top of page

​မင်္ဂလာပါ! ဒီနေ့ review ပေးမယ့် ရေမွှေးကတော့ Maison Margiela ရဲ့ Replica series ထဲက "Whispers in the Library" ပါ။ နာမည်လေးအတိုင်းပဲ "စာကြည့်တိုက်ထဲက တိုးတိုးလေးပြောသံတွေ" ပေါ့။

🌿 ​Feeling ကဘယ်လိုလဲ?

ဒီရေမွှေးက "Dark Academia" vibe ကို အပြည့်အဝပေးတယ်။ စာကြည့်တိုက်အကြီးကြီးတစ်ခုထဲ ရောက်သွားသလိုမျိုး၊ သစ်သားစင်တွေ၊ စာရွက်အဟောင်းတွေရဲ့ရနံ့၊ ဖယောင်းနံ့သဲ့သဲ့လေး ... အဲ့ဒီလို mood မျိုးကို ဖမ်းထားတာ။ စိတ်ကိုငြိမ်ပြီး cozy ဖြစ်စေတဲ့ ရနံ့မျိုးပါ။

ဒီရေမွှေးကို ဖျန်းလိုက်တဲ့အခါ၊ အနံ့ခံစားသူဟာ ၁၉၉၇ ခုနှစ်က Oxford မြို့က သစ်သားစာအုပ်စင်တွေရှိတဲ့ စာကြည့်တိုက်ကြီးတစ်ခုထဲကို ရောက်သွားသလိုမျိုး ခံစားရစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

🌿 ​အနံ့က ဘာတွေအဓိကပါလဲ?

Top note မှာ Pepper ငရုတ်ကောင်းနံ့လေးနဲ့ နည်းနည်း spicy ဖြစ်သလို စဖွင့်တယ်။ ဒါပေမဲ့ တအားကြီး မစပ်ဘူး၊ နည်းနည်းလေးပဲ နှာခေါင်းကို လာတို့တာမျိုး။ ပြီးတော့ သစ်သား (Cedar) နံ့အေးအေးလေးက ပါလာတယ်။

ခဏနေရင်တော့ pepper နံ့က တဖြည်းဖြည်း မှေးမှိန်သွားပြီး၊ အဓိက vibe ဖြစ်တဲ့ သစ်သားနံ့ရယ်၊ စက္ကူအဟောင်း (Old Paper) နံ့လိုမျိုး ခပ်ဆွေးဆွေး ရနံ့လေးတွေ ရောလာတယ်။ အဲ့လိုခံစားရတာက ဖယောင်းတိုက်ထားတဲ့ သစ်သားစာအုပ်စင်တွေကြားမှာ စာအုပ်တစ်အုပ်ကို ဖွင့်လိုက်ရသလိုမျိုးပဲ။

​အဆုံးသတ်မှာကျတော့ Vanilla, Benzoin, Tonka Bean တို့ကြောင့် ချိုတဲ့အနံ့လေးတွေက နူးညံ့စွာ ဝင်လာတယ်။ ချိုတယ်ဆိုပေမယ့် မလွန်ဘူး၊ သစ်သားနဲ့ ပေါင်းစပ်ပြီး နွေးနွေးထွေးထွေး၊ ခပ်ဆွေးဆွေးလေး ကျန်ခဲ့တာ။ တအားကို Cozy ဖြစ်တဲ့ အနံ့မျိုးပေါ့။

🌿 ​ဘယ်သူတွေနဲ့လိုက်လဲ?

Unisex ပါ။ ယောကျ်ားလေး၊ မိန်းကလေး ကြိုက်တဲ့သူဆွတ်လို့ရတယ်။

ဒီရေမွှေးက "စာကြည့်တိုက်ထဲက တီးတိုးသံ" ဆိုတဲ့ နာမည်နဲ့ တကယ်လိုက်တယ်။ တအားအေးဆေးတယ်၊ နွေးထွေးတယ်၊ ပြီးတော့ စာဖတ်ဝါသနာပါတဲ့၊ ဉာဏ်ပညာရှိတဲ့ လူတစ်ယောက်ရဲ့ ပုံရိပ်ကို ဖော်ဆောင်ပေးတယ်။

❣️ ​စာအုပ်ကြိုက်တဲ့သူတွေ၊ introverted ဖြစ်တဲ့သူတွေ၊ ကိုယ့်ရဲ့ personal space ထဲမှာ အေးအေးဆေးဆေးနေရတာကြိုက်တဲ့သူတွေနဲ့ ရှယ်လိုက်တယ်။

❣️ ​Cozy vibe ကိုကြိုက်တဲ့သူတွေ၊ မိုးအေးအေးမှာ ကော်ဖီလေးသောက်ရင်း စာအုပ်ဖတ်ရတာ၊ sweater အနွေးထည်လေးတွေ ဝတ်ရတာကြိုက်တဲ့သူတွေရဲ့ signature scent ဖြစ်နိုင်တယ်။

❣️ ​ရေမွှေးနံ့ပြင်းပြင်းတွေမကြိုက်တဲ့သူတွေ၊ ရေမွှေးဆွတ်ထားမှန်း သိသိသာသာကြီး မဟုတ်ဘဲ "သူ့ဆီက သင်းသင်းလေးမွှေးနေတာ" ဆိုတဲ့ vibe မျိုးလိုချင်တဲ့သူတွေနဲ့ ကိုက်တယ်။

❣️ ​ရုံးသွား၊ အလုပ်လုပ်၊ ဒါမှမဟုတ် အေးဆေး စာကြည့်တိုက်မှာ စာဖတ်ရင်း chill မယ့်နေ့တွေမှာ ဆွတ်ဖို့ အရမ်းကောင်းတယ်။

🌿 ၀ယ်ရခက်တဲ့ rare gem လေးပါ

ဒီရေမွှေးက discontinued (ထုတ်လုပ်တာ ရပ်သွားပါပြီ)။ အခုတော်တော်ရှားသွားပြီ၊ ရှာရခက်သလို တွေ့ရင်လည်း ဈေးက reseller တွေလက်ထဲမှာ တော်တော်မြင့်နေတတ်တယ်။ အခုလို့ ဈေးသင့်သင့်လေးရတာ တန်ပါတယ်။

Maison Margiela ရဲ့ 'Replica' ရေမွှေးလိုင်းဟာ ရိုးရိုးရေမွှေးလိုင်းတစ်ခုထက် အချိန်ကာလတစ်ခု၊ နေရာတစ်ခုနဲ့ ခံစားချက်တစ်ခုကို ပြန်လည်ဖန်တီး replicate လုပ်ပေးတဲ့ အနံ့ (Memory in a Scent) အဖြစ် နာမည်ကြီးပါတယ်။

​သူတို့ရဲ့ ရည်ရွယ်ချက်က အနံ့ကိုသုံးပြီး လူတစ်ယောက်ရဲ့ အမှတ်ရစရာ၊ သက်တောင့်သက်သာဖြစ်စေတဲ့ သို့မဟုတ် နူးညံ့တဲ့ အတွေ့အကြုံတွေကို ပြန်ပြီး အသက်သွင်းဖို့ပါ။

​ခြုံပြောရရင် Whispers in the Library က တကယ်ကို နာမည်နဲ့လိုက်တဲ့၊ သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိတဲ့ woody-vanilla ရေမွှေးကောင်းတစ်လုံးပါ။ စာဖတ်ရတာ ကြိုက်တဲ့သူ၊ Wood Base အနံ့တွေရယ်၊ နွေးနွေးထွေးထွေး Cozy ဖြစ်တဲ့ Vanilla နံ့တွေရယ်ကို သဘောကျတဲ့သူတွေအတွက် 'Whispers in the Library' က ရှယ်ပဲ။ Quality ကောင်းပြီး ဈေးနှုန်းလည်း သက်သာတာမို့ စမ်းသုံးကြည့်ဖို့ အကြံပြုချင်ပါတယ်။

Maison Margiela Whispers In The Library EDT Perfume 100ml - K 469,000 (In stock)

Made in France

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/whispers-in-the-library

📩 Customer Service Viber 👉 0943065356 တစ်ခုပဲသုံးပါတယ်

Maison Margiela Whispers In The Library EDT Perfume 100ml

K469,000.00Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page