ကဲ ... ဒီနေ့တော့ niche perfume လောကမှာ တော်တော်လေး hype ဖြစ်နေတဲ့ Xerjoff ရဲ့ Erba Pura အကြောင်း ပြောကြမယ်။
ပြောရရင် ဒီ Erba Pura က တကယ့်ကို phenomenon တစ်ခုလို ဖြစ်နေပြီ။ တချို့ကတော့ ဒါကို "compliment magnet" (ဘေးကလူတွေ ချီးကျူးမဆုံးတဲ့ ရေမွှေး) လို့ ပြောကြပြီး၊ တချို့ကကျတော့ "synthetic fruit bomb" (synthetic နံ့ဆန်တဲ့ အသီးနံ့ပြင်းပြင်း) လို့ ပြောကြတယ်။ ကဲ... ဘာလဲဆိုတာ တစ်ချက်ချင်း ကြည့်ရအောင်။
🌿 First Spray - စစဖြန်းချင်းမှာပဲ ... ဒိုင်းခနဲ ခံစားရမှာက Sicilian လိမ္မော်၊ Calabrian ရှောက်နံ့နဲ့ သံပုရာနံ့တွေ ရောထားတဲ့ အသီး cocktail လိုပဲ။ မြေထဲပင်လယ်က နေရောင်ခြည်ကို ပုလင်းထဲ ထည့်ထားသလိုမျိုးပဲ။ အဲ့ဒီ opening က လုံးဝလန်းဆန်းပြီး တောက်ပနေတာ ... ပင်လယ်ကြီးကို ကြည့်နေရတဲ့ villa တစ်ခုမှာ လိမ္မော်သီးခွာလိုက်သလိုပဲ။
🌿 Heart Notes - ဒီနေရာမှာပဲ လူကြိုက်ကွဲတာ။ Xerjoff ကတော့ "မြေထဲပင်လယ် အသီးများ" လို့ ပြောတယ်။ ကျွန်တော့နှာခေါင်းထဲမှာတော့ မှည့်ရွှမ်းနေပြီး သကြားလုံးလို ချိုနေတဲ့ အသီးနံ့မျိုးပဲ။ ရဲတယ်၊ ချိုတယ်၊ ဈေးကြီးတဲ့ fruit sorbet စားနေရသလိုပဲ။ ဈေးပေါတဲ့ မုန့်အနံ့မျိုးလုံးဝမဟုတ်။
🌿 Dry Down - နည်းနည်းကြာသွားတဲ့အခါ base note တွေဖြစ်တဲ့ white musk၊ amber နွေးနွေးနဲ့ တကယ့်ကို နူးညံ့ချောမွေ့တဲ့ vanilla နံ့က ဝင်လာရော။ ဒါတွေကြောင့်ပဲ Erba Pura ရဲ့ signature အနံ့က ချိုပြီး၊ musk နံ့သင်းသင်းနဲ့ နွေးထွေးပြီးတော့ စွဲကိုစွဲစေတာ။
🔥 Performance (ခံလား၊ မခံလား)?
ပြောစရာကိုမလိုဘူး။ သူ့နာမည်ကြီးတာ အဲ့ဒီအတွက်ပဲ။ ၈ နာရီအထိ အေးဆေးခံတယ်။ အင်္ကျီပေါ်မှာဆို နောက်နေ့ထိ အနံ့ကျန်တုန်း။
🔥 Projection (အနံ့ပြန့်လွင့်မှု)?
နည်းနည်းများများလေး ဖြန်းလိုက်တာနဲ့ အခန်းတစ်ဖက်ကလူတောင် သတိထားမိတယ်။ သူက အငြိမ်လေး ကပ်နေမယ့် ရေမွှေးမျိုးမဟုတ်ဘူး။
ဒါပေမဲ့ တစ်ခုတော့ရှိတယ် ... အများကြီးဖြန်းမိရင်၊ အထူးသဖြင့် ပူတဲ့ရာသီဥတုမှာဆို ချက်ချင်း အီလည်လည် ဖြစ်သွားနိုင်တယ်။ နဲနဲလျှော့သုံးဖို့လိုပါတယ်။
🌿 ဘယ်လိုနေရာမျိုးနဲ့ လိုက်ဖက်လဲ?
Aircon environment အေးအေးဆေးဆေး သုံးဖို့နဲ့ နွေးနွေးထွေးထွေး ညနေခင်းတွေ၊ ခရီးသွားတဲ့အခါ၊ ညဘက်အပြင်ထွက်တဲ့ အချိန်တွေပေါ့။ အရေးကြီး meeting သွားတက်ဖို့တော့ မကောင်းဘူး။ နည်းနည်းပြင်းပြီး projection များလွန်းနိုင်တယ်။ ဒါပေမဲ့ လူမှုရေးပွဲတွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ဖို့အတွက်ဆိုရင်တော့ Erba Pura က ဆွဲဆောင်မှုအပြည့်ပဲ။
🌿 ကျွန်တော့ရဲ့အဆုံးသတ်သုံးသပ်ချက်?
မိတ်ဆွေက နူးညံ့ပြီး နက်နဲရှုပ်ထွေးတဲ့ အနံ့မျိုးကို လိုချင်တာဆိုရင်တော့ စိတ်ပျက်သွားလိမ့်မယ်။ ဒါပေမဲ့ ပေါ်ပေါ်ထင်ထင် အသီးနံ့ကဲကဲနဲ့ performance အမိုက်စား ရေမွှေးကို ရှာနေတာဆိုရင်တော့ Erba Pura က ဒီလိုင်းမှာ အကောင်းဆုံးထဲက တစ်ခုပဲ။
// Scent profile — 8/10
// Performance — 9/10 (သုံးခဲ့သမျှတွေထဲမှာ အကြာဆုံးခံတာတွေထဲက တစ်ခု)
// Bottle/ Presentation - 9/10
// Value — Retail price SGD 356 ရှိတာမို့ K 720,000 လောက်နဲ့ရတာ ပက်ပက်စက်စက် တန်တာပါပဲ
❣️ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ Erba Pura ဆိုတာက မိတ်ဆွေတစ်သက် မမေ့နိုင်မယ့် beast mode high performance ရေမွှေးကောင်းတစ်ခု ဖြစ်နေမှာ အသေအချာပါပဲ။
Xerjoff Erba Pura Eau de Parfum for Men & Women 100ml Tester Packaging - K 720,000
Ready in stock
Made in Italy
Official website -
https://www.yangonbrandedperfume.com/product-page/xerjoff-erba-pura
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K720,000.00Price
bottom of page
