top of page

YSL Black Opium Eau de Parfum for Women 90ml - K 559,000 (In stock)

 

YSL ရဲ့ အမျိုးသမီးရေမွှေးတွေထဲမှာ နံပါတ် (၁) အရောင်းရဆုံးနဲ့ အောင်မြင်မှုအရှိဆုံးဖြစ်တဲ့ Black Opium Eau de Parfum လေး In stock ပြန်ရပါပြီ။

​ဒီရေမွှေးလေးကတော့ ရိုးရိုးရှင်းရှင်း ပြောရရင် ယစ်မူးပြီး ညှို့ဓာတ်ပြင်းတဲ့ (Seductively Intoxicating) ရနံ့မျိုးပါ။ Adrenaline rush ဖြစ်စေတဲ့ Black Coffee ရနံ့ ပြင်းပြင်းလေးကို အခြေခံထားပြီး၊ Vanilla ရဲ့ ချိုမြိန်မှုနဲ့ White Flowers တွေရဲ့ နူးညံ့မှုတို့ ပေါင်းစပ်ထားတာမို့ တကယ်ကို unique ဖြစ်ပါတယ်။

​တခါရလိုက်တာနဲ့ မေ့ပျောက်ဖို့ခက်တဲ့ signature scent မျိုး ရှာနေတယ်ဆိုရင် ဒါလေးက အကောင်းဆုံးပါပဲ။

🌿 ​ဘယ်လိုအချိန်တွေမှာ သုံးသင့်လဲ?

ညနေခင်းပွဲတက်တာတွေ၊ night out ထွက်တာတွေနဲ့ အထူးသဖြင့် dating time တွေမှာ သုံးဖို့ အထူး recommend ပေးချင်ပါတယ်။ လူကြားထဲမှာ ကိုယ့်ကို ထင်းနေစေပြီး ယုံကြည်မှုအပြည့် ရှိစေမယ့် ရေမွှေးလေးပါ။

🌿 ​Why we like YSL Black Opium? (ဘာလို့ လူကြိုက်များတာလဲ)

// ​Sensual Scent - ဆွဲဆောင်မှုရှိပြီး စွဲလမ်းစေတဲ့ ရနံ့မျိုးမို့ လူတိုင်း ငေးမောသွားစေမှာပါ။

// ​Elegant Bottle - ပုလင်းလေးကလည်း အနက်ရောင်ပေါ်မှာမှ glitter လေးတွေနဲ့ တလက်လက်တောက်ပနေတာမို့ Glam Rock ဆန်ပြီး အရမ်းလှပါတယ်။

// ​Popular Choice - 2022 ခုနှစ်မှာ Fragrantica Readers Award Winner ဆုရရှိထားပြီးဖြစ်လို့ Quality ပိုင်းရော၊ လူကြိုက်များမှုအပိုင်းမှာပါ စိတ်ချရတဲ့ ရွေးချယ်မှုတစ်ခုပါ။ YSL USA website မှာလည်း Rating 5 နီးပါး ရထားတဲ့အထိ နာမည်ကြီးပါတယ်။ ⭐⭐⭐⭐⭐

Made in France

Sealed original retail packaging

 

✅ Voted 4.7 out of 5 stars with 5,700+ vote on YSL USA website

Official website -

https://www.yangonbrandedperfume.com/product-page/ysl-black-opium

Reviews -

 

https://www.youtube.com/watch?v=W7CBfFO36OI

https://www.youtube.com/watch?v=JLq-xfFpt68

https://youtu.be/QIlLwE0mx9c

YSL Black Opium EDP Perfume for Women 90ml

MMK 559,000Price
    • ရေမွှေးတွေကို အိမ်အရောက်ပို့စနစ် home delivery နဲ့ဖြစ်ဖြစ်၊ Viber မှာ order တင်ပြီး ရန်ကုန်အိမ်မှာကိုယ်တိုင်လာယူတာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ ဖုံး/Viber 0943065356 ကိုဆက်ပြီး မေးနိုင်ပါတယ်။ Viber channel ကို join ထားရင် နေ့တိုင်း ဈေးလျှော့ထားတဲ့ရေမွှေးတွေနဲ့ review တွေဖတ်နိုင်ပါတယ်။

    • Yangon Branded ဆိုင်နာမည် တစ်မျိုးတည်းဖြင့်သာ ၂၀၁၁ ခုနှစ်မှစ၍ စဉ်ဆက်မပျက် ရောင်းလာခြင်းဖြစ်သည်။ ပုံမှန်ဝယ်ယူအားပေးသူ ရာပေါင်းများစွာ ရှိပြီးသားမို့ Yangon Branded ဆိုင်သတင်းကို အသိ၊မိတ်ဆွေထံ မဝယ်ခင် မေးကြည့်ပြီးမှသာ ဝယ်ယူရန် တိုက်တွန်းလိုပါတယ်။

    • ကိုယ်တိုင်တင်သွင်းလာသော Branded ရေမွှေးအစစ်များသက်သက်ကို သင့်တော်သောဈေးဖြင့် ရောင်းပါသည်။ အဆင့်မမှီရေမွှေးများ၊ replica ဆိုသောရေမွှေးများ လုံးဝမရောင်းပါ။

    You are visitor number

    bottom of page