top of page

Zara Vibrant Leather Eau de Parfum Double Pack (60ml + 60ml) - K 189,900 (In stock)

 

ဒီ double pack မှာ Zara Vibrant Leather Eau de Parfum for Men 60ml နဲ့ Zara Vibrant Leather Oud Eau de Parfum for Men 60ml နှစ်လုံးပါပါတယ်။

 

Zara Vibrant Leather EDP - Creed Aventus နဲ့ဆင်တူတဲ့ လန်းဆန်းတဲ့ fresh ရနံ့ရေမွှးဖြစ်ပါတယ်။ Leather ဆိုပြီးနာမည်မှာပါပေမည့် leather ရနံ့မဆိုစလောက်သာပါလို့ leather ရနံ့မကြိုက်တဲ့သူတွေပါ သုံးလို့ရပါတယ်။

Aventus ထက် ဈေးက (၁၀) ဆမက သက်သာပါတယ်။ ဒီအတွက် performance ကတော့ normal fresh scent တစ်ခုရဲ့ longevity လောက်ပဲရှိပါတယ်။ Fragrantica မှာ review တွေအရဆိုရင် Vibrant Leather က Club de Nuit ထက်အများကြီးပို smooth and classy ဖြစ်ပြီး စူးဝါးတဲ့ note တွေမပါလို့ ပိုအဆင်ပြေပြေသုံးလို့ကောင်းတယ်လို့ ရေးထားပါတယ်။ ပါတဲ့ note တွေကတော့ bergamot, bamboo နဲ့ leather တို့ဖြစ်ပါတယ်။

 

Fragrantica rating အလွန်မြင့်ပါတယ်။ 4.37 out of 5 stars ပါ။

 

Zara Vibrant Leather Oud EDP - အပေါ်က Vibrant Leather ရနံ့နဲ့တော်တော်ဆင်ပြီး သူကတော့နဲနဲပိုပြီး woody ဖြစ်၊ intense ဖြစ်ပါတယ်။ Leather Oud လို့ နာမည်ပေးထားပေမည့် leather ရော oud အနံ့ကမပါသလောက်မို့ leather နံ့ oud နံ. မကြိုက်သူတွေပါ သုံးလို.ရပါတယ်။ ပါတဲ့ note တွေကတော့ bergamot, wood, incense, amber နဲ့ agarwood တို့ဖြစ်ပါတယ်။

 

Vibrant Leather ရိုးရိုးကို နေ့ခင်းဖက်သုံးပြီး Oud version ကိုညဖက်၊ ညနေဖက်သုံးလို့ရပါတယ်။

 

သူ့ရဲ့ Fragrantica rating လဲမြင့်ပါတယ်။ 4 out of 5 stars ပါ။

 

နှစ်ပုလင်းလုံးက ဖန်သားကောင်းကောင်းနဲ့လုပ်ထားတဲ့ လေးထောင့်ပုလင်းလေးတွေမို့ အိပ်ထဲမှာ ဆောင်ထားဖို့ ခရီးသွားရင်ယူသွားဖို့ အဆင်ပြေတဲ့ ဆိုဒ်တွေပါ။

 

အခုလို double pack တွေက တစ်လုံးခြင်းဝယ်တာထက်စာရင် ဈေးသက်သာပြီး အများကြီးပိုတွက်ချေကိုက်ပါတယ်။

 

One pack ကိုဝယ်တာနဲ့အမျိုးအစားမတူတဲ့ ရေမွှေး ၂ မျိုးကိုအလဲအလှယ်သုံးနိင်လို့ ရေမွှေးအမျိုးအစားအများကြီးမရှိသေးတဲ့ casual user တွေအတွက် ပိုအဆင်ပြေပါတယ်။

 

လက်ဆောင်ပေးမယ်ဆိုရင်လဲ သေသပ်လှပတဲ့ packaging နဲ့ပုလင်းဒီဇိုင်း၊ mass appealing လူကြိုက်များပြီးသားဆိုတာ သေချာတဲ့ရနံ့၊ လူသိပြီးသား European brand မို့ အခုလိုစျေးတွေတက်နေတဲ့အချိန်မှာတောင် ပေးရတဲ့ဈေးနဲ့တန်တယ်လို့ဆိုရပါမယ်။

 

Country of origin - Spain

Imported directly from Zara Official Store in Bangkok

Manufacturing date - 2022 / Expiry date - 2027

 

https://www.yangonbrandedperfume.com/product-page/zara-vibrant-leather-eau-de-parfum-double-pack

 

Ready in stock ရှိတဲ့ Zara ရေမွှေးတွေရဲ့ ဈေး၊ ပုံ နဲ့ review တွေကို www.yangonbrandedperfume.com/zara ကို မှာကြည့်နိုင်ပါတယ်။

Zara Vibrant Leather Eau de Parfum Double Pack

K189,900.00Price
    bottom of page