top of page

YSL Tuxedo Eau de Parfum 125ml Unisex - K 1,300,000 (In stock)

YSL ရဲ့ Exclusive Line လို့ခေါ်တဲ့ ပိုမြင့်တဲ့ သီးသန့် collection ထဲမှာ နာမည်အကြီးဆုံး လူကြိုက်အများဆုံး niche ရေမွှေးပုံစံဖက်သွားတဲ့ spicy aromatic ရနံ့ unisex ပြင်သစ်ရေမွှေးဖြစ်ပါတယ်။

စစဖြန်းခြင်းမှာ တော်တော်လေး သိသာတဲ့ မြေသင်းရနံ့နဲ့ နဲနဲပူရှတဲ့ spice ရနံ့ဖြစ်တဲ့ patchouli ရွက်ရဲ့ရနံ့ကိုရပါတယ်။ Basenote တွေမှာပဲသုံးတာများတဲ့ Patchouli ကပုံမှန်ရေမွှေးတွေမှာ လေးလေးပင်ပင်ဖြစ်တာများပေမယ့် ဒီရေမွှေးမှာတော့ နည်းနည်းလေးချိုပြီး ပေါ့ပေါ့ပါးပါးဖြစ်တဲ့ airy and slightly earthy sweet ရနံ့မျိုးရမှာဖြစ်ပါတယ်။ ခဏအကြာမှာတော့ Patchouli ရနံ့နဲ့အတူ သုံးထားတဲ့သူကို အရမ်းခေတ်ဆန်တဲ့ အထက်တန်းကျတဲ့ ဖီလင်မျိုးကိုပေးနိုင်တဲ့ soft smoke ရနံ့မျိုး ရနံ့သင်းသင်းလေးတခု ပေါ်လာမှာပါ။

အဲဒီနောက်ပိုင်းမှာတော့ Ambergris ရဲ့ သိသာတဲ့ sweet, balsamic ambery note ကို စပြီးခံစားရမှာဖြစ်ပါတယ်။ YSL ကဒီရေမွှေးမှာ Ambergris သုံးမျိုးထဲမှာ အရည်အသွေးအကောင်းဆုံးဖြစ်တဲ့ white ambergris အမျိုးအစားကိုသုံးထားတဲ့အတွက် top နဲ့ middle note တွေမှာပါတဲ့တခြား aromatic ရနံ့တွေကိုပါ ဒီ amber note ကပိုပြီးတော့ ကျစ်ကျစ်လျစ်လျစ်နဲ့ အင်အားကောင်းလာအောင် ရနံ့ပြန့်တဲ့ပုံစံပြောင်းလဲပေးလိုက်တာကို တွေ့ရပါတယ်။

Mid note မှာသုံးထားတဲ့ နှင်းဆီနဲ့လီလီပန်းရနံ့ တွေက ယောက်ျားပီသတဲ့ ရေမွှေးတွေမှာသုံးတဲ့ပန်းရနံ့နဲ့တွေလိုပဲ စူးတဲ့ မိန်းမဆန်တဲ့ ပန်းရနံ့တွေမဟုတ်ဘဲ သာသာယာယာသိမ့်သိမ်မွေ့မွေ့ နဲ့ တခြားပိုပြီးလေးတဲ့ heavy hitter ရနံ့တွေကို ဟန်ချက်ညီအောင် flat မဖြစ်သွားအောင်ထိမ်းထားတဲ့ ပန်းရနံ့ပါးပါးလေးတွေပဲဖြစ်ပါတယ်။ 

Drydown မှာ amber နဲ့ patchouli ရနံ့တွေဆက်ပြီးရမှာဖြစ်တဲ့အပြင် bourbon vanilla ရဲ့ ဆိမ့်ချိုမွှေးရနံ့ကိုလည်း ရမှာဖြစ်ပါတယ်။ ဒီအဆင့်ကိုရောက်သွားတဲ့အခါမှာ opening တုံးကလို airy ဖြစ်တဲ့ခံစားမှုနည်းနည်းလျော့သွားတာတွေ့ရမှာပါ။ ဒါပေမဲ့ drydown အဆင့်မှာတောင် အရမ်းကြီး သစ်သားနံ့သက်သက် heavy note တွေရဲ့ရနံ့သက်သက်ရတာမျိုးမရှိဘဲ အဆုံးထိ ချောချောမွေ့မွေ့ခံစားလို့ရတဲ့ mass appealing niche quality ရေမွှေးဖြစ်ပါတယ်။

ချွေးတွေအများကြီးထွက်တဲ့ အားကစားမျိုးလုပ်တဲ့အချိန်နဲ့ နေအရမ်းပူတဲ့အချိန်တွေကလွဲပြီး ကျန်တဲ့အချိန်တွေမှာ နေရာမရွေးသုံးနိုင်ပါတယ်။ အရမ်းပြင်းတဲ့ရေမွှေးမဟုတ်တဲ့အတွက် ဖြန်းတဲ့အချက်အရေအတွက်ကို ရုံးသွားဖို့ ဆွတ်မယ်ဆိုရင်နည်းနည်းလျှော့သုံးပြီး night out ထွက်မယ်ဆိုရင် နည်းနည်းပိုသုံးတာမျိုး လိုသလိုညှိပြီးသုံးနိုင်ပါတယ်။ ချွေးမထွက်တဲ့နေရာတွေမှာရှိနေမယ်ဆိုရင် အသားပေါ်ကိုတိုက်ရိုက်ဆွတ်တာပိုကောင်းပြီး ချွေးထွက်နိုင်တဲ့နေရာတွေမှာ ရှိနေရင်တော့အဝတ်ပေါ်ကို ဆွတ်တာပိုကောင်းပါတယ်။

Official website -

https://www.yangonbrandedperfume.com/product-page/ysl-tuxedo

Made in France

Sealed original retail packaging

YSL Tuxedo Eau de Parfum Unisex 125ml

K1,300,000.00Price
    bottom of page