Zara Vibrant Leather Eau de Parfum for Men 100ml - K 199,000 (In stock)
Zara ရဲ့ Vibrant Leather Eau de Parfum ကို ဈေးကြီးတဲ့ woody-citrus ရနံ့တွေရဲ့ အစားထိုးအနေနဲ့ ရနံ့ချစ်သူတွေကြားမှာ မကြာခဏဆွေးနွေးကြပါတယ်။ သူ့ကို Creed Aventus လို ဈေးကြီးရနံ့တွေနဲ့ နှိုင်းယှဉ်မှုတွေရှိပေမယ့်၊ ဒီရနံ့က သပ်ရပ်ပြီး ဈေးနှုန်းချိုသာတဲ့အတွက် အထူးသဖြင့် ပူပြင်းတဲ့ရာသီဥတုမှာ လန်းဆန်းနေမယ့် ရနံ့ကိုလိုချင်သူတွေအတွက် ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုပါ။
🌿 ရနံ့ဖွဲ့စည်းပုံ
Vibrant Leather ရဲ့ ဖွဲ့စည်းပုံက ရိုးရှင်းပေမယ့် ထိရောက်ပြီး နေ့စဉ်သုံးဖို့ အဆင်ပြေပါတယ်။
// Top Notes - Bergamot
// Heart Notes - Bamboo
// Base Notes - Leather
🌿 ပထမဆုံးဖျန်းလိုက်တဲ့အခါ bergamot ရဲ့ လန်းဆန်းတဲ့ citrus အနံ့က ထင်ရှားပါတယ်။ ပူပြင်းစိုထိုင်းတဲ့ ရာသီဥတုမှာ လန်းဆန်းမှုကိုချက်ချင်းပေးနိုင်တဲ့အတွက် နေ့ခင်းဘက်သုံးဖို့ အကောင်းဆုံးပါပဲ။
🌿 ခဏကြာတဲ့အခါ bamboo ရနံ့က ပေါ်လာပြီး ရနံ့ကို ပိုမိုလတ်ဆတ်စေပါတယ်။ ဒီအဆင့်မှာ floral ဒါမှမဟုတ် herbal အနံ့တွေများများမထည့်ထားဘဲ bamboo note နဲ့ပဲ modern ကျကျဖန်တီးထားတာကို သတိထားမိပါလိမ့်မယ်။
🌿 နောက်ဆုံးမှာတော့ soft leather အနံ့ကို သိသိသာသာခံစားရမှာပါ။ ဒါပေမယ့် ပုံမှန် leather ရနံ့တွေလို မလေးမသက်ဖြစ်စေဘဲ suede လို နူးညံ့ပြီး ယဉ်ကျေးတဲ့အနံ့ဖြစ်ပါတယ်။ ပူအိုက်တဲ့ရာသီမှာပါ သက်တောင့်သက်သာရှိစေမယ့် ရနံ့ချိန်ညှိမှုတစ်ခုပါ။
Fragrantica မှာ review တွေအရဆိုရင် Vibrant Leather က နောက်ထပ် လူသိများတဲ့ Aventus နဲ့တူတဲ့ Armaf Club de Nuit ထက်အများကြီးပို smooth and classy ဖြစ်ပြီး စူးတဲ့ note တွေမပါလို့ ပိုအဆင်ပြေပြေသုံးလို့ကောင်းတယ်လို့ ရေးထားပါတယ်။ ဒါကြောင့် Vibrant Leather ရဲ့ Fragrantica rating အလွန်မြင့်ပါတယ်။ 4.2 out of 5 stars (3,200+ votes) ပါ။
✅ ဘယ်သူတွေသုံးသင့်လဲ?
ဒီရနံ့က လန်းဆန်းပြီး ရိုးရှင်းတဲ့အနံ့မျိုးကိုကြိုက်တဲ့ အမျိုးသားတွေအတွက် recommend လုပ်ပါတယ်။
✔ အလုပ်ခွင်မှာ သိမ်မွေ့တဲ့အနံ့လေးသုံးချင်တဲ့ သူတွေ
✔ ဈေးနှုန်းသက်သာပြီး သပ်ရပ်တဲ့ရနံ့လိုချင်တဲ့ကျောင်းသားတွေ
✔ နွေရာသီမှာ shopping/ brunch date မှာပေါ့ပေါ့ပါးပါးရေမွှေးတစ်ခုကို စိတ်ကြိုက်အလွယ်တကူဖျန်းသုံးချင်သူတွေ
✅ Zara Vibrant Leather က ပူအိုက်တဲ့ရာသီအတွက် လတ်ဆတ်ပြီး သပ်ရပ်တဲ့ dumb reach လို့ခေါ်တဲ့ သိပ်စဉ်းစားစရာမလိုဘဲ အချိန်မရွေး များများဖြန်းသုံးနိုင်တဲ့ ရနံ့ကောင်းတစ်ခုဖြစ်ပါတယ်။ ဈေးကြီးတဲ့ niche brand ရနံ့တွေလောက် အနံ့ complexity မရှိပေမယ့်ဈေးနှုန်းနဲ့ထိုက်တန်တဲ့ တော်တော်လေးကောင်းတဲ့ quality ရှိပါတယ်။
@ Ready in stock in Yangon
@ Reformulate မလုပ်ခင်က August 2022 batch ဖြစ်လို့ လက်ရှိ reformulated version တွေထက် အနံ့ quality ပိုကောင်းပါတယ်။
Official website -
https://www.yangonbrandedperfume.com/product-page/zara-vibrant-leather
Ready in stock ရှိတဲ့ Zara ရေမွှေးတွေရဲ့ ဈေး၊ ပုံ နဲ့ review တွေကို https://www.yangonbrandedperfume.com/zara မှာကြည့်နိုင်ပါတယ်။
top of page
Mobile/Viber - 0943065356
Mobile - 09250511966
Email - yangonbranded@gmail.com
Discount alerts - Yangon Branded Perfume Shop
YANGON BRANDED
In business since 2011
ငွေဈေးတွေ အများကြီးတက်သွားတဲ့အတွက် အခုဝက်ဗဆိုဒ်ဈေးတွေ update မဖြစ်ပါဘူး။ Viber 0943065356 မှာ လက်ရှိဈေးနဲ့ stock update မေးနိုင်ပါတယ်။
K199,000.00Price
bottom of page
