Xerjoff Decas 100ml Unisex Eau de Parfum - K 869,000 (In stock)
Office friendly ဖြစ်တဲ့ အီတလီ niche ရေမွှေး - Xerjoff Decas
Decas ဆိုတာ Xerjoff ရဲ့ နာမည်ကြီး 1861 collection ၁၀ နှစ်ပြည့်အနေနဲ့ ထုတ်လုပ်ခဲ့တဲ့ Unisex Niche Perfume တစ်မျိုးပါ။ သူက Luxury ဖြစ်ပေမယ့် အနံ့ပြင်းတဲ့ ပုံစံမျိုးမဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ တည်ငြိမ်ပြီး Classy ဖြစ်တဲ့၊ ကြွားစရာမလိုဘဲ Luxury ဖြစ်နေတဲ့ Vibe မျိုးပါ။
🎨 Scent Profile & Notes (အနံ့ဖွဲ့စည်းပုံ)
Top: Calabrian/Brazilian Mandarin (လိမ္မော်), Tuberose, Tobacco
Heart: Benzoin, Opoponax, Italian Orris
Base: Musk, Tolu Balsam, Bourbon Vanilla
အဖွင့်မှာ Citrus ဆန်ဆန် Bright ဖြစ်ပြီး ပန်းနံ့သင်းသင်းလေးနဲ့ စဖွင့်တယ်။ ခဏနေရင် Amber နဲ့ Resin အနံ့ဘက်ကူးသွားပြီး နည်းနည်း Powdery ဖြစ်တဲ့ဘက်ကို ရောက်သွားတယ်။ Dry down (အနံ့အဆုံး) မှာတော့ Vanilla နဲ့ Musk ပေါင်းစပ်ထားတဲ့ နွေးထွေးအိစက်တဲ့ အနံ့လေး ကျန်ခဲ့ပါတယ်။
အတိုချုပ်ပြောရရင် - လတ်ဆတ်မယ် → နွေးထွေးမယ် → အီလည်လည်မဖြစ်ဘဲ Cozy ဖြစ်သွားမယ်။
🧠 First Impressions — တကယ်ရတဲ့ အနံ့က ဘယ်လိုလဲ?
အဖွင့်မှာ Mandarin လိမ္မော်နံ့ လတ်လတ်ဆတ်ဆတ်ရမယ်။ Tuberose ကြောင့် Creamy ဖြစ်ပြီး နည်းနည်းချိုတဲ့ အငွေ့အသက်လေး ပါတယ်။ တချို့ကတော့ အဖွင့်မှာ သကြားလုံး (Candy) အနံ့လေးနဲ့တောင် တူတယ်လို့ ပြောကြတယ်။
ခဏနေရင် Opoponax နဲ့ Benzoin ကြောင့် နွေးထွေးတဲ့ အချိုနံ့လေးမျိုးရပြီး Iris note ကြောင့် Dior Homme Parfum မှာရတတ်တဲ့ iris အနံ့ သင်းသင်းလေး ထွက်လာတယ်။
သူ့ရဲ့ Dry Down က Vanilla + Musk + Balsam note တွေ ပေါင်းထားလို့ မွှေးပွစောင်လေး ခြုံထားသလိုမျိုး နွေးထွေးပြီး အိစက်နေတဲ့ ခံစားချက်ကို ပေးတယ်။
သူက Balance အရမ်းဖြစ်တယ်။ လူတိုင်းနီးပါး ကြိုက်နိုင်တဲ့အနံ့မျိုး။ ဒါပေမဲ့ ပန်းနံ့ပျော့ပျော့လေးတွေ၊ ပေါင်ဒါအနံ့လေးတွေ မကြိုက်ရင်တော့ သဘောကျချင်မှ ကျလိမ့်မယ်။
📊 Performance: Longevity & Projection
Review တော်တော်များများကတော့ Longevity (အနံ့ခံချိန်) ရှယ်ကောင်းတယ်လို့ ပြောကြတယ်။ အဝတ်ပေါ်မှာ ၈ နာရီကနေ ၁၀ နာရီကျော်အထိ ခံတယ်။
Sillage (အနံ့ပျံ့လွင့်မှု) က Moderate ပါ။ ကိုယ့်အနားကပ်မှ သင်းနေမယ့် Type မျိုး။ 100% office safe ဖြစ်တယ်။
(သတိပြုရန် - ကိုယ့်ရဲ့ environment / ambience temperature နဲ့ ရာသီဥတုပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။ ပူအိုက်တဲ့အချိန်ဆိုရင်တော့ အနံ့က ပိုပြီး Project ဖြစ်နိုင်ပါတယ်)
💭 Pros & Cons
✔ Unisex - ယောကျ်ားဆန်လွန်းတာ၊ မိန်းမဆန်လွန်းတာမျိုး မဟုတ်ဘဲ ကြားကျတဲ့အတွက် ဘယ်သူမဆို သုံးလို့ရတယ်။ အချိုကဲတာမျိုး မဟုတ်ဘဲ Cozy ဖြစ်တယ်။ Smooth ဖြစ်ပြီး Classy ဆန်တဲ့ Unisex vibe ရှိတယ်။
✔ Citrus ကနေ Warm Amber ဘက်ပြောင်းသွားတဲ့ Evolution က မိုက်တယ်။
✔ Day or Night? - နေ့ရောညရော သုံးလို့ရပေမယ့် သူ့ရဲ့ Warm base ကြောင့် ဆောင်းရာသီတို့၊ ညဘက်တို့နဲ့ဆို ပိုပြီး အနံ့ထွက်တယ်။ နွေးထွေးပေမယ့် အရမ်းကြီး လေးလံမနေဘူး။
✔ Unique ဖြစ်ချင်သူတွေအတွက် ကောင်းတယ်။ သမားရိုးကျ Sweet Gourmand (မုန့်နံ့) တွေ ရိုးနေပြီး Classy ဖြစ်တဲ့ Niche ရေမွှေးကောင်းကောင်း ရှာနေရင် ဒါမျိုးက အဆင်ပြေတယ်။
❌ Iris ၊ Creamy Floral note တွေမကြိုက်ရင်၊ ဒါမှမဟုတ် Beast Mode (အနံ့အရမ်းပြင်းတာ) ကြိုက်တဲ့သူဆိုရင်တော့ ဒီကောင်က အဆင်ပြေမှာ မဟုတ်ဘူး။
❌ Niche ဖြစ်လို့ ဈေးနဲနဲကြီးတယ်
🎯 Character & Personality
Decas က ကိုယ့်သူငယ်ချင်းတွေထဲက စကားအများကြီးမပြောဘဲ စမတ်ကျ၊ Chill ဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်လိုပဲ။ ကြွားလုံးမထုတ်ဘူး၊ ဒါပေမဲ့ အမြဲတမ်း Good smell ဖြစ်နေတယ်။ Smooth ဖြစ်တယ်၊ နည်းနည်းချိုတယ်၊ Sexy ဖြစ်တဲ့ Resinous backbone ရှိတယ်။ Tobacco ပါတယ်ဆိုပေမယ့် စူးရှရှကြီးမဟုတ်ဘဲ ရေမွှေးကို ပိုပြီး Depth ရှိသွားအောင် ထည့်ထားတဲ့သဘောမျိုးပဲ။
📌 Final Verdict
Xerjoff Decas က Unisex niche လောကမှာ Modern Classic တစ်ခုပါပဲ။ Citrus ၊ Resins ၊ Vanilla နဲ့ Musk တို့ ပေါင်းစပ်ထားတာမို့ Old-fashioned မဖြစ်ဘဲ Refined ဖြစ်တယ်၊ Warm ဖြစ်တယ်၊ Cozy ဖြစ်တယ်။ အနံ့ပြင်းပြင်းကြီးတွေထက်စာရင် တည်ငြိမ်ပြီး Elegant ဖြစ်တဲ့ Luxury scent မျိုးကြိုက်ရင် ဒါက Safe Blind Buy ပါပဲ။
ကိုယ့်ရေမွှေးစင်ပေါ်မှာ တင်ထားရင်လည်း Xerjoff ရဲ့ X လိုဂိုနဲ့ leather ရေမွှေးဗူးခွံအကြီးကြီး / ပုလင်းကလဲ heavy gold cap နဲ့မို့ expensive look ရှိမယ်၊ ပြီးတော့ "ပုလင်းထဲထည့်ထားတဲ့ နွေးထွေးတဲ့ Hug" လို ခံစားရစေမယ့် ရေမွှေးမျိုးလိုချင်ရင် Decas ကို ရွေးလိုက်ပါ။
Official website -
https://www.yangonbrandedperfume.com/product-page/xerjoff-decas
Made in Italy
Sealed original retail packaging (Xerjoff ရေမွှေးတွေရဲ့ထုံးစံအတိုင်း ပက်ကင် သုံးထပ်နဲ့လာပါတယ်)
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K869,000.00Price
bottom of page
