top of page

အမျိုးသားသုံး နာမည်ကြီး cult classic ဖြစ်တဲ့ Yves Saint Laurent Kouros (100ml) ရေမွှေးကို ကျပ် 342,900 ဖြင့်ချက်ခြင်းဝယ်ယူနိုင်ပါပြီ။ Made in France ဖြစ်လို့ အနံ့စွဲပြီး sillage အထူးကောင်းမွန်တာကြောင့် အနားမှလူတွေ့ကပါ ရေမွှေးဆွတ်ထားတယ်ဆိုတာ ချက်ချင်းသတိပြုမိမှာဖြစ်ပါတယ်။

 

အိမ်အပြင်မှာ အားကစားလုပ်နေချိန်၊ လေအရမ်းတိုက်တဲ့နေရာတွေကို သွားနေချိန်တွေမှာပါ အနံ့မပြယ်တဲ့အတွက် outdoor type၊ sporting type အမျိုးသားများအတွက် အထူးသင့်လျှော်ပါတယ်။

 

Yves Saint Laurent Kouros ကိုဖန်တီးသူ ပြင်သစ်ရေမွှေးပညာရှင် Pierre Bourdon ဟာ မြန်မာများအလွန်ကြိုက်နှစ်သက်သည့် Cool Water ၊ Escada Magnetism၊ Christian Dior Dolce Vita စသည့် ရေမွှေးများကို ဖန်တီးသူလည်းဖြစ်ပါတယ်။

 

Yves Saint Laurent Kouros ကအချိန်နဲ့အမျှပြောင်းလဲသွားတယ့် complex notes တွေနဲ့ ဖွဲ့စည်းဖန်တီးထားတာမို့ ရေမွှေးအများအပြားကို သုံးစွဲခဲ့ပြီးသူ၊ ရေမွှေးအနံ့အများကြီးနဲ့ အကျွမ်းတဝင်ရှိသူတွေက ပိုပြီးခံစားနိုင်မှာဖြစ်ပါတယ်။ Beginner တွေကိုတော့ recommend မလုပ်ပါဘူး။

https://www.yangonbrandedperfume.com/product-page/yves-saint-laurent-kouros-edt-perfume-for-men100ml

 

Made in France

Imported from USA (FragranceX/New York)

- သယ်လာတဲ့အချိန်မှာ အပေါ်ကပလပ်စတစ် cover ကွာသွားလို့ cellophane wrapper တော့မပါပါဘူးနော်

YSL Kouros EDT Perfume for Men 100ml

K342,900.00Price
    bottom of page