top of page

Xerjoff Naxos Eau de Parfum Unisex 100ml - K 829,000 (In stock)

လူတွေကြားမှာ ထင်ရှားမည့် Xerjoff Naxos Eau de Parfum

Xerjoff Naxos က sweet & sophisticated ဖြစ်ပြီး timeless ဖြစ်တဲ့ Oriental Fougere scent type masterpiece တစ်ခုပါ။ Barbershop အနံ့၊ ပျားရည်၊ Vanilla၊ ဆေးရွက်ကြီးတွေကို လှလှပပ ရောထားတဲ့ အီတလီရေမွှေးဖြစ်ပါတယ်။

အနံ့က Rich ဖြစ်ပေမယ့် Overpowering မဖြစ်ဘူး၊ Sweet ဖြစ်ပေမယ့် ကလေးဆန်တာမျိုးမဟုတ်ဘူး၊ Sexy ဖြစ်ပေမယ့် အတင်းလုပ်ယူနေတာမျိုးမဟုတ်ဘူး။

☢️ Fragrantica perfume rating 4.5 out of 5 with 14,461 votes

🌀 Scent Profile

🌿 Opening – လန်းဆန်း၊ နူးညံ့ပြီး ထင်ပေါ်

ပထမဆုံး spray ဖျန်းလိုက်တာနဲ့ Naxos က သူ့ရဲ့ character ကို သိသိသာသာ ပြပါတယ်။ Bergamot နဲ့ Lemon တို့ရဲ့ လန်းဆန်းတဲ့ citrus ရနံ့က အရင်ဆုံးပြေးဝင်လာမှာပါ။ ဒါပေမယ့် သာမန်နွေရာသီသုံး ရေမွှေးတွေလို စူးလွန်းတဲ့ ခံစားမှုမျိုးတော့ မဟုတ်ပါဘူး။ သူ့ရဲ့ လန်းဆန်းမှုက creamy ဖြစ်ပြီး နူးညံ့တဲ့ပုံစံမျိုးပါ။ Lavender ရနံ့က အဲ့ဒီလန်းဆန်းမှုကို ချက်ချင်းပြန်ထိန်းပေးပြီး barbershop ရနံ့ဘက်ကို နည်းနည်းရောက်သွားစေတယ်။ ဒါပေမယ့် ခေတ်ဟောင်းကြီးလို old-school vibe မျိုးတော့လုံးဝမပေးပါဘူး။ သန့်ရှင်းတယ်၊ ဒါပေမယ့် perception မှာ rich ဖြစ်တယ်။

ခံစားမှုက နွေးထွေးပြီး ဆွဲဆောင်မှုရှိတယ်။ အဝတ်ခြောက်စက်ကနေ အခုမှထုတ်ထားတဲ့ နွေးနွေးထွေးထွေး မျက်နှာသုတ်ပဝါတစ်ထည်က စားချင်စဖွယ်ရနံ့မျိုး ထွက်နေသလိုပဲ။

🌿 Middle – ပျားရည်ရဲ့ နွေးထွေးမှု

Opening ရနံ့တွေ တဖြည်းဖြည်း လွင့်ပျယ်သွားတဲ့အခါ ရေမွှေးရဲ့ အသည်းနှလုံးဖြစ်တဲ့ heart note တွေကနေရာယူလာပါတယ်။ အဲ့ဒီအချိန်မှာမှ တကယ့်အလှတရားက ပေါ်လွင်လာတာပါ။ Honey (ပျားရည်) နဲ့ Cinnamon က ဇာတ်ဆောင်နေရာကနေ ပါဝင်လာပါပြီ။

ဒီအချိုရနံ့က ပေါပေါပဲပဲ ချိုတဲ့အနံ့တုမျိုးမဟုတ်ဘဲ တကယ့်ကို နက်ရှိုင်းပြီး စားချင်စဖွယ်ဖြစ်လောက်အောင် ဆွဲဆောင်မှုရှိတဲ့ (gourmand) ရနံ့မျိုးပါ။ ပျားရည်ကလည်း ပျစ်ပျစ်နှစ်နှစ်ရွှေဝါရောင်ပျားရည်စစ်စစ်လို ခံစားရပြီး သစ်ကြံပိုးခေါက်ရဲ့ ပူရှိန်းရှိန်း spicy ရနံ့က သူ့ကိုထောက်ပံ့ပေးထားတယ်။ Cashmeran ကလည်း ဒီအဆင့်မှာ smooth ဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ musk ရနံ့သင်းသင်းလေးကို ထပ်ပေါင်းပေးပါတယ်။

ဒီအဆင့်မှာ Naxos က luxury ဆန်ပြီး နည်းနည်း hedonistic (ကိုယ့်ကိုကိုယ် ဇိမ်ခံတဲ့) vibe ကို စပေးပါပြီ။ ချိုပေမယ့် heavy ဖြစ်ပြီးအီမနေဘူး၊ မြေကြီးနံ့ဘက်ကို နည်းနည်းဆန်တဲ့အတွက် grounded ဖြစ်တယ်။

🌿 Base - Tobacco နဲ့ Vanilla ရဲ့ ညှို့ဓာတ်

Dry down stage မှာ Naxos ဟာ ချိုမြတဲ့ Tobacco အနံ့သင်းသင်းလေးကို ပြောင်းသွားပါတယ်။ ဒီမှာပါတဲ့ Tobacco က ပြင်းရှရှ ဆေးလိပ်နံ့မျိုးမဟုတ်ဘဲ pipe ထဲထည့်သုံးတဲ့ ဆေးရွက်ကြီးလိုမျိုး နူးညံ့ပြီး မီးခိုးနံ့ပျော့ပျော့လေးပဲ ပါပါတယ်။

Tonka Bean နဲ့ Vanilla တို့ပေါင်းစပ်လိုက်တဲ့အခါ creamy ဖြစ်ပြီး powder နံ့သင်းသင်းလေးနဲ့ အသားပေါ်မှာ အရမ်းကိုလှပစွဲကျန်နေခဲ့မှာပါ။ လူတွေကို သင့်အနားတိုးကပ်လာစေမယ့် စားချင်စရာကောင်းလောက်တဲ့ နွေးထွေးမှုမျိုးကို ပေးပါတယ်။

📶 စွမ်းဆောင်ရည်နှင့် ကြာရှည်ခံမှု

ကိုယ်တိုင်စမ်းကြည့်တာ တီရှပ်ပေါ်မှာ 10 နာရီလောက်အထိ အေးဆေးခံတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် အနဲံ့ရတဲ့အချိန်ကွာနိုင်ပေမယ့် Naxos က beast mode performance လို့တောင်ပြောလို့ရတယ်။

သုံး လေးချက်လောက် ဖျန်းတာနဲ့ အခန်းတစ်ခုလုံးကို မွှေးသွားစေနိုင်တယ်။ အများကြီးဖျန်းမိရင်တော့ ဘေးကလူကို အနှောင့်အယှက်ဖြစ်စေနိုင်လို့ သတိထားပါ။ ယုံကြည်မှုရှိရှိနဲ့ သုံးဖို့အကောင်းဆုံးပါ။

🗓️ ဘယ်အချိန်သုံးလို့ကောင်းလဲ

Naxos က အေးတဲ့ ဆောင်းဦး / ဆောင်းရာသီ၊ အေးတဲ့ နွေဦးညတွေမှာ အသင့်တော်ဆုံးပဲ။ ညနေပွဲတွေ၊ ညစာစားပွဲတွေ ဒါမှမဟုတ် ခန့်ညားပြီး ဆွဲဆောင်မှုရှိချင်တဲ့ အခြေအနေတွေအတွက် အကောင်းဆုံးပဲ။ ပူအိုက်တဲ့နေ့တွေမှာတော့ လေအေးပေးစက်အပြည့်ဖွင့်ထားတဲ့ နေရာမျိုးမဟုတ်ရင် သိပ်မသင့်တော်ဘူး။

🙋 ဘယ်သူတွေအတွက်လဲ

Naxos က ကျားမမရွေး သုံးလို့ရပေမဲ့ ဆေးရွက်ကြီးနဲ့ လာဗင်ဒါကြောင့် အမျိုးသားဆန်တဲ့ဘက်ကို နည်းနည်းလေး ယိမ်းတယ်။ ဒါပေမဲ့ ချိုတဲ့၊ မီးခိုးနံ့ပါတဲ့၊ အစပ်ရနံ့နဲ့ နက်ရှိုင်းမှုကို ကြိုက်တဲ့ အမျိုးသမီးတွေလည်း ယုံကြည်မှုရှိရှိ သုံးနိုင်တယ်။

Xerjoff Naxos က ချိုမြိန်တယ် လက်ရာမြောက်တယ်။ ပုံမှန် barber shop ရနံ့တွေကို ရွှေရောင်ပျားရည်၊ သက်တောင့်သက်သာရှိတဲ့ ဗနီလာ၊ မြေကြီးနံ့ပါတဲ့ ဆေးရွက်ကြီးတို့နဲ့ ပေါင်းစပ်ထားတာက ခေတ်မီဆန်းသစ်တယ်လို့ ခံစားရစေတယ်။ ဈေးနဲနဲများပေမယ့် တခြားသူတွေလှည့်ကြည့်စေပြီး မှတ်ဉာဏ်ထဲမှာ စွဲမြဲနေမယ့် ကိုယ်ပိုင်ရနံ့တစ်ခုကို လိုချင်တယ်ဆိုရင် Naxos က တန်ပါတယ်။

✅ Packaging ပိုင်းမှာလည်း သားရေနဲ့ သေသေချာချာလုပ်ထားတဲ့ Xerjoff branded luxury gift box နဲ့မို့ လက်ဆောင်ပေးမယ်ဆိုရင် အရမ်းကို smart ဖြစ်ပြီး အမြင်လှပါတယ်။

Made in Italy

Sealed original retail packaging

Official website -

https://www.yangonbrandedperfume.com/product-page/xerjoff-naxos-edp-unisex-perfume-100ml

Reviews -

https://www.fragrantica.com/perfume/Xerjoff/XJ-1861-Naxos-30529.html

Xerjoff Naxos Eau de Parfum 100ml

MMK 829,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page