Business Executive တွေထဲမှာမှ အနံ့ပြင်းပြင်းတွေ မကြိုက်ဘူး၊ သန့်သန့်ရှင်းရှင်းနဲ့ လူကြီးလူကောင်းဆန်တဲ့ Clean & Fresh vibe ကို ကြိုက်တဲ့သူတွေအတွက်ဆို ဒီ Xerjoff Renaissance က အကောင်းဆုံး လက်ဆောင်ပါပဲ။
Xerjoff Renaissance Eau de Parfum 100ml - K 899,000 (In stock)
🇮🇹 Italian Luxury (Niche Brand)
ဒါက ရိုးရိုး Designer Brand မဟုတ်ပါဘူး။ အီတလီ Luxury Niche Brand ဖြစ်လို့ ပုလင်းဒီဇိုင်းကအစ အရမ်းကို ခန့်ထည်ပါတယ်။ လက်ဆောင်ပေးလိုက်ရင် တန်ဖိုးရှိမှန်း တန်းသိသာစေမယ့် ပစ္စည်းမျိုးပါ။
🍋 အနံ့ပုံစံ (The Scent)
// Real Citrus Note - သူ့ရဲ့ အားသာချက်က သဘာဝဆန်မှု ပါပဲ။ ဈေးပေါတဲ့ ရေမွှေးတွေလို ဓာတုဆေးနံ့၊ ချိုချဉ်နံ့တွေ လုံးဝမပါဘဲ၊ အီတလီက အကောင်းစား သံပုရာသီး၊ လိမ္မော်သီးအစစ်ကို လှီးလိုက်သလိုမျိုး လတ်ဆတ်တဲ့အနံ့ (Photorealistic Citrus) ထွက်ပါတယ်။
// Cooling Effect - Mint (ပူရှိန်း) အနံ့လေးပါ ထည့်ထားတော့ ဖြန်းလိုက်တာနဲ့ စိတ်ကို အေးသွားစေပြီး လူကို လန်းဆန်း (Refresh) ဖြစ်သွားစေပါတယ်။
// Drydown - နောက်ဆုံးမှာ ကျန်ခဲ့မယ့်အနံ့က သစ်သားနံ့သင်းသင်း၊ Musk နံ့သန့်သန့်လေးမို့ အရမ်းကို Class ရှိပါတယ်။
⛳ ဘယ်သူတွေနဲ့ ကိုက်လဲ?
// သာမန် ဆပ်ပြာနံ့၊ ရေမွှေးနံ့တွေကို ငြီးငွေ့နေပြီး classy ဖြစ်တဲ့၊ လူကြီးလူကောင်း ဆန်ဆန် သန့်ပြန့်တဲ့ ပုံစံမျိုး လိုချင်သူတွေအတွက်ပါ။
// မင်္ဂလာဆောင် မနက်ခင်းပွဲတွေ၊ အရေးကြီးတဲ့ meeting တွေ၊ ဒါမှမဟုတ် ပုဂံဘုရားဖူးသွားရင်း အပူချိန် ၄၀ ဒီဂရီလောက်မှာတောင် cool ဖြစ်နေချင်တဲ့ သူတွေအတွက် အထူးသင့်တော်ပါတယ်။
// ပုံမှန် Fresh ဖြစ်တဲ့ရေမွှေးတွေက အနံ့မြန်မြန်ပျယ်တတ်ပေမယ့် ဒီကောင်ကတော့ Quality ကောင်းလို့ တော်တော်ကြာကြာလေး ခံပါတယ်။
✅ Xerjoff Renaissance ဟာ ရိုးရှင်းတယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ အင်မတန် သပ်ရပ်ခန့်ညားတဲ့ "အဖြူရောင် ရှပ်အင်္ကျီ" တစ်ထည်လိုပါပဲ။ ရိုးရှင်းပေမယ့် တန်ဖိုးကြီးမှန်း သိသာစေပါတယ်။ ချွေးထွက် လေလေ၊ အနံ့က ပိုမွှေးလေလေ ဖြစ်တတ်တဲ့ ရေမွှေးမျိုးပါ။
✅ ပေါ့ပေါ့ပါးပါးနဲ့ အထက်တန်းကျချင်တဲ့ Bro တွေအတွက် တစ်လုံးရှိထားသင့်တဲ့ quality scent ပါပဲ။ လက်ဆောင်ပေးဖို့ ဝယ်တာကို အနံ့ပြင်းတွေပေးမိပြီး အဆင်မပြေဖြစ်မှာ ကြောက်ရင်လဲ ဒါကိုသာ ရွေးလိုက်ပါ။ အမှားမရှိနိုင်တဲ့ Choice ပါ။
✅ Packaging ကိုကြည့်မယ်ဆိုရင်လည်း သားရေနဲ့လုပ်ထားတဲ့ Xerjoff branded luxury gift box ထဲမှာထည့်ထားတဲ့အတွက် လက်ဆောင်အနေနဲ့ဝယ်ပေးမယ်ဆိုရင် အရမ်းအမြင်လှပြီ smart ဖြစ်ပါတယ်။
Official website -
https://www.yangonbrandedperfume.com/product-page/xerjoff-renaissance
Made in Italy
Sealed original retail packaging
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
MMK 899,000Price
bottom of page
