YSL Opium (Original 2009 version) for Women
# 10ml decant (glass sprayer) - K 49,000
# 10ml decant (aluminium sprayer) - K 52,000
# 37ml decant (glass sprayer) - K 149,000
နွေးထွေးတဲ့ amber note တွေနဲ့ citrus-floral note တွေကို ပျစ်ပျစ်နစ်နစ်မွှေးတဲ့ oriental spice ရနံ့တွေပေါင်းထားတဲ့ YSL Opium classic version ဖြစ်ပါတယ်။
အခုချိန်မှာ သူ့နောက်မှထွက်တဲ့ Black Opium (ပုလင်းအမဲရောင်) ကိုလူတိုင်းသိကြပေမယ့် Opium original (ပယင်းရောင်ပုလင်း) က Black Opium ရဲ့အရင် 2009 ကထွက်ထားတာဖြစ်တယ်။ ဒါကြောင့် 2009 version ကို ဟိုးအရင်တုန်းထဲက ရေမွှေးစသုံးတဲ့သူတွေဆိုရင်တော့ သိကြမှာပါ။
အဲဒီနှစ်မျိုးအပြင် ဟိုးဟိုးအရင်ကထွက်တဲ့ 1977 version ဆိုတာလေးလဲ ရှိခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲဒီတစ်ခုကတော့ အရမ်းအလှမ်းဝေးသွားပြီဖြစ်လို့ ဘယ်မှာမှဝယ်လို့မရတော့ပါဘူး။
Exotic ဖြစ်တဲ့ရနံ့မို့ citrus fresh/ fruity floral ရနံ့တွေလိုမျိုး အခုလက်ရှိ popular ဖြစ်တဲ့ရေမွှေးရနံ့တွေကိုပဲကြိုက်တဲ့သူတွေတော့ ကြိုက်လောက်မှာမဟုတ်ပါဘူး။
နောက်ပိုင်းပေါ်တဲ့ရေမွှေးအနံ့တွေကိုရိုးသွားပြီး ထူးထူးခြားခြား ဘယ်သူမှသိပ်မသုံးတဲ့ရနံ့မျိုးကိုသုံးချင်တဲ့သူတွေ distinct ဖြစ်တဲ့ bold ဖြစ်တဲ့ ရနံ့တွေကို own signiture အနေနဲ့ထားပြီးသုံးချင်သူတွေ Guerlain Shalimar/ Chanel Coco EDP ရနံ့တွေလိုမျိုးကိုကြိုက်တဲ့သူတွေကို recommend ပေးပါတယ်။
တစ်ခါသုံးရင် အလွန်ဆုံးနှစ်ချက်လောက်ပဲ သုံးရမှာဖြစ်လို့ 10ml decant ဆိုရင်တောင်အကြာကြီးခံမှာဖြစ်ပါတယ်။
လေအေးပေးစက်ရှိတဲ့အခန်းတွေနဲ့ အေးတဲ့ညနေပိုင်းညတိုင်းမှာ ပိုပြီးသုံးသင့်တဲ့ luxury ရနံ့မျိုးဖြစ်ပါတယ်။ နေပူထဲမှာ ချွေးတွေနဲ့ ပြေးလွှားလှုပ်ရှားနေမယ်ဆိုရင်တော့ ဒါမျိုး ရနံ့နဲ့လိုက်ဖက်မှာမဟုတ်ပါဘူး။ နေ့လယ်ဘက်မှာဆိုရင် stylish ဖြစ်တဲ့ formal dress / office dress တွေနဲ့ ညဘက်မှာဆိုရင် proper night wear တွေမျိုးနဲ့တွဲပြီး သုံးရင် သူ့ရဲ့ရနံ့ခံစားမှုကို ပိုပြီး enhance လုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်။
Official website -
https://www.yangonbrandedperfume.com/product-page/ysl-opium-10ml-decant
10ml / 37ml Decant တွေပဲ ရပါမယ်။
// Decant ဆိုတာက ကျွန်တော်တို့ဆီမှာရောင်းတဲ့ 100ml, 200ml စတဲ့ ပုလင်းအကြီး (Full-size Original Bottle) တွေထဲကနေ ပမာဏနည်းနည်းကို ပုလင်းအသေးလေးတွေ (ဥပမာ 10ml, 37ml) ထဲ ပြန်ခွဲထည့်ထားတာကို ခေါ်တာပါ။
💡 Decant တွေကို ဘာလို့သုံးသင့်လဲ?
✔️ ပုလင်းအကြီး မဝယ်ခင် အနံ့ကိုအရင် စမ်းသုံးကြည့်လို့ရတယ်။
✔️ အိတ်ထဲ၊ အိတ်ကပ်ထဲထည့်ပြီး သယ်သွားရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်။
✔️ ဈေးကြီးတဲ့ရေမွှေးတွေကို ဈေးသက်သက်သာသာနဲ့ စမ်းသုံးခွင့်ရတယ်။
❗သိထားသင့်တဲ့ အချက်လေးတွေ
👉 Original ဘူးခွံ၊ ပုလင်းလှလှလေးတွေ မပါတဲ့အတွက် လက်ဆောင်ပေးဖို့တော့ အဆင်မပြေပါဘူး။
👉 ကိုယ်တိုင်စမ်းသုံးဖို့ (testing) ဒါမှမဟုတ် အလွယ်တကူ ပေါ့ပေါ့ပါးပါးသုံးဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။
တစ်ခြား ရွေးချယ်စရာ ဒီလို ပန်းရနံ့ထက်စာရင် နည်းနည်းပိုပြီး အသီးရနံ့ဘက် (Fruity) သွားတာမျိုး ကြိုက်တယ်ဆိုရင်တော့ Calvin Klein ရဲ့ Euphoria EDP original version ကိုလည်း စမ်းကြည့်လို့ ရပါတယ်နော်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K37,000.00Price
bottom of page
