of Fire Vibe ကိုရမှာ

တကယ့် luxury brand ဖြစ်တဲ့ Stéphane Humbert Lucas ရဲ့ God of Fire ရေမွှေးရနံ့ကို ကြိုက်တဲ့သူတွေ သုံးချင်အောင် scent profile idea ယူထားတဲ့ Vulcan Feu က သရက်သီးနဲ့ ပယင်းတို့ရဲ့ juicy ဖြစ်တဲ့အနံ့ကို အံ့သြစရာကောင်းလောက်အောင် ပြန်ပြီးဖန်တီးထားတာဖြစ်တယ်။ ခုလတ်တလောမှာ budget friendly perfume range မှာ popular အဖြစ်ဆုံးလို့တောင် ပြောလို့ရနိုင်တဲ့ လူကြိုက် လူမေး အရမ်းများနေတဲ့ ရေမွှေးတစ်ခုပါပဲ။

👍 Tropical scent ဖြစ်ပေမယ့် layered structure ဖြစ်တယ်

သာမန်အသီးအနံ့တစ်ခုလို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ ဂျင်း၊ သံပုရာ၊ rhubarb နဲ့ praline တို့နဲ့ ပေါင်းပြီးကစားထားတယ်။ ချိုတာသက်သက်ပဲ မဟုတ်ဘဲ texture နဲ့ movement ကိုပါ ထဲထဲဝင်ဝင် ခံစားရစေတယ်။

👍 Guaranteed Compliments ရမှာ !!

ချိုမြတဲ့ သစ်သားရနံ့ base နဲ့ လန်းဆန်းတဲ့ top note တွေက ချက်ချင်း လူတိုင်းကြိုက်နှစ်သက်စေမယ့် ရနံ့ပရိုဖိုင်းကို ဖန်တီးပေးတယ်။ လူတွေက သတိထားမိပြီး ကောင်းတယ်လို့ အမြဲပြောကြမှာပါ။

👍 ဈေးနှုန်းထက် အများကြီး ပိုတန်တဲ့ packaging/ bottle design နဲ့ ရနံ့အရည်အသွေး

ဖွဲ့စည်းပုံက niche-inspired structure ဖြစ်လို့ အရည်အသွေးကောင်းတယ် ဆိုတာ သေချာပေါက် ခံစားရတယ်။ ပါဝင်ပစ္စည်းတွေက အလွန်အမင်း expensive natural oil တွေမဟုတ်ရင်တောင်မှ ရေမွှေးပညာရှင်တစ်ယောက်ရဲ့ blending ပညာတွေကို ကောင်းကောင်းအသုံးချထားတယ်။ Packaging ရော bottle design ရော အရမ်းလှတယ်။ လက်ဆောင်ပေးဖို့ဝယ်ရင် လုံးဝခန့်တယ်။

❌ Vulcan Feu ကို ရှောင်သင့်တဲ့ အကြောင်းရင်း ၅ ချက်

👎 ချိုပြီးကလေးဆန်တဲ့ဘက် ရောက်သွားနိုင်တယ်

သရက်သီး-praline ပေါင်းစပ်မှုက gourmand ဘက်ကို နည်းနည်းရောက်သွားတယ်။ ပျော်စရာကောင်းပေမယ့် skin chemistry ပေါ်မူတည်ပြီး mature type scent ပုံစံမပေါက်ဘူး။

👎 ရုံးမှာ ဒါမှမဟုတ် formal event တွေမှာ သုံးဖို့အတွက် နဲနဲအနံ့ ထွက်အားများနိုင်တယ်

သူက extroverted scent ဖြစ်တယ်။ အာရုံစိုက်ခံချင်တဲ့ ရေမွှေးအမျိုးအစားပေါ့။ နူးညံ့သိမ်မွေ့တဲ့ ရနံ့ကို ရှာနေတယ်ဆိုရင်တော့ ဒါက projection များသွားနိုင်တယ်။

👎 အချို့သူတွေပေါ်မှာ နည်းနည်း feminine ဘက် ပိုသွားနိုင်တယ်

Creamy ဖြစ်တဲ့ အသီးအနံ့နဲ့ ပန်းရနံ့ mid notes တွေက ကိုယ့်အရေပြားပေါ်မှာ ဘယ်လိုပြောင်းလဲသလဲပေါ် မူတည်ပြီး ၅၀% ထက်ပိုပြီး feminine ဖြစ်တယ်လို့ ထင်ကောင်း ထင်ရနိုင်တယ်။

👎 Opening က synthetic ဆန်တယ်လို့ ခံစားရနိုင်တယ်

Fresh ဖြစ်တဲ့ opening က fast & loud မြန်မြန် နဲ့ ပြင်းပြင်းလေး ထွက်လာမှာဖြစ်တယ်။ အရမ်း အနံ့ခံကောင်းတဲ့သူတွေက အနံ့မငြိမ်ခင်မှာ နဲနဲလေးစူးရှတာမျိုးကို ခံစားရနိုင်တယ်။

👎 အရမ်း seasonal ဖြစ်လွန်းနိုင်တယ်

ပူနွေးတဲ့ရာသီဥတု အတွက်ဖန်တီးထားတာကြောင့် ဆောင်းရာသီ ဒါမှမဟုတ် အေးတဲ့ညနေတွေနဲ့ သိပ်အဆင်မပြေဘူး။ သူ့ရဲ့top note တွေရဲ့ အနံ့ပျံ့လွှင့်တာက အပူထဲမှာပဲ အကောင်းဆုံး အလုပ်လုပ်တယ်။

🌿 သုံးသင့်တဲ့ရာသီ

လင်းလင်းထင်းထင်းနဲ့ tropical ဆန်တဲ့ရနံ့မျိုးဖြစ်လို့ အဓိကကတော့ ပူတဲ့ရာသီနဲ့ casual day out တို့ အားလပ်ရက်ခရီးထွက်တဲ့အချိန်တွေတို့ အတွက်ပါ။

✅ ၅၀ မီလီပုလင်းလေးကိုတောင် ဆယ်သိန်းကျော်တဲ့ God of Fire ရဲ့ သရက်သီး-ပယင်း vibe ကို luxury ဈေးမပေးချင်ဘူးဆိုရင် ဒါက လုံးဝ လုံးဝကို သုံးပျော်တဲ့ alternative တစ်ခုပါ။ Performance သင့်တယ်၊ ပုလင်းဒီဇိုင်းကလည်းလှတယ်၊ တန်ဖိုးကလည်း အရမ်းတန်ပါတယ်။

❎ ဒါပေမဲ့ အချိုကဲတဲ့အနံ့တွေ၊ အသီးရနံ့မျိုးတွေကို မကြိုက်ဘူးဆိုရင် ဒါမှမဟုတ် အချိန်အခါမရွေးသုံးနိုင်မယ့် intimate ဖြစ်တဲ့ ရေမွှေးမျိုးကို လိုချင်တယ်ဆိုရင်တော့ ဒါက အဆင်ပြေမှာ မဟုတ်ပါဘူး။

👍 Performance က ဝယ်ပြီး ပုလင်းဖောက် စသုံးတဲ့အချိန်မှာလည်း အတော်အသင့်ကောင်းနေပြီ ဖြစ်ပေမယ့် အများက hype နေသလိုတော့ hyper beast အရမ်းကြီးလန်ပျံအောင် ကောင်းတာမျိုးတော့ မဟုတ်ပါဘူး။ သုံးဖူးသူတော်တော်များများက နှစ်ပါတ် သုံးပါတ်လောက် macerate လုပ်ထားလိုက်ရင် အနံ့က ပိုပြီးပြေပြစ်ချောမွေ့သွားပြီး ပိုပြီး performance ကောင်းလာတယ်လို့ ဆိုကြပါတယ်။ Honestly speaking ဆိုရင် near beast mode လောက်ဆို ပိုမှန်ပါမယ်။

French Avenue Vulcan Feu Eau de Parfum Unisex (In stock)

# 100ml - K 179,000

# 10ml decant (glass sprayer) - K 27,000

# 10ml decant (aluminium sprayer) - K 29,000

# 37ml decant (glass sprayer) - K 79,000

🌿 Fragrance Notes

Top Notes: သရက်သီး၊ သံပုရာ၊ ဂျင်း၊ Rhubarb

Heart Notes: Pink Pepper၊ စံပယ်၊ Praline၊ Violet

Base Notes: Ambergris၊ Tonka Bean၊ Cedarwood၊ Moss

Made in UAE

Imported from UAE

Sealed original retail packaging (for 100ml)

Official website -

https://www.yangonbrandedperfume.com/product-page/vulcan-feu

French Avenue Vulcan Feu Eau de Parfum Unisex 100ml / 10ml & 37ml decant

K175,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page